Wednesday, July 17, 2019
Home Tags နိုင်ငံရေး

Tag: နိုင်ငံရေး

နိုင်ငံရေး

မုံရွာမြို့ အမျိုးသားနေ့အထိမ်းအမှတ်ပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောင်းဆို

ဒီကနေ့ နိုဝင်ဘာလ ၂၄ နေ့ နံနက်(၉)နာရီမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့က အမျိုးသားနေ့အထိမ်းအမှတ်ပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။ အဲဒီအမျိုးသားနေ့အထိမ်းအမှတ်ပွဲမှာ မုံရွာမြို့ ရွှေစည်းခုံဘုရားဝန်းကနေ ကန်သာယာ လွတ်လပ်ရေးကျောက်တိုင်အထိ ချီတက်တောင်းဆိုခဲ့ကြတာပါ။ အမျိုးသားနေ့အထိမ်းအမှတ် ပြည်တွင်းငြိမ်းချမ်းရေးပွဲကို ၈၈ အဖွဲ့၊ NLD အဖွဲ့၊ ကျောင်းသား တကသအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ လူ့ဘောင်သစ်ဖွဲ့...

နမ္မတူရွာသား(၁၁)ဦးကို မဖမ်းထားဘူးလို့ တအာင်းအဖွဲ့ ငြင်းဆို

တအာင်းတပ်မတော်က နမ္မတူရွာသား(၁၁)ဦးကိုမဖမ်းဆီးထားဘူးလို့ တအာင်းတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးတာဘုန်းကျော်က ငြင်းဆိုလိုက်ပါတယ်။ တအာင်းတပ်ဖွဲ့အနေနဲ့ ရွာသားတွေကို ဖမ်းဆီးထားခြင်းမရှိသလို နမ္မတူကျေးရွာဖက်မှာလည်း RCSS အပါအဝင် မြန်မာတပ်မတော်တို့နဲ့ တိုက်ပွဲတချို့ ဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။ "မဟုတ်ပါဘူး။ ကျွန်တော်တို့တပ်ဖွဲ့က ရွာသားတွေကို မဖမ်းပါဘူးဗျာ့။ တိုက်ပွဲဖြစ်နေတော့ ရွာသားတွေကို ကျွန်တော်တို့က ပြေးခိုင်းပါတယ်။ ကျွန်တော်တို့အဖွဲ့ကဖမ်းဆီးတယ်လို့ သတင်းရတော့ အဲဒီဖက်မှာရှိတဲ့အဖွဲ့တွေကို...

ပဋိပက္ခတွေချုပ်ငြိမ်းရေးအတွက် NCA မှာ လက်မှတ်ရေးထိုးဖို့ NRPC တိုက်တွန်း

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးချုပ်ငြိမ်းနိုင်ဖို့ NCA စာချုပ်မှာ အမြန်ဆုံးလက်မှတ်ရေးထိုးဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)က ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။ အဲဒီကြေညာချက်ကို နိုဝင်ဘာလ ၂၃ ရက် ဒီကနေ့ ရက်စွဲနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပြီး NCA လက်မှတ် ရေးထိုးပြီးနောက် ပြည်သူအများ မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို...

ဘင်္ဂါလီတွေကို မြန်မာနိုင်ငံထဲ ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းဝင်ရောက်လာလို့ ထိန်းသိမ်းထားတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံကို ပြန်ပို့သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ရဲတပ်ဖွဲ့ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် ဘင်္ဂါလီ နှစ်ထောင်ကျော်ဟာ နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ပြီး တစ်ညတည်းမှာ ခန့်မှန်းခြေ ၅၀၀ လောက်...

ရန်ကုန်မြစ်ကို မြို့လယ်ပို့မယ်လို့ ဦးဖြိုးမင်းသိန်း ပြောဆို

ရန်ကုန်မြစ်ကို မြို့လယ်ရောက်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့တော် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးမှာ ပြောကြားလိုက်တာပါ။ ရန်ကုန်မြို့ရဲ့ အရှေ့ဘက်၊ အနောက်ဘက် နဲ့ တောင်ဘက်အားလုံးကို မျှတအောင် တည်ဆောက်သွားခြင်းဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်သွားမှာပါ။...

လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲဟာ အချိန်တိုတွင်းပြီးနိုင်မှာ မဟုတ်ဘူးလို့ ဦးစိုင်းညွန့်လွင်ပြော

လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဟာ ကိုယ့်အဖွဲ့အစည်းကို ရှေ့တန်းတင်နေပြီး အတ္တတွေကြီးနေတဲ့အတွက် ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားလိုက်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ မူဆယ်မြို့မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းမှုအပေါ်မှာ အခုလိုပြောကြားလိုက်တာပါ။ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေဟာ ၂၁ ရာစု...

မြောက်ဒဂုံက ရေစက်မြေကွက်ကို ဗိုလ်မှူးကြီး(ငြိမ်း)က ဂရန်လျှောက်ထားမှု အစိုးရခွင့်ပြုခဲ့

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၅ ရပ်ကွက်အတွင်းက ရေစက်မြေကွက်ကို ဗိုလ်မှူးကြီး(ငြိမ်း)တစ်ဦးက နှစ်(၆၀)မြေငှားစာချုပ်(ဂရန်)လျှောက်ထားခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ၂၃ ရက်နေ့ ဒီကနေ့မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က က ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ မြေကွက်များအား အထူးမြေချဂရန်များကို ချထားပေးခြင်းရှိ/မရှိ မေးမြန်းရာမှာ ၀န်ကြီးက...

အိမ်အကူအလုပ်သမားရေးရာအတွက် လွတ်တော်မှာ စောင့်ကြည့် အခြေအနေအဖြစ် မှတ်တမ်းတင်ခဲ့ (ရုပ်/သံ)

https://www.youtube.com/watch?v=cAuAQjI6YSU&feature=youtu.be အိမ်အကူအလုပ်သမားတွေ အတွက်သီးခြားဥပဒေ ပြဌာန်းထားတာ မရှိသေးတာကြောင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်တဲ့ အခါမှာ ဆက်လက်လုပ်ဆောင် သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လွှတ်တော်မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ သတင်းကိုတော့ နေပြည်တော် သတင်းထောက် ခိုင်သဇင်ဦးက ပေးပို့ထားပါတယ်။

ကျဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီးရဲ့ လက်နက်တွေ ပြန်လည်တွေ့ရှိ

နိုဝင်ဘာလ ၂၀ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ကျဆုံးသွားတဲ့ ရဲတပ်ကြပ်ကြီး ကိုင်ဆောင်တဲ့ လက်နက်ခဲယမ်းတွေကို နိုဝင်ဘာ ၂၁ ရက်နေ့က တပ်မတော်နှင့် ရဲတပ်ဖွဲ့ လုံခြုံရေးပူးပေါင်းအဖွဲ့ နယ်မြေရှင်းလင်းရေးတွေ ပြုလုပ်စဉ်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နမ့်မပေါ်တံတားအနီးမှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီး အမ် -၂၃ (၁လက်)၊...

နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ OISCA International ဥက္ကဋ္ဌ ဆွေးနွေး

မြန်မာနိုင်ငံမှာ နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကူအညီပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံ Organization for Industrial, Spiritual and Cultural Advancement (OISCA International) ရဲ့ ဥက္ကဋ္ဌ Ms. Yoshiko Y. Nakano တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ နိုဝင်ဘာလ...

ရခိုင်ကိစ္စကြောင့် ဆူဇူကီးဖလားပြိုင်ပွဲကနေ မလေးရှားအသင်း နုတ်ထွက်ဖို့ စီစဉ်

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဘင်္ဂါလီတွေကို ဖမ်းဆီးအရေးယူနေတာတွေကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ လက်ခံကျင်းပနေတဲ့ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲကနေ မလေးရှားဘောလုံးအသင်းက နုတ်ထွက်ဖို့ စဉ်းစားနေတယ်လို့ မလေးရှားအစိုးရအဖွဲ့က တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၃ ရက် ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ မလေးရှားဘောလုံးအသင်းဟာ နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက ပြိုင်ပွဲကနေ...

ပဋိပက္ခကြောင့် နေရပ် မစွန့်ခွာဖို့ မူဆယ်ဒေသခံတွေကို မေတ္တာရပ်ခံ

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်က ဒေသခံပြည်သူတွေအနေနဲ့ နေရပ်ကိုစွန့်ခွာထွက်ပြေးတာမျိုးမလုပ်ဘဲ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြဖို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ မူဆယ်ခရိုင်မှာ ပဋိပက္ခတွေ နိုဝင်ဘာ ၂၀ ရက်နေ့ကစတင်ဖြစ်ပွားပြီးနောက်မှာ ရဲစခန်းကို ဝင်ရောက်ပစ်ခတ်မယ်၊ မူဆယ်မြို့ကို ဝင်သိမ်းမယ်ဆိုတဲ့...

မြန်မာ-ထိုင်း နယ်နိမိတ် သတ်မှတ်ရေး ဒီဇင်ဘာလစပြီး လုပ်ဆောင်မယ်

မြန်မာ-ထိုင်း နယ်နိမိတ်တိုင်းတာရေးအတွက် လာမယ့်ဒီဇင်ဘာလကနေ ၂၀၁၇ ဧပြီလအထိ နှစ်နိုင်ငံနယ်နိမိတ်တွေကို ကောင်းကင်က ဓာတ်ပုံရိုက်ကူးပြီး မြေပုံထုတ်လုပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်လိုက်ပါတယ်။ စုစုပေါင်း ကုန်းရေနယ်နိမိတ် မိုင် ၁၃၀၀ ကျော် ထိစပ်နေတဲ့ မြန်မာ-ထိုင်းနယ်နိမိတ်ကို နယ်နိမိတ်တိုင်းတာရေးသဘောတူညီချက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး ကောင်းကင်ဓာတ်ပုံရိုက်ကူးပြီးရင် ကွင်းဆင်းတိုင်းတာခြင်းနဲ့...

အခုစစ်ပွဲဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိခိုက်ဖို့ မရည်ရွယ်ဘူးလို့ ကေအိုင်အိုပြော

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ တိုက်ခိုက်နေတဲ့ စစ်ပွဲတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေဖို့ ရည်ရွယ်တာမဟုတ်ဘူးလို့ ကေအိုင်အိုက သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီသတင်းထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၂၃ ရက်နေ့ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ သာလွန် အင်အားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုက တုံ့ပြန်တဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်တာဖြစ်ပါတယ်။...

လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြတ်သန်းချိန်နှင့်ကိုက်ပြီး ရွာကိုမီးရှို့ ဖျက်ဆီး

မောင်တောမြို့နယ်၊ ဒါးကြီးဖားကျေးရွားအနီးကို နယ်မြေခံတပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြတ်သန်းသွား လာချိန်မှာ အချိန်ကိုက်ပြီး ရွာကိုမီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက မောင်တောမြို့နယ် ဒါးကြီးဇားကျေးရွာအနီး ဖြတ်သန်းစဉ် ကျေးရွာအနီးတစ်ဝိုက်မှာ မီးခိုးတွေ ထွက်လာလို့ သွားရောက်စစ်ဆေးခဲ့တာပါ။...

LATEST NEWS