ပုဒ်မ ၂၆၁ မဲရလဒ်ကနေ NLD ရဲ့ တိုင်းရင်းသားတွေအပေါ်ထားတဲ့ သဘောထားကို မြင်ကြရလိမ့်မယ်

0
502

❖ လာမယ့် သီတင်းပတ် လွှတ်တော်တွင်း ခြေ/ဥ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်ရာမှာ ပုဒ်မ ၂၆၁ နဲ့ ပတ်သက်ပြီး ထွက်ပေါ်လာမယ့် ရလဒ်ကနေ NLD ပါတီရဲ့ တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ သဘောထားတွေနဲ့ နိုင်ငံရေး စေတနာတွေကို တွေ့မြင်ကြရတော့မယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ ဥက္ကဌ ဦးသိန်းညွန့်က ပြောကြားလိုက်ပါတယ်။

❖ ဒါကြောင့် NLD ပါတီဟာ အာဏာ မရခင် တမျိုး၊ အာဏာ ရပြီး တမျိုးလို့ သမိုင်းမှာ မတွင်ကျန်စေဖို့ ပါတီ ခေါင်းဆောင်တွေအနေနဲ့ ကိုယ် အာဏာ မရခင်က ရပ်တည်၊ ဆောင်ရွက်၊ ပြောကြားခဲ့တာတွေကို ပြန်စဉ်းစားပြီး အဆုံးအဖြတ်ပေးကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။


❖ အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ရှုစားနိုင်ကြမှာ ဖြစ်ပါတယ်။

❖ ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေ ခန့်အပ်ရေးဆိုင်ရာ အခြေခံဥပဒေပုဒ်မ ၂၆၁ ကို မပြင်ပေးနိုင်ရင် NLD ပါတီရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုတာ ဒါလားဆိုတဲ့ မေးခွန်းမျိုး တိုင်းရင်းသားတွေဘက်က မေးလာနိုင်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမြအေးက ပြောကြားလိုက်ပါတယ်။

❖ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေအတွက် နိုင်ငံရေးဘောင် ကျဉ်းတယ်လို့ ယူဆသွားခဲ့ကြမယ်ဆိုရင် စစ်ဘောင်ပိုကျယ်ပြီး လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ငြိမ်းချမ်းရေးပါ အလှမ်းဝေးသွားနိုင်တယ်လို့လည်း သူက ဆိုတာပါ။

❖ အပြည့်အစုံကိုတော့ ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုကို တည်ထောင်ထားသူလည်း ဖြစ်တဲ့ ဦးမြအေးနဲ့ MCN သတင်းဌာနတို့ရဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်းအတွင်း ပြောကြားချက်တွေကို ပြန်လည်ထုတ်နှုတ်ပြီး Quote Of The Day (မှတ်သားစရာ ပြောစကား) အစီအစဉ်အနေနဲ့ တင်ဆက်ပေးထားပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)