SONY အရှုံးပေါ်နေရာကနေ ရုံးထွက်နိုင်လိမ့်မယ်လို့ဆို

0
280

ဂျပန်နည်းပညာ ကုမ္ပဏီရဲ့ SONY အမှုဆောင်အရာရှိချုပ်က လာမယ့် ဘဏ္ဍာရေးနှစ်ထဲမှာ အရှုံးပေါ်နေတဲ့ အနေအထားကနေ ရုံးထွက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

ဂျပန် နိုင်ငံရဲ့ရှေ့ဆောင်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ ဆိုနီဟာ နည်းပညာဆိုင်ရာအားနည်းမှုတွေ နဲ့ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ကုမ္ပုဏီရဲ့ နောက်ဆုံးအခြေအနေတွေအရ အခက်အခဲတွေရှိနေပေမယ့်လည်း ရုန်းထွက်နိုင်လိမ့်မယ် လို့လည်း အမှုဆောင်အရာရှိချုပ် ကာဇူအိုဟီယာရီ ကဆိုပါတယ်။

အမှုဆောင်အရာရှိချုပ်က လာမယ့်ဘဏ္ဍာနှစ်မှာ ကုမ္ပဏီရဲ့လုပ်ငန်းတွေကိုမြှင့်တင်ဖိုကအတွက် ဂျပန်ယန်းငွေ ဘီလီယံ 400 အထိ တိုးမြှင့်အသုံးပြုသွား မယ်လို့လည်းအတည်ပြုပြောကြားခဲ့ပါတယ်။

နောက်ဆုံးရရှိထားတဲ့ အရှုံးအမြတ်စာရင်းတွေအရ ကုမ္ပဏီဟာ အမေရိကန်ုဒေါ်လာ 1.26 ဘီလီယံ အရှုံပေါ်နေတာလည်းဖြစ်ပါတယ်။ ဆိုနီဟာလက်ရှိဈေးကွက် အတွင်းအခြားနည်းပညာ ကုမ္ပဏီတွေဖြစ်တဲ့ ဆမ်ဆောင်း၊ အက်ပဲလ်တို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် လိုအပ်ချက်တွေကို ပြင်ဆင်သွား မယ်လို့လည်း အမှုဆောင်အရာရှိချုပ်က ပြောကြားသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)