COVID-19 ပြန့်ပွားလာရင် ကုသပေးနိုင်မယ့် ICU ဆေးရုံကြီးတွေမှာ ၂ ခုသာရှိ ဝန်ထမ်း မလုံလောက်ဟုဆို

0
604

❖ အစိုးရကသာ COVID-19 အရေးပေါ် ရံပုံငွေေတွေ ထားရှိဆောင်ရွက်နေတယ်ဆိုပေမယ့် ရောဂါ ကူးဆက်ပြန့်ပွားလာပါက ကုသမှုလုပ်နိုင်ဖို့ ပြည်နယ်-တိုင်းနဲ့ ခရိုင်လိုအဆင့် ဆေးရုံကြီးတွေမှာသာ လူနာ ၂ ဦးဝန်းကျင်ပဲ တပြိုင်တည်း ကုသပေးနိုင်တဲ့ အထူးကြပ်မှတ်ကုသဆောင် ICU နှစ်ခန်းသာ ရှိပြီး အများစုမှာ ICU သူနာပြုနှင့် မေ့ဆေးဆရာဝန်တွေ လုံလောက်မှု မရှိတဲ့ အခြေအနေမျိုးတွေ ဖြစ်နေပါတယ်။

❖ ဒါကြောင့် အထူးကြပ်မှတ်ကုသဆောင် ICU တိုးချဲ့ဖို့နဲ့ လိုအပ်တဲ့ သူနာပြုနှင့် မေ့ဆေးဆရာဝန်တွေကို အချိန်မီ လေ့ကျင့် ဖြည့်တင်းပေးနိုင်ဖို့နဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ရေး ဝတ်စုံတွေကို လုံလောက်အောင် ပြင်ဆင်ပေးဖို့ Doctor LoiKaw ဆေးခန်းကို ထူထောင်သူ ဒေါက်တာဇင်မင်းထွန်းက ပြောကြားထားပါတယ်။

❖ အပြည့်အစုံကို COVID-19 နိုင်ငံတကာတွင် ကူးဆက်ပြန့်ပွားမှု မတ်လ ၁၉ ရက်နေ့ညပိုင်းအထိ နောက်ဆုံးအခြေနေတွေအတူ မြန်မာနိုင်ငံရဲ့ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Doctor LoiKaw ထူထောင်သူ ဒေါက်တာဇင်မင်းထွန်းနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ရှုစားနိုင်ကြမှာပါ။

❖ အစိုးရကသာ COVID-19 အရေးပေါ် ရံပုံငွေတွေ ထားရှိဆောင်ရွက်နေတယ်ဆိုပေမယ့် ရောဂါ ကူးဆက်ပြန့်ပွားလာပါက ကုသမှုလုပ်နိုင်ဖို့ ပြည်နယ်-တိုင်းနဲ့ ခရိုင်လိုအဆင့် ဆေးရုံကြီးတွေမှာသာ လူနာ ၂ ဦးဝန်းကျင်ပဲ တပြိုင်တည်း ကုသပေးနိုင်တဲ့ အထူးကြပ်မှတ်ကုသဆောင် ICU နှစ်ခန်းသာ ရှိပြီး အများစုမှာ ICU သူနာပြုနှင့် မေ့ဆေးဆရာဝန်တွေ လုံလောက်မှု မရှိတဲ့ အခြေအနေမျိုးတွေ ဖြစ်နေပါတယ်။

❖ ဒါကြောင့် အထူးကြပ်မှတ်ကုသဆောင် ICU တိုးချဲ့ဖို့နဲ့ လိုအပ်တဲ့ သူနာပြုနှင့် မေ့ဆေးဆရာဝန်တွေကို အချိန်မီ လေ့ကျင့် ဖြည့်တင်းပေးနိုင်ဖို့နဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ရေး ဝတ်စုံတွေကို လုံလောက်အောင် ပြင်ဆင်ပေးဖို့ Doctor LoiKaw ဆေးခန်းကို ထူထောင်သူ ဒေါက်တာဇင်မင်းထွန်းက ပြောကြားထားပါတယ်။

❖ အပြည့်အစုံကို COVID-19 နိုင်ငံတကာတွင် ကူးဆက်ပြန့်ပွားမှု မတ်လ ၁၉ ရက်နေ့ညပိုင်းအထိ နောက်ဆုံးအခြေနေတွေအတူ မြန်မာနိုင်ငံရဲ့ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Doctor LoiKaw ထူထောင်သူ ဒေါက်တာဇင်မင်းထွန်းနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ရှုစားနိုင်ကြမှာပါ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)