ရခိုင်မှာ ကိုဗစ် ၁၉ ကူးစက်မှု မြင့်မားနေချိန် – (ရိုဟင်ဂျာ) တွေရဲ့ ၃ နှစ်ပြည့်ချိန် အခြေအနေ

0
1726

❖ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါကူးစက်မှု မြင့်မားနေချိန်မှာပဲ လွန်ခဲ့တဲ့ ၃ နှစ်က တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းမှုတွေအတွင်း တဖက်နိုင်ငံကို ထွက်ပြေးခဲ့ကြရတဲ့ သိန်းနဲ့ချိတဲ့ (ရိုဟင်ဂျာ) တွေရဲ့ နေရပ်ပြန်ရေးနဲ့ အခြေအနေတွေက ဘယ်လိုတွေ ရှိနေပါလဲ။

❖ ပြည်တွင်းမှာ ရှိတဲ့ ဒီလူမှုအဖွဲ့အစည်းဝင်တွေမှာဆိုရင်လည်း ဆန္ဒမဲပေးခွင့်နဲ့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်တွေ ဆုံးရှုံးနေတဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေ မြင့်မားနေချိန်လို့ ဆိုရမှာပါ။

❖ စတဲ့အခြေအနေတွေအပေါ် နိုင်ငံတကာနဲ့ သူတို့ကိုယ် သူတို့ကတော့ (ရိုဟင်ဂျာ) လို့ ခေါ်ခဲ့တဲ့ လူမှုအဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်သလို ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်နဲ့ တိုက်ရိုက် ဆက်သွယ်မေးမြန်းတင်ဆက်ပေးထားပါတယ်။

❖ မြန်မာအစိုးရကတော့ (ရိုဟင်ဂျာ) ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပဲ ပြန်လည်လက်ခံရေးတွေကို သဘောတူစာချုပ်တွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)