fbpx
Home Tags နိုင်ငံတကာ

Tag: နိုင်ငံတကာ

International

သမ္မတပတ်ခ်ဂွန်ဟေး အကျင့်ပျက် ခြစားမှုကြောင့် ရာထူးမှ ဖယ်ရှားခံရဖွယ် ရှိနေ

ဒီမိုကရေစီ နည်းလမ်းအရ ရွေးချယ်တင်မြှောက်ခံရတဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေထဲမှာ မစ္စပတ်ခ်ဂွန်ဟေးဟာ ပထမဆုံး အကြိမ် ရာထူးကနေ ဖယ်ရှားခဲ့ရသူဖြစ်လာခဲ့ပါတယ်။ ရင်းနှီးတဲ့မိတ်ဆွေ မစ္စချောင်ဆွမ်စီးလ်ပါဝင်တဲ့ အကျင့်ပျက်ခြစားမှုမှာ ပတ်သတ်မှုရှိခဲ့တာကြောင့် သူမကို ရာထူးကနေ ဖယ်ရှားဖို့ ပါလီမန်ရဲ့ဆုံးဖြတ်ခဲ့မှုအပေါ် တရားသူကြီးတွေကလည်း တညီတညွှတ်တည်း ထောက်ခံခဲ့ကြပါတယ်။ မစ္စပတ်ခ်ကို ဖယ်ရှားလိုက်တာနဲ့ တောင်ကိုရီးယားနိုင်ငံအနေနဲ့ လာမယ့်မေလအစောဆုံးထားပြီး သမ္မတအသစ်ကို...

ကင်မ်ဂျုံနန်ရဲ့ သား နောက်ထပ် ပစ်မှတ် ဖြစ်လာနိုင်ကြောင်း သံအမတ်ဟောင်း ပြော

အသတ်ခံလိုက်ရဲ့ ကင်မ်ဂျုံနမ်ရဲ့ သား ကင်မ်ဟန်ဆိုးလ်ဟာ မြောက်ကိုးရီးယား အာဏာရှင် ကင်မ်ဂျုံအန်းရဲ့ နောက်ထပ် ပစ်မှတ် တစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ UK ဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ဟောင်း ဖြစ်တဲ့ ထေယောင်ဟိုက ကင်မ်ဂျုံအန်းဟာ အင်မ်ဟန်ဆိုးလ် ရှိနေတာကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ...

မက္ကဆီကို ဘက်ကနေ တရားမ၀င် ၀င်ရောက်သူ ၄၀ ရာခိုင်နူန်း လျော့ကျ

ပြီးခဲ့သော ဇန်န၀ါရီလ ကနေ ဖေဖော်ဝါရီလအတွင်း အမေရိကန်နိုင်ငံကို မက္ကစီကိုဘက်မှ တရားမ၀င် ဖြတ်သန်းဝင်ရောက်သူ အရေအတွက် ၄၀ ရာခိုင်နူန်းလျော့ကျသွားကြောင်း အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထဲရေးဝန်ကြီး ဂျွန်ကယ်ရီက အခုလိုလျော့ကျသွားတာဟာ ဒေါ်နယ်လ်ထရန့်ရဲ့တင်းကြပ်တဲ့ မူဝါဒကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်-မက္ကဆီကို နယ်စပ်ဒေသမှာ ဖြတ်သန်းမရနိုင်တဲ့ အရံအတားတွေ ထားရှိဖို့အတွက် သမ္မတထရန့်က အမှုဆောင်...

၁၁၀၂ ပေါင် ရှိတဲ့ အီဂျစ်အမျိုးသမီး အိန္ဒိယမှာ ခွဲစိတ်ကုသ

ကမ္ဘာပေါ်မှာ အ၀ဆုံး အမျိုးသမီးဖြစ်ဖွယ်ရှိတဲ့ ကီလို ၅၀၀ကျော် (၁၁၀၂ပေါင်) ရှိသူဟာ ကိုယ်အလေးချိန် လျော့ချဖို့အတွက် အိန္ဒိယမှာ ခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။ အသက် ၃၆ နှစ်ရှိသူ အီမန်အာမက်အက်ဒ်အဲလ် အက်တီဆိုသူဟာ ခွဲစိတ်ကုသမှု ခံယူပြီးနောက် ကိုယ်အလေးချိန် ၁၀၀ ကီလို ဂရမ် လျော့ကျသွားကြောင်း အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ...

ဂွာတီမာလာမှာ လူငယ်စောင့်ရှောက်ရေး ဂေဟာ မီးလောင်မှု မိန်းကလေး ၂၀ ကျော် သေဆုံး

ဂွာတီမာလာနိုင်ငံ စီးတီးမြို့တော်ရဲ့ အနောက်တောင်ဘက် ၁၅ မိုင်အကွာ ဆန်ဟိုးဆေး ပင်နလာရှိ အစိုးပိုင် ဗာဂျင် ဒေ အာဆန်စီယွန် လူငယ် ထိန်းသိမ်း စောင့်ရှောက်ရေး ဂေဟာတစ်ခုမှာ မတ်လ (၈) ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ မီးဘေးကြောင့် အနည်းဆုံး ဆယ်ကျော်သက် မိန်းကလေးငယ်...

အမေရိကန်နဲ့ မြောက်ကိုရီးယား မျက်နှာချင်းဆိုင်ပြီး အရှိန်တင် မောင်းနေတဲ့ ရထား နှစ်စီးလို့ တရုတ်ပြော

အမေရိကန် ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားတို့ဟာ အရှိန်တင်ပြီး မျက်နှာချင်းဆိုင် မောင်းနေကြတဲ့ တိုက်မိတော့မယ့် ရထား နှစ်စီးနဲ့ တူနေတယ်လို့ တရုတ်က ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည် ၄ ခု ပစ်ခတ်စမ်းသပ်ခဲ့မှုနဲ့ အမေရိကန်က တောင်ကိုရီးယားထံ ဒုံးကျည်ပစ်ချရေး လက်နက်စနစ် THDD ကို ပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး...

ကဘူးလ် စစ်ဆေးရုံ တိုက်ခိုက်မှု သူတို့လက်ချက်လို့ IS ကြေညာ

အာဖဂန် နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့ရှိ စစ်ဆေးရုံကို တိုက်ခိုက်တာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ IS စစ်သွေားကြွအဖွဲ့က ကြေညာလိုက်ပါတယ်။ မတ်လ ၈ ရက်နေ့မှာ ဖြစ်ပွားတဲ့ ဒီတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦးသေဆုံးပြီး ၆၆ ဦး ဒဏ်ရာ ရရှိသွားပါတယ်။ အကြမ်းဖက် သေနတ်သမား သုံးဦးဟာ ဆရာဝန်ဟန်ဆောင်ပြီး...

ဂွာတီမာလာ သမ္မတ နုတ်ထွက် ပေးဖို့ လူထောင်ပေါင်းများစွာ ဆန္ဒပြ တောင်းဆို

ဂွာတီမာလာ နိုင်ငံ၊ စန်ထရယ် စကွဲယားမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေက ဂွာတီမာလာ သမ္မတ ဂျင်မီ မိုရာလက်စ် နုတ်ထွက်ပေးဖို့ မနေ့က မတ်လ (၇) ရက်က ဆန္ဒပြခဲ့ကြပါတယ်။ သူရဲ့ အစ်ကိုဖြစ်သူဟာ အဂတိလိုက်စားမှုတွေ လုပ်နေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဂျေမီ အပေါ်...

မိုလ်ဆူးကနေ ဆီးရီးယားကို IS တွေ ဆုတ်ခွာထွက်ပြေး

အထူးတပ်ဖွဲ့တွေရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံ၊ မိုဆူးလ်မြို့ကနေ ဆီးရီးယားနိုင်ငံ၊ ရက်ကာကို အမြန်ဆုံး ဆုတ်ခွာကြဖို့ IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်က အမိန့်ပေးလိုက်ပါတယ်။ အနောက်တိုင်းသားတွေ အပါအဝင် နိုင်ငံခြားသားတွေ ပါဝင်တဲ့ IS အကြမ်းဖက်အဖွဲ့ဟာ အဆင့်မြင့် အီရတ် တိုက်ခိုက်ရေး အဖွဲ့တွေရဲ့ ဝင်ရောက်စီးနင်းမှုကြောင့် မိုလ်ဆူးမြို့ မကျခင်မှာဘဲ...

Latest news