Miss World Beauty 2014 အတွက် အလှမယ်ကို စက်တင်ဘာလတွင် ရွေးချယ်မည်

0
311

ဗြိတိန်နိုင်ငံမှာကျင်းပမည့် Miss World Beauty 2014 မှာပါဝင်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အတွက် စကာတင် အယောက် ၂၀ ရွေးချယ်ပွဲကို သြဂုတ်လ (၂၅) ရက်နေ့က ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

“ဒီအယောက်(၂၀)ကို အကိုတို့ မနက်ဖြန်ကစပြီးတော့ သူတို့အတွက်ကို အများကြီးလုပ်ထားပါတယ်။ တစ်လပေါ့နော် အကိုတို့ လေ့ကျင့်ပေးမယ်။ တစ်လအတွင်းကို အကိုတို့ ပရဟိတလုပ်ငန်းတွေပါမယ်။ နောက်အလှအပနဲ့ ကျန်းမာရေးပေါ့နော် ဆံပင်ကအစသူတို့ ပြုပြင်ဖို့ လိုအပ်တာတွေကိုလုပ်ဖို့ အတွက် ကို စီစဉ်ပေးထာတယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံခြားခရီးတွေ ထိုင်းနိုင်ငံ၊ ဘန်ကောက် ၊ ဖူးခက်နဲ့ စင်ကာပူကိုသွားပြီးတော့   သူတို့ရဲ့ အလှအပနဲ့ပတ်သက်တဲ့ လေ့လာရေးခရီးမျိုး လည်းလုပ်ထားပါ တယ်”လို့ ပွဲစီစဉ်သူ ကိုစိုးသူရ ကပြောပါတယ်။

အဲ့ဒီပွဲမှာ ပထမအဆင့်ရွေးချယ်ထားတဲ့ အလှမယ်အယောက် (၄၀) ထဲကနေ နောက်ဆုံး အယောက် (၂၀)ကိုရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုရွေးချယ်ခဲ့တဲ့ အလှမယ်တွေထဲက မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် အလှမယ်ကိုတော့ စက်တင်ဘာလ(၂၇) ရက်နေ့မှာ နောက်ဆုံးအနေနဲ့ ထပ်မံ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

“ဒီကနေ့ပြီးတော့ လေ့ကျင့်ပေးတာတွေကိုလည်း ကြိုးကြိုးစားစားနဲ့ လုပ်သွားမယ်။ သွားရောက် လေ့ကျင့်မယ့် နိုင်ငံကိုလည်း အစစအရာရာ ကြိုတင်ပြင်ဆင်ပါမယ်။ Miss Myanmar world အဖွဲ့ကနေပြီးတော့ လုပ်သွားမယ့် ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ပါမယ်။ ကိုယ်ကိုယုံကြည်မှုရှိ အောင်ကြိုးစားပါ့မယ်။ ကိုယ်ကိုလည်း အရည်အသွေးတွေ အများကြီးရှိအောင် ကြိုးစားသွားပါ့မယ်”လို့ အလှမယ် ကေသရီ ကပြောပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု Miss Myanmar World 2014 အလှမယ်အဖြစ် ရွေးချယ်ခြင်းခံရသူဟာ UK နိုင်ငံတွင် ကျင်းပမည့် Miss World Beauty 2014 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပြီး ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိတဲ့ သရဖူကိုပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဆုကြေးအနေနဲ့ ငွေသားကျပ်သိန်း၁၀၀ ကိုလည်းပေးအပ်သွားမှာဖြစ်ပြီး တစ်နှစ်စာပါတနာရဲ့ Brand Ambassador အဖြစ်ခံ့အပ်ခြင်းခံရမှာဖြစ်ပြီး ဒေါ်လာနှစ်သောင်းတန်ဖိုးရှိတဲ့ Air Asia လေယာဉ်လက် မှတ်များကိုရရှိမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)