“ကျန်းမာရေးနဲ့ ယှဉ်လာရင်တော့ ပညာရေးက ဒုတိယပဲ ထားသင့်တယ်လို့ မြင်တယ်”

0
453

လာမယ့်ဇူလိုင်လ အတွင်းမှာ စာသင်ကျောင်းတွေကို ပြန်ဖွင့်တော့မယ်လို့ အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူတွေက ပြည်တွင်းမီဒီယာတွေကို ပြောကြားမှုတွေ ရှိလာနေပါပြီ။ ရောဂါပိုး ကူးစက်နေတဲ့ ကာလအတွင်း စာသင်ကျောင်းတွေ ပြန်ဖွင့်မှာကို ကျောင်းသားမိဘတွေ အပါအဝင် ဆရာ၊ ဆရာမတွေကလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ အဲ့ဒီ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ကျော်သူကို MCN သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။

MCN – လာမယ့်ဇူလိုင်လမှာ ကျောင်းတွေပြန်ဖွင့်မယ်ဆိုရင် အန္တရာယ်ကင်းနိုင်ပါ့မလား။ အဲဒီအပေါ် ဆရာ တစ်ယောက်အနေနဲ့ ဘယ်လို ရှုမြင်ပါသလဲ။

UAKT – ဇူလိုင်လလောက် ပြန်ဖွင့်မယ်လို့ ညွှန်ချုပ်ကြီးက ပြောတာပေါ့။ ဇူလိုင်လထဲမှာ ပြန်ဖွင့်မယ်ဆိုတော့ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ တော်တော်များများက ပညာရေး Group တွေမှာလည်း ပြောကြတယ်ပေါ့။ ဒီရောဂါ ကင်းစင်စေတဲ့ အခြေအနေရောက်မှ အားလုံးဖွင့်စေချင်တာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကျောင်းတွေမှာ ကျောင်းသားရာနဲ့ချီ ရှိတယ်။ ရှိတဲ့အခါကျတော့ ဒီကလေးတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ထိန်းသိမ်းရတာ ကျနော်တို့မှာ အရမ်းကို တာဝန်ကြီးပါတယ်။ အခု ပညာရေးဝန်ကြီးဌာနက ပြောကြားချက်တွေအရတော့ နှစ်သုတ်တက်တာတို့ ပြောကြတာပေါ့ဗျာ။ အဲဒီတော့ နှစ်သုတ်တတ်တာ တို့ကလည်း ကျောင်းအဆောက်အဦနဲ့ ကျောင်းသားအင်အား၊ ဆရာ၊ ဆရာမအင်အားနဲ့ဆို ကျောင်းတွေမှာ အဆင်မပြေတာ နည်းနည်းများတယ်။

ကျောင်းတွေတက်မယ်ဆိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ၃ ပေအကွာက နေတာတို့၊ နှာခေါင်းစည်းတပ်တာတို့၊ လက်ဆေးတာတို့ ဒါတွေကအစ လုပ်ရမှာပေါ့။ အဲ့ဒါတွေက ကျွန်တော်တို့အတွက် အခက်အခဲတွေ အများကြီး ဖြစ်နိုင်တယ်။ အဲ့ဒါတွေ မလုပ်ရတဲ့ အချိန်လောက်၊ လုပ်ဖို့မလိုတဲ့ အချိန်လောက်မှ ဖွင့်စေချင်တာ အမှန်ပဲ။ ဒါပေမယ့် ဒါကို ဇူလိုင်လလောက် အတွင်းမှာ ဖွင့်ဖို့ကြညာထားပါတယ်။ ဒါက ကျွန်တော်တို့လည်း နည်းနည်းတော့ ခေါင်းထဲထည့်နေရပြီပေါ့နော်။ အဲဒီ အနေအထားတော့ အခုလောလောဆယ် ရှိပါတယ်။

MCN – စာသင်ကျောင်းတွေမှာ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ Social Distancing တို့၊ လက်ဆေးတာတို့ ဒါတွေလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတော့ ဘယ်လို အခက်အခဲတွေ ရှိပါသလဲ။

UAKT – မဖြစ်နိုင်ဘူး ဆိုတောတော့ ရှိပါတယ်။ နံပါတ် (၁) က လိုအပ်တဲ့ပစ္စည်းတွေကို ကျောင်းတွေမှာ ဝယ်ဖို့ဆိုတာ ခက်ပါတယ်။ ဒီပစ္စည်းတွေကို အလုံအလောက် ချပေးမယ်။ ဌာနကနေ ချပေးမယ်။ အစိုးရကနေ ချပေးမယ်။ Mask တွေဆိုလည်း ကလေးတွေက နေ့တိုင်းတပ်ရမယ်ဆိုရင် မလွယ်ဘူး။ တစ်နေ့တည်းနဲ့ဆိုရင်တောင် တစ်ခုနဲ့ လောက်ချင်မှလောက်မှာ။ ကလေးတွေဆိုတာ သိတဲ့အတိုင်းပဲ။ သူတို ့ဆော့နေမှာ။ သူတို ့ပေလူးနေမှာ။ နောက်တစ်ခုက ဆပ်ပြာတို့၊ လက်ဆေးဇလုံတို့က ကျောင်းတွေမှာ အခုမှ ဖြစ်တဲ့ရောဂါဖြစ်လို့ ဒီပစ္စည်းတွေက မရှိတာများတယ်။ ဒါတွေကို အသစ်ကစ ဝယ်ရမယ်ဆိုရင် ပစ္စည်းပိုင်းဆိုင်ရာ၊ ငွေရေးကြေးရေးပိုင်းဆိုင်ရာလည်း အများကြီး လိုအပ်တယ်။ ဝန်ကြီးဌာနရဲ့ ကျန်းမာရေး ညွှန်ကြားမှုတွေကို အတိအကျ လုပ်ရမယ်ဆိုရင် ဌာနကနေ၊ အစိုးရကနေ အပြည့်အဝ ထောက်ပံ့ပေးမယ် ဆိုရင်ကျောင်းတွေမှာ အဆင်ပြေမယ်။ သူတို့ တတ်နိုင်သလောက်ပဲ လုပ်မယ်ဆိုရင် ကျောင်းတွေမှာ အဲဒီ ညွှန်ကြားချက်တွေ လိုက်မီဖို့က မနည်းကြိုးစားရမှာပါ။

MCN – ကျောင်းသားမိဘတွေ အနေနဲ့ရော ကျောင်းတွေ ပြန်ဖွင့်တာနဲ့ ပတ်သက်ပြီး ဘယ်လိုဆန္ဒမျိုး ရှိကြလဲ။ ဆရာရော မိဘတစ်ယောက် အနေနဲ့ဆိုရင် ကလေးတွေကို ကျောင်းလွှတ်မှာလား။ ဘယ်လို ဆုံးဖြတ်မှာလဲ။

UAKT – အဲ့ဒါက ရောဂါဖြစ်ပွားမှုနှုန်းပေါ် မူတည်တယ်လို့ ကျွန်တော်မြင််တယ်။ အခုဆိုရင် တစ်နေ့ကို တစ်ယောက် တွေ့တယ်၊ နှစ်ယောက်တွေ့တယ်တို့ ရှိနေတုန်းပဲ။ အကယ်၍သာ ကျွန်တော်တို့က ဥပမာအနေနဲ့ တစ်လလောက် Positive လူနာ ထပ်မတိုးတော့ဘူး ဆိုရင်တော့ မိဘတွေအနေနဲ့ စိတ်ချတဲ့ အနေအထားဆိုရင် ကျောင်းအပ်တာတို့၊ ကျောင်းကို လွှတ်တာတို့ ရှိမှာပေါ့။ ဥပမာ – ရန်ကုန်လိုဒေသမျိုးဆိုရင် သူတို့ မိဘတွေ ကျောင်းကိုပို့မှာ မဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျောင်းပို့လို့ ရောဂါကူးရင် ပြဿနာတက်မယ်။ ရောဂါမကူးအောင် ကျောင်းက ကျောင်းအုပ်တွေ၊ ဆရာ၊ ဆရာမတွေက တာဝန်ခံပေးလို့ မရဘူး။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် လုပ်မှာပဲ။ ဒါပေမယ့် အဲဒီထဲက ကူးချင်လည်း ကူးမှာပေါ့။ မိဘတွေရဲ့ စိုးရိမ်မှုကတော့ ရောဂါဖြစ်ပွားမှုနှုန်းပေါ်မှာ မူတည်ပါတယ်။ တချို့က အခုကတည်းက ကျောင်းမလွှတ်ဘူးဆိုပြီး ပြောနေသံကြားပါတယ်။ ဒါပေမယ့် တကယ် ငြိမ်သွားရင် မိဘက ကျောင်းထားမယ်လို့ ယူဆပါတယ်။

MCN – စာသင်ကျောင်းတွေမှာ အတန်းခွဲသင်တာတို့၊ အွန်လိုင်းစနစ်နဲ့ သင်တာတို့ လုပ်မယ်လို့ ပြောနေပါတယ်။ အဲလိုဆို အခြေခံအဆောက်အဦတွေက ပြည့်စုံပါ့မလား။ အွန်လိုင်းစနစ်ကရော လက်တွေ့မှာ အဆင်ပြေတဲ့ အခြေအနေတွေ ဖြစ်နေပြီလား။

UAKT – အွန်လိုင်းစနစ်က ဆရာ၊ ဆရာမတွေအပိုင်းက ရချင်ရမှာပေါ့။ ကျောင်းသားတွေအနေနဲ့က လုံးဝမရဘူး။ ဆရာ၊ ဆရာမတွေ ရကောင်းရတယ်ဆိုတာက တချို့ဒေသတွေမှာ ဖုန်းလိုင်းမမိတဲ့ ဒေသတွေရှိတယ်။ ဒါက အခက်အခဲတစ်ခု ဖြစ်လာနိ်ုင်တယ်။ နောက်တစ်ခုက အွန်လိုင်းစနစ်က အမှန်တကယ်တော့ Broadcasting ပုံစံပဲ။ သင်ကြားတဲ့ ပုံစံတွေကို လွှင့်မှာပေါ့။ လွှင့်မှာဆိုတော့ သင်ကြားရေးနဲ့ မတူဘဲ ရှင်းရှင်းပြောရင် ဇာတ်လမ်းကြည့်နေသလိုပဲ။ သင်ကြားရမယ့်ပုံစံကို ကြည့်ရတာလောက်ပဲ ရှိတယ်။ Face to face သင်တာလောက် အားမရပါဘူး။ သိပ်ပြီးတော့ ထိရောက်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။ ကလေးတွေအတွက်ကတော့ အွန်လိုင်းသင်ကြားရေးဟာ မဖြစ်နိုင်ပါဘူး။

MCN – ကျောင်းတွေပြန်ဖွင့်ပြီး စနစ်တကျ သင်ကြားသင့်တယ်။ စာသင်နှစ်တစ်နှစ် နောက်ကျရင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်နိုင်တယ်လို့ သုံးသပ်မှုရှိနေပါတယ်။ အဲဒီ ရှုထောင့်အပေါ် ဆရာရော ဘယ်လို ရှုမြင်ပါသလဲ။

UAKT – အဲ့ဒါက ဒီအချိန်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်တဲ့အချိန်ဗျ။ ကမ္ဘာ့နိုင်ငံ အသီးသီးတွေမှာတောင် ကျောင်းတွေမဖွင့်ဘဲ ထားတယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာလည်း ကျောင်းမဖွင့်ဘဲ ထားတာကို လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးတယ်၊ ကလေးတွေ ပညာရေးဆုံးရှုံးတယ်ဆိုတာထက် ကျန်းမာရေးအရ အသက်ဆှုံးရှုံးတာ၊ လူသားအရင်းအမြစ် ဆုံးရှုံးတာက သူတို့ရဲ့ အသိတွေဉာဏ်တွေ ဆုံးရှုံးတာ။ တကယ်လို့ ဒီရောဂါရှိလျက်နဲ့ ကျောင်းဖွင့်ခဲ့လို့ ကူးစက်နိုင်ခဲ့ရင် လူသားအရင်းအမြစ် ဆုံးရှုံးတာမဟုတ်ဘူး။ လူသားအရင်းအမြစ် ပျောက်ကွယ်သွားတာ။ ကျန်းမာရေးနဲ့ ယှဉ်လာရင်တော့ ပညာရေးက ဒုတိယပဲ ထားသင့်တယ်လို့ မြင်တယ်။

MCN – တကယ်လို့ အစိုးရက ကျောင်းတွေ မဖြစ်မနေ ဖွင့်လာရမယ်ဆိုရင် ဆရာတို့ ဘာဆက်လုပ်မှာလဲ။

UAKT – တကယ်လို့ မလွဲမသေဖွင့်မယ်ဆိုရင် ညွှန်ကြားချက်တွေ လာမှာပါ။ ကျွန်တော်တို့ ဆရာ၊ ဆရာမ ပိုင်းကတော့ ဝန်ထမ်းတွေဖြစ်လို့ တက်ဆိုတဲ့အချိန်မှာ တက်မှာပဲ။ ဖွင့်ဆိုတဲ့အချိန်မှာ ဖွင့်မှာပဲ။ ဖွင့်တဲ့အခါ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို နိုင်ငံတော်က ထောက်ပံ့ပေးရမယ်။ ဌာနက ထောက်ပံ့ပေးရမယ်။ အစီအစဉ် လုပ်ပေးရမယ်။ ဒီအစီအစဉ်တွေ အောက်မှာပဲ သွားရမှာပဲ။ ဒီအစီအစဉ်ပေါ် မူတည်ပြီး ဖြစ်လာတဲ့ ပြဿနာကတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့က ဝန်ထမ်းဆိုတော့ ဖွင့်လို့ဆိုရင်တော့ ဖွင့်ရမှာပဲ။ နောက်ပိုင်း ဖြစ်လာတာတွေကတော့ ကျွန်တော်တို့နဲ့ တိုက်ရိုက် မပတ်သက်ဘူးပေါ့နော်။ ဒါ ဖွင့်ခိုင်းတဲ့ အစီအစဉ်တွေ အားလုံးကို သူတို့အားလုံး တာဝန်ယူရမယ့် အနေအထား ရှိတယ်မြင်တယ်။ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေကတော့ ဖွင့်ဆိုရင်တော့ တက်ကြမှာပါ။

MCN – ဖြည့်စွက်ပြောစရာရှိရင် ပြောကြားပေးပါဦး။

UAKT – အဓိက ကတော့ဗျာ၊ ရောဂါကင်းရှင်းသွားတဲ့ အချိန်ထိ၊ ဒါကို ဆေးပေါ်တာ၊ မပေါ်တာကို ကျွန်တော်တို့က မပြောပါဘူး။ ဆေးပေါ်တာကတော့ နှစ်နဲ့ချီ ကြာနိုင်တာပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီရောဂါ ကူးစက်မှုတွေက တစ်ဖြည်းဖြည်းနဲ့ နည်းနေပြီပေါ့နော်။ တစ်နေ့မှ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက် ဒီလောက်ပဲ တွေ့တယ်။ အဲဒီလို ကူးစက်မှုတွေက နောက်ဆို ဘယ်လောက် ပေါ်လာမှန်း မသိတော့ဘူး။ ဒီနေ့ (မေလ ၁၈ ရက်) ဆို ကရင်ပြည်နယ်တို့၊ တနင်္သာရီတိုင်းဒေသတို့မှာ စပေါ်နေပြီပေါ့နော်။ Contact မဟုတ်ဘဲ ပြန်လာတဲ့သူဆီက ပေါ်တာ။ နောက်ပိုင်းလည်း အဲဒီလို ပေါ်လာမယ်ဆိုရင် ဒီကလေး တစ်ယောက်ယောက်ကနေ မိသားစုတစ်ယောက်က ကူးစက်ရင် ကျောင်းတွေ တစ်ကျောင်းလုံးက ကလေးတွေအတွက် အန္တရယ်ရှိတာပေါ့။ မဖြစ်ခဲ့ဘူး ပြောလို့ရတယ် ဆိုပေမယ့် တကယ် ဖြစ်ခဲ့တာရှိသော် ဆိုတဲ့ဟာကို စဉ်စားရမယ်။ အဲဒီလိုဖြစ်ရင် အလုပ်တွေ ပိုရှုပ်မယ်။ ငွေကုန်ကြေးကျတွေလည်း ပိုများတယ်။ နိုင်ငံတော်အတွက်လည်း အလုပ်လည်း ပိုရှုပ်တယ်။ ကျွန်တော်တို့ အတွက်လည်း အလုပ်တွေပိုရှုပ်တယ်။ ကျွန်တော်တို့က ဖြစ်စေချင်တာက ရောဂါကင်းစေချင်တဲ့ အထိတော့ စောင့်စေချင်ပါတယ်။

MCN – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

____________________

____________________

Photo – MBSPF

_____________________

ကျန်းမာရေးနဲ့ ယှဉ်လာရင်တော့ ပညာရေးက ဒုတိယပဲ ထားသင့်တယ်လို့ မြင်တယ်

လာမယ့်ဇူလိုင်လ အတွင်းမှာ စာသင်ကျောင်းတွေကို ပြန်ဖွင့်တော့မယ်လို့ အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူတွေက ပြည်တွင်းမီဒီယာတွေကို ပြောကြားမှုတွေ ရှိလာနေပါပြီ။ ရောဂါပိုး ကူးစက်နေတဲ့ ကာလအတွင်း စာသင်ကျောင်းတွေ ပြန်ဖွင့်မှာကို ကျောင်းသားမိဘတွေ အပါအဝင် ဆရာ၊ ဆရာမတွေကလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ အဲ့ဒီ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ကျော်သူကို MCN သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။ 

MCN – လာမယ့်ဇူလိုင်လမှာ ကျောင်းတွေပြန်ဖွင့်မယ်ဆိုရင် အန္တရာယ်ကင်းနိုင်ပါ့မလား။ အဲဒီအပေါ် ဆရာ တစ်ယောက်အနေနဲ့ ဘယ်လို ရှုမြင်ပါသလဲ။

UAKT –  ဇူလိုင်လလောက် ပြန်ဖွင့်မယ်လို့ ညွှန်ချုပ်ကြီးက ပြောတာပေါ့။ ဇူလိုင်လထဲမှာ ပြန်ဖွင့်မယ်ဆိုတော့ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ တော်တော်များများက ပညာရေး Group တွေမှာလည်း ပြောကြတယ်ပေါ့။ ဒီရောဂါ ကင်းစင်စေတဲ့ အခြေအနေရောက်မှ အားလုံးဖွင့်စေချင်တာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကျောင်းတွေမှာ ကျောင်းသားရာနဲ့ချီ ရှိတယ်။ ရှိတဲ့အခါကျတော့ ဒီကလေးတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ထိန်းသိမ်းရတာ ကျနော်တို့မှာ အရမ်းကို တာဝန်ကြီးပါတယ်။ အခု ပညာရေးဝန်ကြီးဌာနက ပြောကြားချက်တွေအရတော့ နှစ်သုတ်တက်တာတို့ ပြောကြတာပေါ့ဗျာ။ အဲဒီတော့ နှစ်သုတ်တတ်တာ တို့ကလည်း ကျောင်းအဆောက်အဦနဲ့ ကျောင်းသားအင်အား၊ ဆရာ၊ ဆရာမအင်အားနဲ့ဆို ကျောင်းတွေမှာ အဆင်မပြေတာ နည်းနည်းများတယ်။ 

ကျောင်းတွေတက်မယ်ဆိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ၃ ပေအကွာက နေတာတို့၊ နှာခေါင်းစည်းတပ်တာတို့၊ လက်ဆေးတာတို့ ဒါတွေကအစ လုပ်ရမှာပေါ့။ အဲ့ဒါတွေက ကျွန်တော်တို့အတွက် အခက်အခဲတွေ အများကြီး ဖြစ်နိုင်တယ်။ အဲ့ဒါတွေ မလုပ်ရတဲ့ အချိန်လောက်၊ လုပ်ဖို့မလိုတဲ့ အချိန်လောက်မှ ဖွင့်စေချင်တာ အမှန်ပဲ။ ဒါပေမယ့် ဒါကို ဇူလိုင်လလောက် အတွင်းမှာ ဖွင့်ဖို့ကြညာထားပါတယ်။ ဒါက ကျွန်တော်တို့လည်း နည်းနည်းတော့ ခေါင်းထဲထည့်နေရပြီပေါ့နော်။ အဲဒီ အနေအထားတော့ အခုလောလောဆယ် ရှိပါတယ်။

MCN – စာသင်ကျောင်းတွေမှာ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့  Social  Distancing တို့၊ လက်ဆေးတာတို့ ဒါတွေလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတော့ ဘယ်လို အခက်အခဲတွေ ရှိပါသလဲ။

UAKT – မဖြစ်နိုင်ဘူး ဆိုတောတော့ ရှိပါတယ်။ နံပါတ် (၁) က လိုအပ်တဲ့ပစ္စည်းတွေကို ကျောင်းတွေမှာ ဝယ်ဖို့ဆိုတာ ခက်ပါတယ်။ ဒီပစ္စည်းတွေကို အလုံအလောက် ချပေးမယ်။ ဌာနကနေ ချပေးမယ်။ အစိုးရကနေ ချပေးမယ်။ Mask တွေဆိုလည်း ကလေးတွေက နေ့တိုင်းတပ်ရမယ်ဆိုရင် မလွယ်ဘူး။ တစ်နေ့တည်းနဲ့ဆိုရင်တောင် တစ်ခုနဲ့ လောက်ချင်မှလောက်မှာ။ ကလေးတွေဆိုတာ သိတဲ့အတိုင်းပဲ။ သူတို့ဆော့နေမှာ။ သူတို့ပေလူးနေမှာ။ နောက်တစ်ခုက ဆပ်ပြာတို့၊ လက်ဆေးဇလုံတို့က ကျောင်းတွေမှာ အခုမှ ဖြစ်တဲ့ရောဂါဖြစ်လို့  ဒီပစ္စည်းတွေက မရှိတာများတယ်။ ဒါတွေကို အသစ်ကစ ဝယ်ရမယ်ဆိုရင် ပစ္စည်းပိုင်းဆိုင်ရာ၊ ငွေရေးကြေးရေးပိုင်းဆိုင်ရာလည်း အများကြီး လိုအပ်တယ်။ ဝန်ကြီးဌာနရဲ့ ကျန်းမာရေး ညွှန်ကြားမှုတွေကို အတိအကျ လုပ်ရမယ်ဆိုရင် ဌာနကနေ၊ အစိုးရကနေ အပြည့်အဝ ထောက်ပံ့ပေးမယ် ဆိုရင်ကျောင်းတွေမှာ အဆင်ပြေမယ်။  သူတို့ တတ်နိုင်သလောက်ပဲ လုပ်မယ်ဆိုရင် ကျောင်းတွေမှာ   အဲဒီ ညွှန်ကြားချက်တွေ လိုက်မီဖို့က မနည်းကြိုးစားရမှာပါ။

MCN – ကျောင်းသားမိဘတွေ အနေနဲ့ရော ကျောင်းတွေ ပြန်ဖွင့်တာနဲ့ ပတ်သက်ပြီး ဘယ်လိုဆန္ဒမျိုး ရှိကြလဲ။ ဆရာရော မိဘတစ်ယောက် အနေနဲ့ဆိုရင် ကလေးတွေကို ကျောင်းလွှတ်မှာလား။ ဘယ်လို ဆုံးဖြတ်မှာလဲ။

UAKT – အဲ့ဒါက ရောဂါဖြစ်ပွားမှုနှုန်းပေါ် မူတည်တယ်လို့ ကျွန်တော်မြင်တယ်။ အခုဆိုရင် တစ်နေ့ကို တစ်ယောက် တွေ့တယ်၊ နှစ်ယောက်တွေ့တယ်တို့ ရှိနေတုန်းပဲ။ အကယ်၍သာ ကျွန်တော်တို့က ဥပမာအနေနဲ့ တစ်လလောက် Positive လူနာ ထပ်မတိုးတော့ဘူး ဆိုရင်တော့ မိဘတွေအနေနဲ့ စိတ်ချတဲ့ အနေအထားဆိုရင် ကျောင်းအပ်တာတို့၊ ကျောင်းကို လွှတ်တာတို့ ရှိမှာပေါ့။ ဥပမာ – ရန်ကုန်လိုဒေသမျိုးဆိုရင် သူတို့ မိဘတွေ ကျောင်းကိုပို့မှာ မဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျောင်းပို့လို့ ရောဂါကူးရင် ပြဿနာတက်မယ်။ ရောဂါမကူးအောင် ကျောင်းက ကျောင်းအုပ်တွေ၊ ဆရာ၊ ဆရာမတွေက တာဝန်ခံပေးလို့ မရဘူး။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် လုပ်မှာပဲ။ ဒါပေမယ့် အဲဒီထဲက ကူးချင်လည်း ကူးမှာပေါ့။ မိဘတွေရဲ့ စိုးရိမ်မှုကတော့ ရောဂါဖြစ်ပွားမှုနှုန်းပေါ်မှာ မူတည်ပါတယ်။ တချို့က အခုကတည်းက ကျောင်းမလွှတ်ဘူးဆိုပြီး ပြောနေသံကြားပါတယ်။ ဒါပေမယ့် တကယ် ငြိမ်သွားရင် မိဘက ကျောင်းထားမယ်လို့ ယူဆပါတယ်။ 

MCN – စာသင်ကျောင်းတွေမှာ အတန်းခွဲသင်တာတို့၊ အွန်လိုင်းစနစ်နဲ့ သင်တာတို့ လုပ်မယ်လို့ ပြောနေပါတယ်။ အဲလိုဆို အခြေခံအဆောက်အဦတွေက ပြည့်စုံပါ့မလား။ အွန်လိုင်းစနစ်ကရော လက်တွေ့မှာ အဆင်ပြေတဲ့ အခြေအနေတွေ ဖြစ်နေပြီလား။

UAKT –  အွန်လိုင်းစနစ်က ဆရာ၊ ဆရာမတွေအပိုင်းက ရချင်ရမှာပေါ့။ ကျောင်းသားတွေအနေနဲ့က လုံးဝမရဘူး။ ဆရာ၊ ဆရာမတွေ ရကောင်းရတယ်ဆိုတာက တချို့ဒေသတွေမှာ ဖုန်းလိုင်းမမိတဲ့ ဒေသတွေရှိတယ်။ ဒါက အခက်အခဲတစ်ခု ဖြစ်လာနိုင်တယ်။ နောက်တစ်ခုက အွန်လိုင်းစနစ်က အမှန်တကယ်တော့ Broadcasting ပုံစံပဲ။ သင်ကြားတဲ့ ပုံစံတွေကို လွှင့်မှာပေါ့။ လွှင့်မှာဆိုတော့ သင်ကြားရေးနဲ့ မတူဘဲ ရှင်းရှင်းပြောရင် ဇာတ်လမ်းကြည့်နေသလိုပဲ။ သင်ကြားရမယ့်ပုံစံကို ကြည့်ရတာလောက်ပဲ ရှိတယ်။ Face to face သင်တာလောက် အားမရပါဘူး။ သိပ်ပြီးတော့ ထိရောက်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။ ကလေးတွေအတွက်ကတော့ အွန်လိုင်းသင်ကြားရေးဟာ မဖြစ်နိုင်ပါဘူး။

MCN – ကျောင်းတွေပြန်ဖွင့်ပြီး စနစ်တကျ သင်ကြားသင့်တယ်။ စာသင်နှစ်တစ်နှစ် နောက်ကျရင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်နိုင်တယ်လို့ သုံးသပ်မှုရှိနေပါတယ်။ အဲဒီ ရှုထောင့်အပေါ် ဆရာရော ဘယ်လို ရှုမြင်ပါသလဲ။

UAKT –  အဲ့ဒါက ဒီအချိန်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်တဲ့အချိန်ဗျ။ ကမ္ဘာ့နိုင်ငံ အသီးသီးတွေမှာတောင် ကျောင်းတွေမဖွင့်ဘဲ ထားတယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာလည်း ကျောင်းမဖွင့်ဘဲ ထားတာကို လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးတယ်၊ ကလေးတွေ ပညာရေးဆုံးရှုံးတယ်ဆိုတာထက် ကျန်းမာရေးအရ အသက်ဆှုံးရှုံးတာ၊ လူသားအရင်းအမြစ် ဆုံးရှုံးတာက သူတို့ရဲ့ အသိတွေဉာဏ်တွေ ဆုံးရှုံးတာ။ တကယ်လို့ ဒီရောဂါရှိလျက်နဲ့ ကျောင်းဖွင့်ခဲ့လို့ ကူးစက်နိုင်ခဲ့ရင် လူသားအရင်းအမြစ် ဆုံးရှုံးတာမဟုတ်ဘူး။ လူသားအရင်းအမြစ် ပျောက်ကွယ်သွားတာ။ ကျန်းမာရေးနဲ့ ယှဉ်လာရင်တော့ ပညာရေးက ဒုတိယပဲ ထားသင့်တယ်လို့ မြင်တယ်။ 

MCN –  တကယ်လို့ အစိုးရက ကျောင်းတွေ မဖြစ်မနေ ဖွင့်လာရမယ်ဆိုရင် ဆရာတို့ ဘာဆက်လုပ်မှာလဲ။

UAKT –  တကယ်လို့ မလွဲမသေဖွင့်မယ်ဆိုရင် ညွှန်ကြားချက်တွေ လာမှာပါ။ ကျွန်တော်တို့ ဆရာ၊ ဆရာမ ပိုင်းကတော့ ဝန်ထမ်းတွေဖြစ်လို့ တက်ဆိုတဲ့အချိန်မှာ တက်မှာပဲ။ ဖွင့်ဆိုတဲ့အချိန်မှာ ဖွင့်မှာပဲ။ ဖွင့်တဲ့အခါ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို နိုင်ငံတော်က ထောက်ပံ့ပေးရမယ်။ ဌာနက ထောက်ပံ့ပေးရမယ်။ အစီအစဉ် လုပ်ပေးရမယ်။ ဒီအစီအစဉ်တွေ အောက်မှာပဲ သွားရမှာပဲ။ ဒီအစီအစဉ်ပေါ် မူတည်ပြီး ဖြစ်လာတဲ့ ပြဿနာကတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့က ဝန်ထမ်းဆိုတော့ ဖွင့်လို့ဆိုရင်တော့ ဖွင့်ရမှာပဲ။ နောက်ပိုင်း ဖြစ်လာတာတွေကတော့ ကျွန်တော်တို့နဲ့ တိုက်ရိုက် မပတ်သက်ဘူးပေါ့နော်။ ဒါ ဖွင့်ခိုင်းတဲ့ အစီအစဉ်တွေ အားလုံးကို သူတို့အားလုံး တာဝန်ယူရမယ့် အနေအထား ရှိတယ်မြင်တယ်။ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေကတော့ ဖွင့်ဆိုရင်တော့ တက်ကြမှာပါ။ 

MCN – ဖြည့်စွက်ပြောစရာရှိရင် ပြောကြားပေးပါဦး။

UAKT –  အဓိက ကတော့ဗျာ၊ ရောဂါကင်းရှင်းသွားတဲ့ အချိန်ထိ၊ ဒါကို ဆေးပေါ်တာ၊ မပေါ်တာကို ကျွန်တော်တို့က မပြောပါဘူး။ ဆေးပေါ်တာကတော့ နှစ်နဲ့ချီ ကြာနိုင်တာပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီရောဂါ ကူးစက်မှုတွေက တစ်ဖြည်းဖြည်းနဲ့ နည်းနေပြီပေါ့နော်။ တစ်နေ့မှ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက် ဒီလောက်ပဲ တွေ့တယ်။ အဲဒီလို ကူးစက်မှုတွေက နောက်ဆို ဘယ်လောက် ပေါ်လာမှန်း မသိတော့ဘူး။ ဒီနေ့ (မေလ ၁၈ ရက်) ဆို ကရင်ပြည်နယ်တို့၊ တနင်္သာရီတိုင်းဒေသတို့မှာ စပေါ်နေပြီပေါ့နော်။ Contact မဟုတ်ဘဲ ပြန်လာတဲ့သူဆီက ပေါ်တာ။ နောက်ပိုင်းလည်း အဲဒီလို ပေါ်လာမယ်ဆိုရင် ဒီကလေး တစ်ယောက်ယောက်ကနေ မိသားစုတစ်ယောက်က ကူးစက်ရင် ကျောင်းတွေ တစ်ကျောင်းလုံးက ကလေးတွေအတွက် အန္တရယ်ရှိတာပေါ့။ မဖြစ်ခဲ့ဘူး ပြောလို့ရတယ် ဆိုပေမယ့် တကယ် ဖြစ်ခဲ့တာရှိသော် ဆိုတဲ့ဟာကို စဉ်စားရမယ်။ အဲဒီလိုဖြစ်ရင် အလုပ်တွေ ပိုရှုပ်မယ်။ ငွေကုန်ကြေးကျတွေလည်း ပိုများတယ်။ နိုင်ငံတော်အတွက်လည်း အလုပ်လည်း ပိုရှုပ်တယ်။ ကျွန်တော်တို့ အတွက်လည်း အလုပ်တွေပိုရှုပ်တယ်။ ကျွန်တော်တို့က ဖြစ်စေချင်တာက ရောဂါကင်းစေချင်တဲ့ အထိတော့ စောင့်စေချင်ပါတယ်။

MCN – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)