Home Tags အားကစား

Tag: အားကစား

အားကစား

ဆလိုဗေးနီးယားပွဲမှာ မပါရလို့ ခံစားနေရတဲ့ အင်္ဂလန်အသင်း ခေါင်းဆောင်

ဆလိုဗေးနီးယားပွဲမှာ မပါရလို့ စိတ်မသက်မသာခံစားနေရတဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဝိန်းရွန်းနီက ကမ္ဘာ့ဖလားခြေစစ်ပွဲအနေနဲ့ ဆလိုဗေးနီးယားနဲ့ ယနေ့ယှဉ်ပြိုင်ရမယ့်ပွဲမှာ ပါဝင်ခွင့်မရလို့ စိတ်မသက်မသာခံစားနေရကြောင်း ပြောဆိုခဲ့ပါတယ်။ ယာယီနည်းပြ ဂျာရတ်ဆောက်ဂိတ်က ရွန်းနီရဲ့ခြေစွမ်းနဲ့မသက်ဆိုင်ဘဲ အသင်းရဲ့မဟာဗျုဟာအရသာ ချန်ထားခဲ့ရခြင်းဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။ မဲလ်တာအသင်းကို ၂-၀ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၀င်ဘလေကွင်းအတွင်း အင်္ဂလန်ပရိတ်သတ်တွေက ရွန်းနီကို...

ကမ္ဘာ့ဖလားပွဲအပြီးမှာ နိုင်ငံအသင်းကနေ အပြီးတိုင်အနားယူတော့မယ့် ဂျာရတ်ပီခေး

စပိန်နောက်ခံလူ ဂျာရတ်ပီခေးဟာ သူ့ရဲ့တီရှပလက်မောင်းပေါ်မှာ နိုင်ငံတော်အလံမပါတဲ့ အငြင်းပွားဖွယ်ပြဿနာနဲ့ ပတ်သက်ပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ နိုင်ငံကိုယ်စားပြုအသင်းကနေ အပြီးတိုင်အနားယူတော့မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် ၂၉ နှစ်ရှိသူ ဘာစီလိုနာကစားသမား ဂျရတ်ပီခေးဟာ ကာတာလိုနီးယားလွတ်လပ်ရေးကိုထောက်ခံမှုကြောင့် သူ့ရဲ့ ပရိတ်သတ်တွေရဲ့ ငြိုငြင်မှုကို ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ အဲလ်ဘေးနီးယားကို ၂-၀...

လူမျိုးရေးခွဲခြားတဲ့ ဗွီဒီယိုဖိုင်အတွက် အိုလံပစ် ဂျွမ်းဘားသမားလူးဝစ္စ ပြန်တောင်းပန်

မွတ်စလင်ဘာသာကို လှောင်ပြောင်တဲ့ ဗွီဒီယိုဖိုင် အွန်လိုင်းပေါ်တင်ခဲ့အပြီးမှာ အဲဒီလို လူမျိုးရေးခွဲခြားတဲ့ ဖိုင်တင်မိတဲ့ အတွက် အိုလံပစ်ဂျွမ်းဘားသမား လူးဝစ္စစမစ်က ပြန်တောင်းပန်ခဲ့ပါတယ်။ အသက် ၂၇ နှစ်ရှိသူ စမစ်က အဲဒီဗွီဒီယိုဖိုင်အတွက် အလွန်ဝမ်းနည်းမိပါကြောင်း ပြန်တောင်းပန်ခဲ့ပါတယ်။ အဲဒီဗွီဒီယိုဖိုင်ထဲမှာ စမစ်က သူ့ရဲ့ဂျွမ်းဘားကစားဖော် လုခ်ကာဆွန်နဲ့အတူ ဆုတောင်းပြီးအလ္လဘာကတဘ္ဘာလို့...

အင်္ဂလန်အသင်း အနေနဲ့ ဘောလုံးကို ရဲရဲရင့်ရင့် ကစားရမယ်လို့ နည်းပြဆောက်ဂိတ် ပြောကြား

ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်နေတဲ့ အင်္ဂလန်အသင်းရဲ့ယာယီနည်းပြ ဆောက်ဂိတ်က မိမိတို့အသင်းသားတွေအနေနဲ့ ဘောလုံးကို ရဲရဲရင့်ရင့်ကစားကြရမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ အင်္ဂလန်အသင်းမှာဆိုရင် ရှေ့တန်းက တိုက်စစ်မှူး သီအိုဝဲလ်ကော့၊ အသင်း ခေါင်းဆောင် ရွန်းနီတို့ပါဝင်ကြမှာဖြစ်ပါတယ်။ “ အင်္ဂလန်ဘောလုံးသမားတွေ ဘာမလုပ်နိုင်သလဲဆိုတာ ကျွန်တော် စိတ်မ၀င်စားပါဘူး၊ သူတို့ ဘာလုပ်နိုင်သလဲဆိုတာကိုပဲ စိတ်ဝင်စားပါတယ်” လို့...

၁၄ လကြာ ပြိုင်ပွဲနဲ့ဝေးကွာခဲ့တဲ့ တိုက်ဂါးဝုဒ် ဂေါက်သီးလောကကို ပြန်လည်ဝင်ရောက်

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလကတည်းက ပြိုင်ပွဲနဲ့ဝေးကွာနေခဲ့တဲ့ တိုက်ဂါးဝုဒ်ဟာ ပထမဆုံးအကြိမ် ဂေါက်သီးပြိုင်ပွဲတွေမှာ ပြန်လည်ယှဉ်ပြိုင်တော့မယ်လို့ သိရှိရပါတယ်။ သူက လာမယ့်ရက်သတ္တပတ်၊ ကယ်လီဖိုးနီးယားမှာ ကျင်းပမယ့် Safeway အိုးပင်းမှာ ပြန်လည်စတင်ယှဉ်ပြိုင်မှာပါ။ မေဂျာချန်ပီယံဆု ၁၄ ကြိမ်ရခဲ့သူ တိုက်ဂါးဝုဒ်ဟာ နောက်ဆုံးပြိုင်ပွဲကစားပြီးကတည်းက နောက်ကျောခွဲစိတ်ကုသမှု နှစ်ကြိမ်ပြုလုပ်ခဲ့ရပါတယ်။...

ပေါ်တူဂီအသင်းအတွက် ၄ ဂိုးသွင်းယူပေးပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ စီရော်နယ်ဒို ခြေစွမ်းပြ

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီသင်းက အန်ဒိုရာအသင်းကို ၆-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၄ ဂိုးသွင်းယူခဲ့ပြီး စီရော်နယ်ဒို ခြေစွမ်းပြခဲ့ပါတယ်။ ပေါ်တူဂီအသင်းက ခြေစွမ်းပြနေတဲ့အချိန်မှာ ပြင်သစ်နဲ့ဘယ်လ်ဂျီယံ တို့ကလည်း အောင်ပွဲခံနေကြပါတယ်။ ၂၀၁၆ ခုနှစ် ဥရောပချန်ပီယံအသင်းဖြစ်တဲ့ အန်ဒိုရာကို ထိန်းချုပ်နိုင်ဖို့အတွက် ပွဲစပြီး ၄...

ဂျပန်ဂရင်းပရီ အစမ်းလေ့ကျင့်မှုမှာ အသင်းဖော် ရိုစ်ဘတ်ဂ်ကို ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ချန်ပီယံ ဟာမီတန်

ဖော်မြူလာဝမ်း ပြိုင်ကားပြိုင်ပွဲရာသီနှောင်းပိုင်း ပြိုင်ပွဲတစ်ပွဲဖြစ်တဲ့ ဂျပန်ဂရင်းပရီရဲ့အစမ်းလေ့ကျင့်မောင်းနှင်မှုမှာ ကမ္ဘာ့ချန်ပီယံ သုံးထပ်ကွမ်းလူးဝစ္စဟာမီတန်ဟာ သူ့ရဲ့မာစီဒီးအသင်းဖော် နီကိုရိုစ်ဘတ်ဂ်ကို ရှုံးနိမ့်ခဲ့တယ်လို့ သိရှိရပါတယ်။ ရိုစ်ဘတ်ဂ်က ဟာမီတန်ထက် ၀.၂၁၅ စက္ကန့်ပိုမြန်ပြီး ပန်းဝင်သွားခဲ့ပါတယ်။ ဟာမီတန်အတွက် ပြိုင်ပွဲရာသီပြီးဆုံးခါနီးလေ သူ့ အတွက် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆက်ထိန်းထားနိုင်ဖို့ဆိုတဲ့ ဖိအားက ပိုပြီးကြီးမားလေ ဖြစ်လာနေပါတယ်။...

နေမာဦးဆောင်တဲ့ ဘရာဇီးလ်အသင်း ဘိုလီဗီးယားကို ဂိုးပြတ်နဲ့အနိုင်ယူ

တစ်ချိန်က ကမ္ဘာ့ဘောလုံးလောကကို လွှမ်းမိုးခဲ့တဲ့ အစဉ်အလာရှိတဲ့ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပြိုင်ဘက် ဘိုလီးဗီးယားအသင်းကို အောက်တိုဘာ ၆ရက်နေ့က ၅-၀ဂိုးပြတ်နဲ့ အနိုင်ယူပြီး ရလဒ်ကောင်းတွေကို ဆက်ပြီး ထိန်းထားနိုင်ခဲ့ပါတယ်။ နာမည်ကျော်ဘောလုံးသမားနေမာက ဘရာဇီးလ်အသင်းကို ဦးဆောင်ခဲ့တာဖြစ်ပြီး ပထမပိုင်းမှာတင် ၄ ဂိုးသွင်းယူခဲ့တာပဲဖြစ်ပါတယ်။ ကိုရင်သီယန်နည်းပြဖြစ်ခဲ့ပြီး လက်ရှိဘရာဇီးလ်အသင်းရဲ့နည်းပြအဖြစ်တာဝန်ယူနေတဲ့ လီယိုနာဒိုဘာချီအတွက်တော့ သုံးပွဲဆက်တိုက်အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။...

အမျိုးသမီးဒိုင်အကူကို ရိုင်းပြတဲ့မှတ်ချက်ပေးမှုနဲ့ စပါတာကစားသမားနှစ်ဦး ဒဏ်ရိုက်ခံရ

ချက်နိုင်ငံရဲ့လိဂ်ပြိုင်ပွဲတစ်ပွဲမှာ အမျိုးသမီးစည်းကြပ် ဒိုင်လုပ်သူက လူကျွံသွားတာကို မသိရှိလိုက်တာကြောင့် ဒေါသထွက်ပြီး ရိုင်းပြတဲ့ မှတ်ချက်စကားပြောခဲ့တာကြောင့် စပါတာပရာဂေးအသင်းရဲ့ဂိုးသမားတွမ်စ်ကူဘတ်ခ်နဲ့ ကွင်းလယ်ကစားသမား လူကာဗာချာတို့နှစ်ဦးကို ချက်ဘောလုံးအဖွဲ့ချုပ်က ဒဏ်ငွေချမှတ်လိုက်ကြောင်း သိရှိရပါတယ်။ အဲဒီပွဲစဉ်မှာ ပြိုင်ဘက်အသင်းရဲ့ကွင်းလယ်လူအဲလ်လွိုက်စ်ဟိကာက မီတာအတော်များများလူကျွံနေခဲ့ပေမယ့် ချေပဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲစဉ်က ၃-၃ ဂိုးသရေ ရလဒ်နဲ့ ပြီးသွားခဲ့ပါတယ်။...

၂၁ ရာစု ဘောလုံးသူရဲကောင်းပွဲကို တက်ရောက်ခဲ့တဲ့ ပရီမီးယားလိဂ် ကစားသမား ၉ ဦး

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ ဂရိုဗန်နောဟောက်စ်ဟိုတယ်မှာ ပရီမီးယားလိဂ် ၂၅ နှစ်ပြည့်ကို ဂုဏ်ပြုဆင်နွှဲတဲ့အနေနဲ့ ၂၁ ရာစု ဘောလုံးသူရဲကောင်းပွဲကို အောက်တိုဘာ ၅ ရက်နေ့က ကျင်းပခဲ့ရာ ကလပ်အသီးသီးက သွင်းဂိုး ၁၀၀ ပြည့်ကစားသမားတွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီလိုတက်ရောက်ခဲ့တဲ့ ဘောလုံးသမား ၉ ဦးစုပေါင်းလိုက်ချိန်မှာ...

LATEST NEWS