
0
61




TNLA အဖွဲ့ ယာယီအခြေပြုထားတဲ့ တောင်ရိုးဘုရားကုန်းကို တပ်မတော် သိမ်းပိုက်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရဲ့ အနောက်မြောက်ဘက် မီတာ ၄၀ဝဝ ခန့် အကွာရှိ TNLA တအာင်း လက်နက်ကိုင်အဖွဲ့ ယာယီအခြေပြုထားတဲ့ တောင်ရိုးဘုရားကုန်းကို စက်တင်ဘာလ ၁၇ ရက်နေ့က တပ်မတော်က သိမ်းပိုက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။


TNLA အဖွဲ့က တောင်ရိုးဘုရားကုန်းရှိ သာဿနိက အဆောက်အဦတွေကို အကာအကွယ်ရယူပြီး နယ်မြေ အသာစီးရယူကာ အဖျက်အမှောင့် လုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် တပ်မတော်နဲ့ TNLA တို့ စက်တင်ဘာလ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ခြောက်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။


TNLA အဖွဲ့ထံက ဆိုင်ကယ် ၅ စီး၊ သာဿနိက အဆောက်အဦတွေကို အကာအကွယ်ယူ ပြုလုပ်ထားတဲ့ ပစ်ကျင်း ၄၅ ကျင်း၊ ဘန်ကာ ၅ လုံးတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်ဘက်က အရာရှိနဲ့ စစ်သည်တချို့ ကျဆုံးကာ၊ ဒဏ်ရာရသူလည်းရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

ဖွဲ့က တောင်ရိုးဘုရားကုန်းရှိ သာဿနိက အဆောက်အဦတွေကို အကာအကွယ်ရယူပြီး နယ်မြေ အသာစီးရယူကာ အဖျက်အမှောင့် လုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် တပ်မတော်နဲ့ TNLA တို့ စက်တင်ဘာလ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ခြောက်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
TNLA အဖွဲ့ထံက ဆိုင်ကယ် ၅ စီး၊ သာဿနိက အဆောက်အဦတွေကို အကာအကွယ်ယူ ပြုလုပ်ထားတဲ့ ပစ်ကျင်း ၄၅ ကျင်း၊ ဘန်ကာ ၅ လုံးတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်ဘက်က အရာရှိနဲ့ စစ်သည်တချို့ ကျဆုံးကာ၊ ဒဏ်ရာရသူလည်းရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။