ရန်ကုန်မြို့တော် ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲ ဆုပေးပွဲကျင်းပ

0
298

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးမှူးကျင်းပတဲ့ ၂၀၁၄ ခုနှစ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဆုပေးပွဲနဲ့ပြပွဲကို ရန်ကုန်မြို့တော်ခန်းမမှာ သြဂုတ်လ(၂၆)ရက်နေ့က ကျင်းပသွားပါတယ်။

အဲ့ဒီပြိုင်ပွဲမှာ ဆုရရှိသွားကြသူတွေကိုရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နဲ့ ပန်းချီ၊ ကာတွန်း၊ ပိုစတာပညာရှင်တွေက ဆုတွေချီးမြှင့်သွားကြပါတယ်။

“ဒီမှာပေးပို့တဲ့ ပြိုင်ပွဲရှိတယ်။ လက်တွေ့ပြိုင်ပွဲရှိတယ်။ ပေးပို့တဲ့ ပြိုင်ပွဲကျတော့ သူတို့ကျောင်းကဆရာ၊ ဆရာမတွေကိုယ်တိုင် သင်ကြားပေးထားတယ်။ လေ့ကျင့်ပေးထားတယ်။ အဲ့ဒီအပေါ်မှာပဲ ကျွန်တော်တို့က အကဲဖြတ်ရတယ်။ လက်တွေ့ပြိုင်ပွဲကျတော့ ကိုယ့်မျက်စိရှေ့မှောက်မှာ ကလေးတွေ လက်တွေ့ပြိုင်တာကို ကြည့်ပြီးအကဲဖြတ်ရတယ်။ လက်တွေ့ပြိုင်ပွဲမှာကြည့်ရင် ကလေးတွေက အရမ်းထူးချွန်တာကိုတွေ့ရတယ်”လို့ ကာတွန်းအကဲဖြတ်ဒိုင် ဦးငွေကြည်ကပြောပါတယ်။

ပြိုင်ပွဲကို ရန်ကုန်မြို့တော်အတွင်း နေထိုင်ကြတဲ့ မြို့တော်သူ မြို့တော်သားတွေနဲ့ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်တွေ မိမိတို့တတ်သိတဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ အနုပညာမြောက်စွာ မြို့တော်အလှ ကိုဖန်တီးရည်ရွယ် ကျင်းပတာလည်း ဖြစ်ပါတယ်။

“မြို့တော်သန့်ရှင်း သာယာလှပရေး သစ်ပင်ပန်းမန် စိုက်ပျိုးစို့ဆိုတဲ့ ပန်းချီပြိုင်ပွဲခေါင်းစဉ်နဲ့ မြို့တော်ဝင်း အထူးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပန်းချီပြိုင်ပွဲကို ပြိုင်တာလေ့ကျင့်တာကလည်း အချိန်ကတစ်ရက်ပဲရ ပါတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်”လို့ ဆုရကျောင်းသူ မနော်ဝင်းဝတ်ရည်သိန်းကပြော ပါတယ်။

ဆုရပန်းချီကားတွေ၊ ကာတွန်း၊ ပိုစတာတွေကို သြဂုတ်လ(၂၈)ရက်နေ့အထိ ပြသသွားခဲ့ပြီး စိတ်ပါဝင်စား သူတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ လာရောက်လေ့လာကြည့်ရှုကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)