မူးယစ်ဆေး ပြဿနာရဲ့ ဆိုးယွားတဲ့ အကျိုးဆက်ကို အမျိုးသမီးနဲ့ ကလေးငယ်တွေ အဓိက ခံစားနေကြရ

0
298

အမျိုးသားရေးအန္တရာယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ပြဿနာကနေ ပေါ်ပေါက်လာတဲ့ ဆိုးယွားတဲ့ အကျိုးဆက်တွေကို အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် သက်ကြီးရွယ်အိုတွေ အဓိက ခံစားနေကြရတယ်လို့ မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မူးယစ်ဆေး ဖမ်းဆီးရရှိမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃ ဆနီးပါး တိုးမြင့်လာနေသလို ထုတ်လုပ်မှုနှုန်းနဲ့ သုံးစွဲမှုနှုန်းတွေမှာလည်း ကျဆင်း လျော့နည်းလာတာမျိုး မရှိပဲ ဆတိုးနဲ့ တိုးပွားနေတာကြောင့် အစိုးရအနေနဲ့ ချမှတ်ထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မူဝါဒတွေကို ပြန်လည် သုံးသပ်ဖို့ကိုလည်း မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) ရဲ့ ဥက္ကဌ ဒေါ်တင်တင်ညိုက တိုက်တွန်းထားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးပြဿနာဟာ လက်နက်ကိုင်ပဋိပက္ခတွေမှာ အခြေခံတာကြောင့် ပဋိပက္ခတွေ အမြန်ဆုံး အဆုံးသက်နိုင်ရေး ပါဝင်ပတ်သက်နေတဲ့ အဖက်ဖက်က ခေါင်းဆောင်အားလုံးမှာ အဓိက တာဝန်ရှိတယ်လို့လည်း သူက ပြောပါတယ်။

အပြည့်အစုံကို ဇွန်လ (၂၆) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ (၃၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆက်သွယ်မေးမြန်းခန်း အထူးအစီအစဉ်မှာ ရှုစားနိုင်ကြမှာဖြစ်ပါတယ်။

အမျိုးသားရေးအန္တရာယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ပြဿနာကနေ ပေါ်ပေါက်လာတဲ့ ဆိုးယွားတဲ့ အကျိုးဆက်တွေကို အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် သက်ကြီးရွယ်အိုတွေ အဓိက ခံစားနေကြရတယ်လို့ မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မူးယစ်ဆေး ဖမ်းဆီးရရှိမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃ ဆနီးပါး တိုးမြင့်လာနေသလို ထုတ်လုပ်မှုနှုန်းနဲ့ သုံးစွဲမှုနှုန်းတွေမှာလည်း ကျဆင်း လျော့နည်းလာတာမျိုး မရှိပဲ ဆတိုးနဲ့ တိုးပွားနေတာကြောင့် အစိုးရအနေနဲ့ ချမှတ်ထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မူဝါဒတွေကို ပြန်လည် သုံးသပ်ဖို့ကိုလည်း မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) ရဲ့ ဥက္ကဌ ဒေါ်တင်တင်ညိုက တိုက်တွန်းထားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးပြဿနာဟာ လက်နက်ကိုင်ပဋိပက္ခတွေမှာ အခြေခံတာကြောင့် ပဋိပက္ခတွေ အမြန်ဆုံး အဆုံးသက်နိုင်ရေး ပါဝင်ပတ်သက်နေတဲ့ အဖက်ဖက်က ခေါင်းဆောင်အားလုံးမှာ အဓိက တာဝန်ရှိတယ်လို့လည်း သူက ပြောပါတယ်။


The #United #Nations #Office #On #Drugs #and #Crime #UNODC

33 Th The International Day Against Drug Abuse and Illicit Trafficking 2020 JUNE 26 (Special Program)


Please #Subscribe #Our #Channel 4 #More #Update

https://bit.ly/2NwsUXG

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)