ဒုတိယအကြိမ်မြောက် One Click Impact ဆွေးနွးပွဲမှာ လူမှုကွန်ယက်ပေါ်က အမုန်းစကားတွေနဲ့ပတ်သက်ပြီး ဆွေးနွေး

0
340

လူမှုကွန်ယက်ပေါ်က Click တစ်ချက်ကြောင့် လူ့အဖွဲ့အစည်းအတွင်းမှာ အမုန်းစကားဖြစ်ပေါ်လာရခြင်း နဲ့သတင်းမီဒီယာတွေရဲ့ တာဝန်ယူမှုပိုမိုတိုးတတ်လာစေရန်ရည်ရွယ်ပြီး One Click Impact to Myanmar ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို သြဂုတ်လ၂၁ရက်နေ့က ရန်ကုန်မြို့ရှိ MICT Park မှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူမှုကွန်ယက် Facebook သုံးစွဲသူဦးရေ ၁ဒသမ၇သန်းနီးပါးရှိပြီး မိုဘိုင်းဖုန်းမှ အွန်လိုင်းသုံးစွဲသူ က လေးသန်းရှိနေပါတယ်။ သတင်းမီဒီယာတွေကလည်း Facebook လူမှုကွန်ယက်ကို ကြားခံမီဒီယာတစ်ခု အနေနဲ့ အသုံးပြုလာကြတာနဲ့ပတ်သက်ပြီး ‘သတင်းသမားနှင့်ဝိုးတဝါးအိုင်တီ’ ခေါင်းစဉ်ကို မဇ္ဇိုမသတင်းဌာနမှ အယ်ဒီတာ ဦးမြတ်ကျော်သူက ဆွေးနွေးခဲ့ပါတယ်။

“ဒီစာလေးကအကျိုးရှိတယ်။ ကျွန်တော်တို့ ရုံးခန်းထဲက အယ်ဒီတာတွေ ဖတ်ရင်တော့ သင့်တော် မယ်ဆိုပြီး တော့ အဲဒါကို web ထဲမှာ save လိုက်တယ်။ PDF ပြောင်းလိုက်ပြီး ရုံးထဲက အယ်ဒီတာအဆင့်ရှိတဲ့သူတွေကို ဖြန့်လိုက်တယ်။ ငါးမိနစ်လောက်ကြာတော့ တစ်ယောက်ကရောက်လာပြီး ဒီမှာအီးမေးလ်ကြည့်ဆို PDF ဖိုင်က attach မှာပါတယ်လေ အဲ့ဒါဖွင့်လိုက်ဆိုတော့ ဘယ်လိုဖွင့်မလဲဆိုတော့ ကျွန်တော်တော်တော် ခေါင်းစား သွားတယ်။ PDF ဖိုင်မဖွင့်တတ်ဘဲနဲ့ သတင်းလောကထဲမှာ email နဲ့နေ့စဉ် ဆက်သွယ်နေရတာ နေ့စဉ် ကြုံတွေ့နေရတာ၊ သူ့အမှားလည်းမဟုတ်ဘူး အဲ့ဒီလိုအမှားတွေ နေ့စဉ်ရင်ဆိုင်နေရတယ်”လို့ ဦးမြတ်ကျော်သူ က ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ Usage of Social Media and its Future in Myanmar ခေါင်းစဉ်နဲ့ ကိုအောင်ခန်း၊ Administrative Law:The Missing Piece in Reformed Myanmar ခေါင်းစဉ်နဲ့ ဦးအိမောင်၊ One click Impact to One Click Effectiveness ခေါင်းစဉ်နဲ့ ဦးစိုးသီဟနောင်၊ ရတနာလားကျိန်စာလားခေါင်းစဉ်နဲ့ ကိုနေဘုန်းလတ်တို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအစီအစဉ်မှာတော့ ဆွေးနွေးသူတွေအဖြစ် ကိုမိုးလှိုင်ည၊ ကိုဇွဲရန်နိုင်၊ ကိုအောင်ခန်း၊ မသဉ္ဇာရွှန်းလဲ့ ရည် တို့က One Click for the Future ခေါင်းစဉ်နဲ့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

 

 

 

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)