၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပြည်မအပြင် ပြည်နယ် မဲဆန္ဒနယ်အချို့မှာပါ နိုင်ချေရှိ

0
188

❖ နိုင်ငံတကာ တရားရုံး ICJ တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင် ဖြေရှင်းခဲ့မှုကြောင့် NLD ပါတီအနေနဲ့ ပြည်မအပြင် ပြည်နယ် မဲဆန္ဒနယ် အချို့မှာပါ အနိုင်ရရှိ နိုင်ချေ ရှိလာတယ်လို့ ဝါရင့် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာကျော်ဝင်းက သုံးသပ် ပြောကြားလိုက်ပါတယ်။

❖ NLD ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိ နိုင်ပေမယ့် လည်း အစိုးရအဖွဲ့ မဖွဲ့နိုင်ခဲ့ရင် တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပေါင်းစည်းမှာလား၊ ဒါမှမဟုတ် တခြားအင်အားစုနဲ့ ပေါင်းစည်းမှာလားဆိုတာကတော့ စောင့်ကြည့်ရမယ်လို့လည်း သူက ပြောပါတယ်။

❖ ဒီလိုအခြေအနေတွေ ရှိပေမယ့်လည်း ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် လွှတ်တော်တွင်းက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတော့ မျှော်လင့်ချက် သိပ်ထားလို့ မရဘူးလို့လည်း ဆရာကျော်ဝင်းက ပြောတာပါ။

❖ အပြည့်အစုံကိုတော့ MCN ရုပ်/သံ သတင်းဌာနက အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နှစ်စဉ် စီစဉ်တင် ဆက်ပေးနေတဲ့ “၂၀၂၀ ခုနှစ်အတွက် ကြိုတင်ဟောကိန်း” (Adumbration For 2020) အစီအစဉ်မှာ ရှုစားနိုင်ကြမှာဖြစ်ပါတယ်။