Transformers:Age of Extinction ရုပ်ရှင်ကားအကြောင်း

0
369

ဒီတစ်ပတ်ရဲ့ ရုပ်ရှင်လမ်းညွှန်အစီအစဉ်မှာတော့ Transformers:Age of Extinction ရုပ်ရှင်ကားကို တင်ဆက်ပေးပါ့မယ်။ အဲဒီရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံတွေမှာ ဇွန်လ(၂၇)ရက်နေ့မှာ 3D ရုပ်ရှင်စနစ်နဲ့ ရုံတင်ပြသမှာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားက Transformer ရုပ်ရှင်တွေထဲမှာ ၄ ကားမြောက်ဖြစ်ပါတယ်။ အရင်ကားဖြစ်တဲ့ Dark of the Moon မှာ ထရန်စဖော်မာတွေက ကမ္ဘာကို ကယ်တင်ပြီးတဲ့နောက် သေဆုံးခဲ့တဲ့ စက်ရုပ်တွေရဲ့ အပိုင်းအစတွေကို လူတွေက သုတေသနပြုကြပါတယ်။

အဲဒီမှာ စီးပွားရေးသမားတွေ၊ သိပ္ပံပညာရှင်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အင်အားကြီးအဖွဲ့တစ်ခုက အတိတ်မှာ ရှိခဲ့တဲ့ ထရန်စဖော်မာတွေရဲ့ အကြောင်းကို လေ့လာရင်း နည်းပညာကို ကျော်လွန်ကာ ရှေးတုန်းက ကမ္ဘာပေါ်မှာ ရှိခဲ့တဲ့ အန္တရာယ်ပေးနိုင်တဲ့ ထရန်စဖော်မာတွေကို ပြန်လည် နိုးထရောက်ရှိလာအောင် ပြုလုပ်မိသလိုဖြစ်ခဲ့တဲ့ ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ကားကို ဒါရိုက်တာ မိုက်ကယ် ဘေး(Michael Bay)က ရိုက်ကူးထားပြီး နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Mark Wahlberg ( မက် ၀ဲဘက်) ၊ Jack Reynor ( ဂျက် ရေနော်) နဲ့ Nicola Peltz ( နစ်ကိုလာ ပက်ရှ်) တို့က သရုပ်ဆောင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)