တိုင်းရင်းသားနဲ့ ဒီမိုကရက်တွေကြောင့် မဲကွဲမယ်ဆိုတဲ့ အယူအဆ တစ်ပါတီ ကောင်းစားရေး အကျိုးစီးပွား

0
1154

❖ တိုင်းရင်းသားနဲ့ ဒီမိုကရက်တစ် အင်အားစု နိုင်ငံရေးပါတီတွေကို မဲပေးရင် မဲကွဲသွားမယ်ဆိုတဲ့ အယူအဆတွေနဲ့ အရင်လူတွေပြန်လာလိမ့်မယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ တစ်ပါတီကောင်းစားရေးအကျိုးအတွက် ပြောဆိုနေတာတွေသာ ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ပြောကြားလိုက်ပါတယ်။

❖ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးဖြစ်တဲ့ အာဏာရပါတီအနေနဲ့ သူတို့ကြွေးကျော်ခဲ့တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေကို ဘယ်လောက် လုပ်ဆောင်နိုင်ခဲ့ပြီးပြီလဲ ဆိုတာနဲ့ နောက်ထပ် သောင်ပြိုကမ်းပြို ဘယ်လောက်နိုင်မှ ဒါတွေကို ဆောင်ရွက်နိုင်မလဲဆိုတာကိုပါ မေးခွန်းထုတ်ဖို့ လိုအပ်တယ်လို့လည်း (SNLD) ပါတီ ရဲ့ တွဲဖက် အတွင်းရေးမှူး – ၁ စိုင်းကျော်ညွန့်က ပြောကြားလိုက်တာပါ။

❖ အဲ့ဒီလို မဆောင်ရွက်နိုင်ခဲ့တာတွေအတွက် ၂၅ ရာခိုင်နှုန်းကို လက်ညှိုးထိုးပြီး မျက်ရည်မချူသင့်တော့သလို အချိန်ထပ်ပေးဖို့လည်း မဖြစ်နိုင်တော့ဘူးလို့လည်း စိုင်းကျော်ညွန့်က ပြောကြားထားတာတွေနဲ့အတူ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေအပေါ် သဘောထား အမြင်တွေကို “၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ အထူးအစီအစဉ်” မှာ ရှုစားနိုင်ကြမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)