∎ NLD ကို ထောက်ခံခဲ့ကြသူတွေ “တစ်ခါ သေဖူး၊ ပျဉ်ဖိုး နားလည်” ကြဖို့ လိုပြီ ဟုဆို

0
2573

❖ အာဏာရပါတီ NLD ရဲ့ ရွေးကောက်ပွဲ ကတိတွေ ၅ နှစ်လုံးလုံး အရာမထင်ပဲ လေထဲ ပျောက်ကွယ် ခဲ့တာကြောင့် တချိန်က ထောက်ခံခဲ့ကြတဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး “တစ်ခါသေဖူး၊ ပျဉ်ဖိုး နားလည်” ကြဖို့ လိုပြီလို့ နိုဝင်ဘာ (၈) ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ စာရေးဆရာ ဦးသန်းဝင်းလှိုင်က ပြောကြား လိုက်ပါတယ်။

❖ ဒါ့အပြင် NLD အစိုးရရဲ့ အုပ်ချုပ်မှုနဲ့ ခေါင်းဆောင်မှု စွမ်းရည် ညံ့ဖျင်းမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်ဈေနှုန်း ကြီးမြင့်မှု၊ လျှပ်စစ်မီတာခ အပါအဝင် အခွန်အခ ဝန်ထုပ်ဝန်ပိုး အစမတန် ကြီးမြင့်လာမှုတွေကြောင့် ပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင်ခေတ်တွေကထက် ပိုမိုကြပ်တည်းလာတဲ့ အခြေအနေတွေကို အဆုံး သတ်ကြဖို့ လိုပြီလို့လည်း သူက ဆိုတာပါ။

❖ မျက်မှောက်ခေတ်သမိုင်းဆိုင်ရာ စာအုပ်အများအပြားကို ပြုစုရေးသားနေသူ စာရေးဆရာ ဦးသန်းဝင်းလှိုင်ဟာ “သစ်ခုတ်သမားပါတီ” လို့ လူသိများတဲ့ ၁၉၉၀ ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ စုစည်း တည်ထောင်ထားတဲ့ ညီညွတ်သောတိုင်းရင်း သားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ကို ကိုယ်စားပြုပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

❖ ဦးသန်းဝင်းလှိုင်ဟာ ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေ ဇာတိနေရပ် ပြန်နိုင်ဖို့၊ တရုတ် စီမံကိန်း အန္တရာယ်ကနေ ဒေသခံတွေရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးနိုင်ဖို့အပါအဝင် ဖားကန့်ဒေသရောက် ရေမဆေးကျောက် ရှာဖွေသူတို့ရဲ့ ဘဝတွေကို အကာအကွယ်ပေးနိုင်ဖို့ အဲ့ဒီနေရာမှာ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုတာပါ။

❖ စာရေးဆရာ ဦးသန်းဝင်းလှိုင်ဟာ ဗိုလ်ချုပ်အောင်ဆန်း သမိုင်းမှန် အပါအဝင် ရှစ်လေးလုံး လူထုလှုပ်ရှားမှု သမိုင်းမှန်၊ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကောက်ကျစ်မှုသမိုင်းမှန်စတဲ့ မျက်မှောက်ခေတ် သမိုင်းဆိုင်ရာ စာအုပ်အများ အပြားကို ပြုစုရေးသား ထုတ်ဝေခဲ့သူပါ။ ၂၀၀၀ ပြည့်နှစ်တွင် “ရုပ်ထုမှ ပြောသော ပုဂ္ဂိုလ်ထူးများ“ စာအုပ်ရေးသားမှုကြောင့် စစ်အာဏာရှင်တို့ရဲ့ ထောင် ၇ နှစ်ချမှတ်တာကို ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်ပါတယ်။

❖ အပြည့်အစုံကို MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ “၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ အထူးအစီအစဉ်” #၂၀၂၀ ရွေးကောက်ပွဲ | MYANMAR 2020 GENERAL ELECTIONS မှာ MCN သတင်းဌာန အယ်ဒီတာ ကိုအံ့ဘုန်းမြတ်က ဦးသန်းဝင်းလှိုင်ကို ဆက်သွယ်မေးမြန်း တက်ဆက် ပေးထားပါတယ်။

Please #Subscribe #Our #Channel #For #More #Update

https://bit.ly/2NwsUXG
https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)