COVID-19 ဓာတ်ခွဲအတည်ပြုသတင်းတွေကို တိကျတဲ့ မူဝါဒနဲ့ ထုတ်ပြန်ပေးဖို့တောင်းဆို

0
1020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ COVID-19 ဓာတ်ခွဲအတည်ပြုမှု သတင်းထုတ် ပြန်ရာမှာ လူနာတွေရဲ့ ထိတွေ့ဆက်ဆံမှု (Contact) တွေအပါအဝင် အရေးကြီးတဲ့ အချက်အလက်တွေကို တိကျခိုင်မာတဲ့ မူဝါဒမျိုးချမှတ်ပြီး ထုတ်ပြန်ပေးဖို့ လိုအပ် နေပါတယ်။

ဒီလို ထုတ်ပြန်ပေးတာမျိုး မရှိရင် COVID-19 ရောဂါ ကူးစက်မှု တိုက်ဖျက်ရေး အရေးပေါ် တုန့်ပြန်ဆောင်ရွက်မှုဆိုင်ရာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ရေး အပေါ် သက်ရောက်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့လည်း ကျန်းမာရေးနှင့် နည်းပညာ ဆိုင်ရာ ပညာရှင်တွေရဲ့ အကြံပြုတိုက်တွန်းမှုတွေလည်း ရှိနေတာပါ။

အပြည့်အစုံကိုတော့ www.covidmyanmar.com ကို တည်ထောင်သူ ကျန်းမာရေးနှင့် နည်းပညာဆိုင်ရာပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာငြိမ်းချမ်းကိုကိုနဲ့ MCN သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့က ဆွေးနွေး တင်ဆက်ပေးထားကြပါတယ်။




COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)