fbpx
Home Tags သဘာဝပတ်ဝန်းကျင်

Tag: သဘာဝပတ်ဝန်းကျင်

သဘာဝပတ်ဝန်းကျင်

မက္ကဆီကို ငလျင်မှာ သေဆုံးသူ ၁၀ ဦးအထိ ရှိလာ၊ အဆောက်အဦ ၅ ထောင်ကျော် ပျက်စီး

မက္ကဆီကိုနိုင်ငံမှာ ဇွန်လ ၂၃ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဟာ ၁၀ အထိ မြင့်တက်လာပြီး အပျက်အစီးတွေကို ရှင်းလင်းနေကာ ပျက်စီးဆုံးရှုံးမှုတွေကို တွက်ချက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောတယ်။ အောက်ဇာကာပြည်နယ်ရှိ နာမည်ကျော် ဟူအာတူလ်ကို...

မက္ကဆီကို တောင်ပိုင်းမှာ ပြင်းအား ၇ ဒသမ ၄ ရှိ ငလျင်လှုပ်

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ ပစိဖိတ် ကမ်းခြေအနီးမှာ ပြင်းအား မဂ္ဂနီကျု ၇ ဒသမ ၄ ရှိ ငလျင် ဇွန်လ ၂၃ ရက်နေ့က လှုပ်ခတ်ခဲ့ပြီး မိုင်ပေါင်းရာချီဝေးတဲ့ မက္ကဆီကို စီးတီးက အဆောက်အဦတချို့လည်း ပျက်စီးခဲ့ပါတယ်။

ပလင်းကမ်းသာယာ စခန်းက ဆင်တွေအတွက် ကြံ ကျပ် ၁၇ သိန်းဖိုး လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပလင်းကမ်းသာယာ ဆင်စခန်းရှိ ဆင်တွေအတွက် COVID-19 ရောဂါ ဖြစ်ပွားမှုကာလ ဆင်စခန်း ယာယီပိတ်ထားစဉ်အတွင်း ဆင်တွေစားသောက်ရေး အဆင်ပြေစေဖို့ မြင်းခြံမြို့၊ စံပြရွာ ကြံစိုက်ခင်းပိုင်ရှင် ဦးဝင်းကို မိသားစုက ကြံတွေကို ဇွန်လ ၁၅ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။

ရှေးဦး မိကျောင်းမျိုးစိတ်တစ်မျိုးက ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်ကြောင်း တွေ့ရှိ

တောင်ကိုရီးယားနိုင်ငံမှာ တွေ့ရှိရတဲ့ အထောက်အထားသစ်တွေအရ ရှေးဦး မိချောင်းမျိုးစိတ် တစ်မျိုးဟာ ဒိုင်နိုဆောတွေလို ခြေနှစ်ဖက်ပေါ်မှာ အားပြု လမ်းလျှောက်တယ်လို့ သုံးသပ်ကြပါတယ်။ မိကျောင်းတွေနဲ့ ဆက်စပ်မျိုးစိတ်တွေဟာ ခေတ်သစ် ဒိုင်နိုဆော မျိုးစိတ်တွေလို့ ရည်ညွှန်းကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ခတ်...

လေထုညစ်ညမ်းမှုကြောင့် မြန်မာနိုင်ငံမှာ နှစ်စဉ် လူပေါင်း ၄၅၀၀၀ အသက်ဆုံးရှုံးနေ

လေထုညစ်ညမ်းမှုကြောင့် မြန်မာနိုင်ငံမှာ နှစ်စဉ် လူပေါင်း ၄၅၀၀၀ အသက်ဆုံးရှုံးနေတယ်လို့ ဥရောပသမဂ္ဂ မြန်မာက သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်မြို့တစ်ဝိုက် ဧရိယာဟာ ကမ္ဘာမှာ လေအရည်အသွေး အနိမ့်ကျဆုံး နေရာတွေထဲက တစ်နေရာ ဖြစ်ပါတယ်။ ရန်ကုန်မှာ COVID-19...

၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာနိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၄၈ နာရီအတွင်း ပိုမို အားကောင်းလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့မနက် တိုင်းတာမှုအရ လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ကာ၊ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းသို့...

မျိုးသုဉ်းနိုင်တဲ့ အန္တရာယ်ရှိတဲ့ တောရိုင်းတိရစ္ဆာန် မျိုးစိတ် ၉၀ ကို စီးပွားဖြစ် မွေးခွင့်ပြု

မျိုးဆက်ပျက်သုဉ်းမယ့် အန္တရာယ်ရှိလို့ ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန် မျိုးစိတ် ၉၀ ကို စီးပွားဖြစ် မွေးမြူခွင့်ပြုတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ စီးပွားဖြစ် မွေးခွင့်ပြုတဲ့ တောရိုင်းတိရစ္ဆာန် မျိုးစိတ်တွေကတော့...

ကမ္ဘာတစ်ဝန်း စိုက်ပျိုးရေးမှာ ပိုးသတ်ဆေးတွေ သုံးစွဲမှု ရပ်ဖို့ သတိပေး

ကမ္ဘာတစ်ဝန်းမှာ အင်းဆက်ကောင်ရေ အလွန်အမင်း ကျဆင်းနေကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းကိုရော အင်းဆက် တိရစ္ဆာန်တွေကို ထိန်းသိမ်းနိုင်မယ့် ကမ္ဘာ့မူဝါဒ ချမှတ်ဖို့ တောင်းဆိုလိုကြောင်း အစီရင်ခံစာသစ် တစ်စောင်က ဖော်ပြလိုက်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် အခြေစိုက် Friend...

မိုးကြိုနဲ့ မိုးနှောင်းကာလ မိုးကြိုးဘေးအန္တရာယ် သတိပေးချက် ထုတ်ပြန်

မြန်မာနိုင်ငံအတွင်း မိုးကြိုကာလနဲ့ မိုးနှောင်းကာလတွေမှာ မိုးကြိုးပစ်တာတွေ အဖြစ်များလို့ သတိထားကြဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ တစ်နေ့တာအတွင်း မိုးကြိုးပစ်တာ အများဆုံးဖြစ်ပွားတဲ့ အချိန်တွေကတော့ မွန်းတည့် ၁၂ နာရီကနေ...

မိုးကြိုကာလအတွင်း မိုးကြိုးပစ်ခံရလို့ ၂၅ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ

မြန်မာနိုင်ငံမှာ မိုးကြိုကာလအတွင်း မိုးကြိုးပစ်ခံရမှုတွေကြောင့် လူ ၂၅ ဦး သေဆုံးပြီး ၉ ဦးအထိ ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အခုအချိန်ဟာ မုတ်သုံကာလကို ရောက်ရှိလာပြီဖြစ်လို့ လေပြင်းတိုက်ခတ်တာ၊...

Latest news