ဆံပင်ကျွမ်းကျင်ပညာရှင်များ ပေါ်ပေါက်လာစေရန် HPA မှ မန္တလေးမြို့ခံဆံပင်ပညာရှင်များနှင့် တွေ့ဆုံ

0
324

ဆံပင်ကျွမ်းကျင် ပညာရှင်များအသင်း(Hair Professional Association) HPA နှင့် မန္တလေးမြို့ခံ ဆံပင်ပညာ ရှင်၊ လုပ်ငန်းရှင်များနဲ့အတူ ၀ါသနာရှင်လူငယ်များသည် မြန်မာနိုင်ငံမှာဆံပင်ကျွမ်းကျင် ပညာရှင်မျိုးဆက် သစ်များပ်ါထွန်းလာစေရန် သြဂုတ်လ ၁၉ ရက်နေ့က မန္တလေးမြို့မှာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

“ကျွန်မတို့ ပြောခွင့်ရတဲ့အတွက် ကျွန်မတို့စေတနာကိုသူတို့သိလာမယ်။ ၀င်ဖို့မလိုဘူး၊ တကယ်စိတ်ဝင်စားမှ ၀င်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ဆယ်ယောက်တည်းသင်ပြရမှာမဟုတ်ဘူး။ ဒီကိုဝင်တဲ့ အသင်းသားတွေကလည်း သူတို့သိတာတွေကို ပြန်ဝေမျှရမယ်။ သူတို့ကိုစင်ပေါ်တင်ရမှာ၊ ကျွန်မတို့က အသက်ကြီးပြီ ရပ်လိုက်ရင် ဒီနောက်ကလူတွေ ထပ်တက်လာအောင် လုပ်တတ်အောင်လို့ ခုတည်းကTraining ပေးထားရမယ်။ အဲဒါကြောင့် ဒီအဖွဲ့အစည်းလုပ်တယ်”လို့ ဆံပင်ကျွမ်းကျင်ပညာရှင်များအသင်းမှ ဥက္ကဌ မကျင်ပို့ ကပြောပါတယ်။

ဆံပင်ကျွမ်းကျင်ပညာရှင်များအသင်း HPA ကနေ မြန်မာနိုင်ငံရှိ Hair Stylists တွေအတွက် နောက်ဆုံးပေါ် ပညာရပ်တွေ၊ နည်းပညာတွေနဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေပေးနိုင်ဖို့၊ နိုင်ငံတကာပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံက ဆံပင်ပညာရှင်များ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိစေဖို့စတဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် သွားဖို့ရှိပါတယ်။

“နိုင်ငံခြားမှာဆိုရင် ဒီဆံပင်အလှပြင်ပြိုင်ပွဲတွေ ပြိုင်ပွဲကြီးတွေဆိုတာ ကိုယ်တစ်ယောက်တည်းနဲ့ သွားပြိုင်လို့ မရပါဘူး။ နိုင်ငံတစ်ခုရဲ့ ကိုယ်စားလှယ်၊ ကိုယ်စားအနေနဲ့ဘဲပြိုင်လို့ရပါတယ်။ ဒီလိုပြိုင်ပွဲအတွက် လိုအပ်ချက် ကဆိုရင် ကျွန်တော်တို့နိုင်ငံတိုင်းမှာဆိုရင် ဆံပင်ပညာရှင်အသင်းအဖွဲ့ဆိုတာရှိမှ နိုင်ငံရဲ့ကိုယ်စားအနေနဲ့ သွား ရောက်ပြိုင်နိုင်ပါတယ်”လို့ အသင်းမှ ဒုတိယ ဥက္ကဌ ဦးဝင်းသာ ကပြောပါတယ်။

ဆံပင်ကျွမ်းကျင် ပညာရှင်များအသင်း(Hair Professional Association) HPA ကို စိတ်ပါဝင်စားသူတွေအနေနဲ့ ကျွမ်းကျင်ပြီး ကိုယ်တိုင်ဆိုင်ဖွင့်လှစ်ထားသူတွေနဲ့ တစ်ဦးချင်းကျွမ်းကျင်ပညာရှင်များ ၀င်ရောက်နိုင်မှာဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ အသင်းဝင် ၂၀၀ ကျော်လောက်ရှိပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)