သတင်းမှားဖြန့်ဝေမှုရဲ့ ယုတ်ညံ့တဲ့ ရည်ရွယ်ချက်က တိုင်းရင်းသား ညီညွတ်ရေးကို ထိခိုက်စေဖို့ ဟုဆို

0
1144

နိုင်ငံရေးအရ လုပ်ကြံ သရုပ်ဖျက်ထားတဲ့ အောက်တန်း ကျတဲ့နည်းနဲ့ သတင်းမှားဖြန့်ဝေမှုရဲ့ ယုတ်ညံ့တဲ့ ရည်ရွယ်ချက်က တိုင်းရင်းသား ညီညွတ်ရေးကို ထိခိုက်စေဖို့ ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောကြားလိုက်ပါတယ်။

MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်းတွေအပြင် တခြားသတင်းဌာနတွေမှာပါ ဘယ်တုန်းကမှ ပြောကြားမှု မရှိခဲ့တဲ့ အကြောင်းအရာတွေကို minkhant.thway.581 Facebook အကောင့်က စတင်ပြီး သတင်းမှား ဖြန့်ဝေခဲ့တဲ့အပေါ် ဦးသန်းစိုးနိုင်က
တုန့်ပြန်လိုက်တာပါ။

အဲ့ဒီ သတင်းမှားဖြန်ဝေမှုတွေထဲမှာတော့ “ကရင့်တော်လှန်ရေးခေါင်းဆောင် (စောဘဦးကြီး) လို AA ခေါင်းဆောင်တွေကို လုပ်ကြံရှင်းလင်းနိုင်ရင် လက်ရှိ တပ်မတော်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ” (ဦးသန်းစိုးနိုင်) ပြောကြောင်း မမှန်မကန် ဖော်ပြထားတာပါ။

ဒီလို သတင်းမှားဖြန့်ဝေခံရတဲ့အပေါ် အပြည့်အစုံ သိရဖို့ ကာယကံရှင်ဖြစ်တဲ့ မြန်မာ့နိုင်ငံရေးနှင့် စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို MCN သတင်းဌာနက ဆက်သွယ်မေးမြန်း တင်ဆက်ပေးထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)