Friday, September 20, 2019
Home Tags ရုပ်/သံ သတင်း

Tag: ရုပ်/သံ သတင်း

TV NEWS

မြောက်ဦးမြို့ပေါ်ကို ရောက်နေကြတဲ့ စစ်ဘေးရှောင်ဒေသခံတွေရဲ့ နောက်ဆုံး အခြေအနေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်အတွင်း ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ ညနေပိုင်းက တပ်မတော် နဲ့ AA လက်နက်ကိုင်အဖွဲ့တွေကြား စတင်ပြီးတိုက်အပွဲ ဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲကြောင့် ကျေးရွာသုံးရွာက ဒေသခံတွေဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။ စစ်ဘေးရှောင် ဒေသခံ တွေတိမ်းရှောင်နေတဲ့ မြောက်ဦးမြို့ပေါ်က...

မသန်စွမ်းတွေကို အစိုးရလုပ်ငန်းတွေမှာပါ အလုပ်အကိုင် ဖန်တီးပေးစေလို

မသန်စွမ်းတွေကို ပုဂ္ဂလိကလုပ်ငန်းတွေအပြင် အစိုးရလုပ်ငန်းတွေမှာပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးစေလိုတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချူပ်ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=iMNRt0FBD5o&feature=youtu.be မသန်စွမ်းတွေကို ပုဂ္ဂလိကလုပ်ငန်းတွေမှာ ခန့်အပ်တာတွေရှိလာပေမယ့် ပညာရေးကဏ္ဍလို အစိုးရလုပ်ငန်း ဌာနတွေမှာ အလုပ်အကိုင်အခွင့်အလမ်း တွေဆောင်ရွက်ပေးစေလိုတယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချူပ် ယာယီဥက္ကဋ္ဌ ဦးသိန်းလွင်က ပြောပါတယ်။ မတ်လ...

တနင်္သာရီမြို့ရှိ ရှေးဟောင်းမြို့တော်ကို ဒေသခံတွေကိုယ်တိုင် ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုလားနေ

တနင်္သာရီမြို့ရှိ ရှေးဟောင်းမြို့တော်ကို ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ဖို့ သဘောမတူဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို MCN မြိတ်သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။ https://www.youtube.com/watch?v=5Qpqly4R2hE&feature=youtu.be တနင်္သာရီမြို့ရှိ ရှေးဟောင်း ယဉ်ကျေးမှုမြို့ဟောင်းကို တနင်္သာရီတိုင်းဒေသကြီးအစိုးရ အနေနဲ့ ထိန်းသိမ်း စောင့်ရှောက်ဖို့ လွှတ်တော်မှာ မေးမြန်းခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်က...

တက္ကသိုလ် ဆရာ၊ ဆရာမတွေရဲ့ ၈၀ ရာခိုင်နှုန်းမှာ အိမ်ငှားနေထိုင်သူတွေ ဖြစ်

တက္ကသိုလ်က ဆရာ၊ ဆရာမတွေရဲ့ နေထိုင်မှုအိမ်ယာ စစ်တမ်းကောက်ယူနေပြီး ၈၀ ရာခိုင်နှုန်းမှာ အိမ်ငှားနေထိုင်သူတွေ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါ တယ်။ တက္ကသိုလ်အဆင့်က အဆင့်မြင့်ပညာ ဆရာ၊ ဆရာမတွေရဲ့ နေထိုင်မှုနဲ့ပတ်သက်လို့ စစ်တမ်းတွေ ကောက်ယူနေပြီး အိမ်ယာတွေအကောင်အထည်ဖော်ပေးဖို့ ဆောင်ရွက်နေတာပါ။ https://www.youtube.com/watch?v=7YDVAhgXzag&feature=youtu.be ]အဲဒီစာရင်းကို ၂၀၁၇ ခုနှစ်ကတည်းက ကောက်ခံနေတာဖြစ်ပြီး...

အလုပ်မထုတ်ဖို့ ခုံသမာဓိကောင်စီက သတ်မှတ်ထားပေမယ့် အလုပ်ရှင်တွေ လိုက်နာမှု မရှိ

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုပြဿနာဖြစ်ရင် အလုပ်သမားတွေကို အလုပ်မထုတ်ဖို့ ခုံကောင်စီက သတ်မှတ်ထားပေမယ့် အလုပ်ရှင်တွေဘက်က လိုက်နာမှုမရှိဘူးလို့ ခုံသမာဓိကောင်စီ အဖွဲ့က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေး ကပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=G-Vtp3NuXHU&feature=youtu.be အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုတွေမှာ အလုပ်သမားတွေကို အလုပ်ကထုတ်ပယ်တာတွေရှိနေ တာကြောင့် အလုပ်ပြန်လည်ခန့်ထားပေးဖို့ ခုံသမာဓိကောင်စီက ...

ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်တာနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

မြောက်ဦးမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်သွားတာနဲ့ပတ်သက်လို့ ပြည်နယ်ထွေ/အုပ်နဲ့ ရဲတပ်ဖွဲ့တို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထား ပါတယ်။ https://www.youtube.com/watch?v=DEtHO6e6RI4&feature=youtu.be ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးလေးဦးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး လပတ်အစည်းအဝေး ရောက်ရှိနေချိန်မှာ ရဲတပ်ဖွဲ့က...

အွန်လိုင်းကနေ ငွေကျပ်သိန်းပေါင်း သောင်းချီ လိမ်လည်သူတွေကို ၆၆/ဂ နဲ့ အမှုဖွင့်

အွန်လိုင်းကတစ်ဆင့် ငွေကျပ်သိန်းပေါင်းသောင်းချီ လိမ်လည်ခဲ့သူကို ၆၆/ဂ နဲ့ အမှုဖွင့်ထားတယ်လို့ လိမ်လည်ခံရသူတွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ ထားပါတယ်။ သိန်းပေါင်းများစွာလိမ်လည်ခံခဲ့ရတေဲ့ နစ်နာသူတွေက မိမိတို့ရဲ့ငွေကြေးကိုပြန်လည်တောင်းခံ ရာမှာ ပြန်မပေးတဲ့ အပြင်လူမှုကွန်ယက်ပေါ်မှာရေးသားဖော်ပြခဲ့တာပါ။ https://www.youtube.com/watch?v=CbVNjv0Tz4M&feature=youtu.be အဲဒါကြောင့် ငွေကြေးလိမ်လည်ခဲ့သူ ဒေါ်နန်းစန္ဒာလင်းက ...

တရုတ်နှစ်သစ်ကူးပြီးနောက် ပဲအမျိုးမျိုး အရောင်းအဝယ် သွက်နေ

တရုတ်နှစ်သစ်ကူးပြီးနောက် ပဲအမျိုးမျိုး အရောင်းအဝယ်သွက်နေပါတယ်။ ဒီသတင်းကို MCN မန္တလေး သတင်းထောက် ဥာဏ်လင်းထူး ကပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=X9dIMV1OOno&feature=youtu.be မန္တလေးကုန်စည်ဒိုင်မှာ တရုတ်နှစ်သစ်ကူးကာလအတွင်းမှာ အရောင်းအဝယ်အေးခဲ့ပေမယ့် လက်ရှိကာလ မှာတော့ အရောင်းအဝယ် သွက်နေပြီ ဖြစ်ပါတယ်။ ပဲတီစိမ်း မြေပဲ အစရှိတဲ့ပဲတွေအပြင် တရုတ်နိုင်ငံက ဝယ်ယူလေ့ရှိတဲ့ ကုန်စည်တွေ အရောင်းအဝယ်သွက်နေတာဖြစ်ပါတယ်။ အင်တာဗျူး ဦးကျော်သွင်...

ဆရာ၊ဆရာမ အသင်း ညီလာခံ ပြီးပါက ပြည်နယ်ငါးခုမှာ သမဂ္ဂပေါ်ပေါက်ရေး လုပ်ဆောင်မယ်

တက္ကသိုလ်ဆရာ၊ ဆရာမအသင်း(UTAs)ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံပြီးပါက ပြည်နယ် ၅ ခုမှာ သမဂ္ဂ ပေါ်ပေါက်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တက္ကသိုလ်ဆရာများသမဂ္ဂက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=YqQtbh1dvpE&feature=youtu.be တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆရာများသမဂ္ဂ၊ ကျောင်းသားသမဂ္ဂတွေ ပေါ်ပေါက်ရေးကိုဆောင်ရွက် သွားမှာဖြစ်ပြီး ဒုတိယအကြိမ် ဆရာ၊ဆရာမအသင်း ညီလာခံပြီးပါက သမဂ္ဂမဖွဲ့ရသေးတဲ့...

သားမယားပြုကျင့်တယ်လို့ စွပ်စွဲခံထားရတဲ့ ဦးမင်းဆွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

သားမယားအဖြစ်ပြုကျင့်သူလို့ စွပ်စွဲခံနေရတဲ့ NLD ပါတီရဲ့ ဖျာပုံ မြို့နယ် ဥက္ကဋ္ဌ ဟာ ပန်းသေနေတာ ၁၀ နှစ်ကျော်ပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။ သားမယားအဖြစ် ပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဖျာပုံမြို့နယ် NLD ပါတီရဲ့ ဥက္ကဋ္ဌ...

မတူညီတဲ့ ယဉ်ကျေးမှုတွေကို ဖလှယ်တဲ့အနေနဲ့ မြန်မာ-ဂျပန် နှစ်နိုင်ငံ ပြိုင်ပွဲ ပြုလုပ်

မတူညီတဲ့ ယဉ်ကျေးမှုတွေကို ဖလှယ်တဲ့အနေနဲ့ “တန်ဖိုးအသစ်များရှာဖွေခြင်း” ခေါင်းစဉ်နဲ့ မြန်မာ-ဂျပန် နှစ်နိုင်ငံက လူငယ်တွေကို ပြိုင်ပွဲပြုလုပ်ပေးခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=UHvEB465Qps&feature=youtu.be တန်ဖိုးသစ်များရှာဖွေခြင်း ခေါင်းစဉ်နဲ့ နှစ်နိုင်ငံ မတူညီတဲ့ ကဏ္ဍအစုံက ယဉ်ကျေးမှု ၊ ဘ၀နေထိုင်မှု ပုံစံတွေကို အချင်းချင်း ဖလှယ်တဲ့...

ချင်းတိုင်းရင်းသားပေါင်း လေးထောင်ကျော် တည်းခိုလို့ရမယ့် အဆောက်အဦ ဆောက်မယ်

ရန်ကုန်တိုင်းအတွင်း ချင်းတိုင်းရင်းသား ပေါင်း လေးထောင်ကျော် တည်းခိုလို့ ရတဲ့ အဆောက်အဦးကြီး တည်ဆောက်သွား မှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးကပေး ပို့ထားပါတယ်။ https://www.youtube.com/watch?v=awfwMJcYkmY&feature=youtu.be ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၅ ရပ်ကွက် မှာရှိတဲ့ မြေဧက၃.၉၀၇ ဧက ကျယ်ဝန်းတဲ့ မြေနေရာမှာ ချင်းတိုင်းရင်းသား ပေါင်း...

ကျောင်းပြင်ပ လူငယ်တွေကို CVT Myanmar က အသက်မွေးပညာရပ်တွေ အခမဲ့သင်ပေး

အခက်ခဲအမျိုးမျိုးကြောင့် အလယ်တန်းအဆင့်ထိသာ ပညာသင်ကြားခဲ့ရတဲ့ လူငယ်တွေကို CVT Myanmar က အသက်မွေး ပညာရပ်တွေ အခမဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုး ကပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=ad4BIH79HcA&feature=youtu.be အခက်ခဲအမျိုးမျိုးကြောင့် အလယ်တန်းအဆင့်ထိသာ ပညာသင်ကြားခဲ့ရတဲ့ အသက်၁၃နှစ်ကနေ အသက်၁၈နှစ်အရွယ် လူငယ်တွေကို မေလ ကစတင်ပြီး သက်မွေးပညာရပ်တွေ အခမဲ့...

ကျွမ်းကျင် သင်တန်းပေးနေပေမယ့် မပြီးခင်မှာ လုပ်ငန်းခွင်ဝင်ရောက်သူ ထက်ဝက်ရှိနေ

အထည်ချုပ်လုပ်ငန်း ကျွမ်းကျင်လုပ်သားတွေ ပေါ်ထွက်လာဖို့ သင်တန်းတွေပေးနေပေမယ့် သင်တန်းကာလ မပြီးခင်မှာ လုပ်ငန်းခွင်ကို ၀င်ရောက်လုပ်ကိုင်သူ ထက်ဝက်လောက် ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=2qSfZ1Pcc6E&feature=youtu.be အထည်ချုပ်ကျွမ်းကျင်မှုသင်တန်းနဲ့ပတ်သက်ပြီး အခမဲ့ဖွင့်လှစ်သင်ကြားပေးနေပေမယ့် အလုံးစုံ ပြီးဆုံးအောင် တက်ရောက်သင်ယူတဲ့ အလုပ်သမားတွေကတော့ နည်းပါးနေသေးတာပဲဖြစ်ပါတယ်။ ကျွမ်းကျင်လုပ်သားတွေ ပေါ်ထွက်စေဖို့ အထည်ချုပ်လုပ်ငန်းနဲ့ပတ်သက်ပြီး သင်တန်းပေးနေပေမယ့်...

ဆရာတော် အရှင်ဇဝန မြို့တော်ဆေးရုံကို တရားစွဲဆို

မြို့တော်ဆေးရုံမှာ ကုသခဲ့တဲ့ဆရာတော်တစ်ပါးက ဆေးရုံမှာက သုံးစွဲစစ်ဆေးခဲ့တဲ့စက်ဟာ လွဲမှားနေ တယ်ဆိုပြီး တရားစွဲဆိုထားပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဥာဏ်လင်းထူးက ပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=vwUV8Y-2Wk4&feature=youtu.be မန္တလေးမြို့က မြို့တော် ဆေးရုံမှာ တက်ရောက်ကုသခဲ့တဲ့ ဆရာတော် အရှင်ဇဝနကို အချိုဓာတ်စစ်ဆေးရာမှာ အသုံးပြုခဲ့တဲ့ စက်ပစ္စည်းမှားယွင်းခဲ့တဲ့အတွက်ဆိုပြီး ဆရာတော်ဘက်က တရားစွဲဆိုထားတာဖြစ်ပါတယ်။ မြို့တော် ဆေးရုံတာဝန်ရှိသူတွေဘက်ကတော့ ကနဦးမှာ...

LATEST NEWS