
0
266




The Voice Myanmar Season 2 ရဲ့ Winner ဆုကို ပြိုင်ပွဲဝင် နိုဗန်ထူး ရရှိ

The Voice Myanmar Season 2 ရဲ့ နောက်ဆုံး ပြိုင်ပွဲကို ဇွန်လ ၁၆ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ပြီး Season 2 ရဲ့ Winner အဖြစ် ပြိုင်ပွဲဝင် နိုဗန်ထူးက ရရှိခဲ့တာပါ။

နောက်ဆုံးပြိုင်ပွဲကို R ဇာနည်ရဲ့ အဖွဲ့က ပေါလ်အော်စတင်၊ ကျားပေါက် အဖွဲ့က နိုဗန်ထူး၊ ရန်ရန်ချန်း အဖွဲ့က မယ်လိုဒီခေါင်နဲ့ နီနီခင်ဇော်ရဲ့ အဖွဲ့က ဟေဇယ်လ်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။

ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် လေးဦးထဲက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ပေးတဲ့ မဲစနစ်အရ ပြိုင်ဘက် သုံးဦးစလုံးကို ဖြတ်ကျော်ပြီး ကျားပေါက် အဖွဲ့က ပြိုင်ပွဲဝင် နိုဗန်ထူးက မဲအများဆုံးနဲ့ The Voice Myanmar Season 2 ရဲ့ Winner ဆု ကို ရရှိခဲ့တာပါ။