Telenor Myanmar တေးသွားငွေကြယ်ပွင့် ဆုပေးအပ်ပွဲကျင်းပခဲ့

0
353

မြန်မာနိုင်ငံမှာလာရောက် ရင်းနှီးမြုပ်နှံတဲ့ Telenor Myanmar ကုမ္မဏီရဲ့ တေးသွားငွေကြယ်ပွင့်ကို ရွေးချယ်ပြီး အကောင်းဆုံး တေးသွားပိုင်ရှင် ဆုပေးအပ်တဲ့ပွဲကို သြဂုတ်လ ၂၂ ရက်နေ့က Park Royal Hotel မှာကျင်းပခဲ့ပါတယ်။

အဲ့ဒီပွဲမှာ အကောင်းဆုံးတေးသွားပိုင်ရှင် သုံးဦးထဲကို တစ်နိုင်ငံလုံးကတေးသွားပေါင်း ၈၅၀၀ ကျော်ထဲ ကနေအဆင့်ဆင့် ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

“တိမ်မြုပ်နေတဲ့ ပညာရှင်တွေလို့ ဆိုကြပါစို့။ ပါရမီရှင်တွေကို ကျွန်တော်တို့ ဒီနိုင်ငံတကာ အမှတ် တံဆိပ်တွေဝင်လာတာ သူတို့အတွက် လမ်းကြောင်းတွေရှိလာတာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့လူငယ်ထု တွေအတွက် အရမ်းကို အခွင့်ရေးရှိပါတယ်။ နေရာဒေသမှာရှိတဲ့လူငယ်တွေ နောက်နောင်မှာ ဒီလိုအခွင့်အရေး မျိုးရှိလာလျှင် လက်လွတ်မခံဘဲ ပါဝင်ကြဖို့အတွက် ကျွန်တော်ဒီကနေပြီးတော့ တိုက်တွန်းချင်ပါတယ်”လို့ Telenor Myanmar ကုမ္မဏီမှ ကိုနေမျိုးထွန်းက ပြောပါတယ်။

ကိုလင်းမြတ်အောင်က ပထမဆု ဖြစ်တဲ့ ကျပ်သိန်းတစ်ရာကိုရရှိသွားပြီး ၊ဒုတိယဆုနဲ့ တတိယဆုတွေ ကိုတော့ ကျပ် ၁၀သိန်းစီ ချီးမြင့်ခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့ တေးသွားတွေကိုတော့ Call Center ၊ Raintones ၊ ရေဒီယိုတွေနဲ့ တီဗွီတွေအပါအ၀င် တယ်လီနောမြန်မာကို ကိုယ်စားပြုအဖြစ် နေရာတွေတိုင်းမှာ သုံးစွဲသွားမှာ ဖြစ်ပါတယ်။

“ဒီပွဲမျိုးကတော့ တစ်ကယ်တော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဂီတကိုလူတွေက အသုံးချတယ်။ များသောအားဖြင့် ဂီတကိုလူတွေက ဖျော်ဖြေရေးအနေနဲ့ အသုံးချတယ်။ ဒါပေ့မယ် ဒီကုမ္မဏီကတော့ အဲ့ဒီလို မဟုတ်ပဲ ၀ါသနာရှင်တွေကို လိုက်ရှာတယ်။ ပြည်သူတွေအတွက် သုံးမယ်အသံဟာ ပြည်သူတွေဆီကလာတဲ့ အသံမျိုးပေါ့နော်”လို့ အကဲဖြတ်ဒိုင်အဖွဲ့ဝင် တေးသံရှင် အကယ်ဒမီဓိရာမိုက ပြောပါတယ်။

ဇွန်လ ၂၆ ရက်နေ့ကစပြီ်းတော့ မြန်မာနိုင်ငံအနှံအပြားမှာရှိတဲ့ တေးသွားတွေကိုပေးပို့ဖို့ အတွက်ကမ်း လှမ်းခဲ့တဲ့နောက်မှာတော့ တေးသွားသံစဉ်ပေါင်း ၈၅၀၀ ကနေ သံစဉ် ၅၀၀ ဆန်ကာတင်ရွေးချယ်ခဲ့ပြီး အဲ့ဒီထဲ ကမှ ယခုရွေးချယ်ခံရတဲ့ ကိုလင်းမြတ်အောင် အပါအ၀င် သုံးဦးကို ထပ်မံရွေးချယ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)