အစိုးရနဲ့ တပ်မတော် တစ်ဖက်နဲ့ တစ်ဖက် ဖယ်ထုတ်ရေး ပုံစံနဲ့ သွားနေကြတုန်းပဲဟုဆို

0
884

❖ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ စစ်အာဏာရှင်စနစ် တော်လှန်ရေးမှာ ကျဆုံးခဲ့တာ (၃၂) နှစ် ရှိပြီဖြစ်ပေမယ့် ရွေးကောက်ခံ အစိုးရနဲ့ တပ်မတော်တို့ကတော့ မာန်မာနတွေရှေ့တန်းတင်ပြီး တစ်ဖက်နဲ့ တစ်ဖက် ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ ဖယ်ထုတ်ရေး ပုံစံမျိုးတွေနဲ့ သွားနေကြတုန်းပဲလို့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးအေးလွင်က ပြောကြားလိုက်ပါတယ်။

❖ ဒီလိုသွားနေကြတာဟာ ကိုဖုန်းမော်တို့အပါအဝင် စစ်အာဏာရှင်စနစ် တော်လှန်ရေးမှာ ကျဆုံးခဲ့သူတွေအားလုံးနဲ့ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးရဲ့ မျှော်မှန်းချက်တွေအပေါ် နှစ်ဖက်လုံးက ပြည့်ဝတဲ့ တာဝန်ယူ တာဝန်ခံမှုမျိုးတွေ မရှိကြတာကြောင့်လို့လည်း သူက ပြောပါတယ်။

❖ ဒါကြောင့် အာဏာလက်ဝယ် ရှိချိန်မှာ တိုင်းရင်းသားပြည်သူတွေ လိုလားတဲ့ လူ့အခွင့်အရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်စတဲ့ ဖက်ဒရယ် ဒီမိုကရေစီအခြေခံမူတွေကို တစ်ဖက်နဲ့ တစ်ဖယ်ထုတ်ရေး မျိုးမဟုတ်ပဲ ပါဝင်ခွင့်ပေးတဲ့ သိမ်မွေ့နု့ညံ့တဲ့ စည်းလုံးညီညွတ်ရေးမျိုးကို မဖြစ်မနေ တည်ဆောက်ကြဖို့ကိုလည်း တိုက်တွန်းထားတာပါ။

❖ အပြည့်အစုံကို ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးအေးလွင်နဲ့ MCN သတင်းဌာနတို့ရဲ့ ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ရှုစားနိုင်ကြမှာဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)