လူမျိုးတုန်း သတ်ဖြတ်မှု မြန်မာနိုင်ငံမှာ တကယ်ဖြစ်ခဲ့ရင်တောင် ICJ အရေးယူလို့ မရဟုဆို

0
1682

● မြန်မာနိုင်ငံမှာ “လူမျိုးတုန်း သတ်ဖြတ်မှု” (Genocide) အမှန်တကယ် ဖြစ်ခဲ့ရင်တောင် ICJ လို နိုင်ငံတကာ တရားရုံးတွေက အရေးယူလို့ မရဘူးလို့ နိုင်ငံတကာ ဥပဒေပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန်က ပြောကြားလိုက်ပါတယ်။

● “လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေး စာချုပ်” (Genocide Convention) ကို မြန်မာနိုင်ငံက ၁၉၅၆ ခုနှစ်မှာ စတင် လက်မှတ်ရေးထိုးစဉ် အချိန်ကတည်းက “Genocide” စကားရပ်ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ဆိုင်ရာ ပုဒ်မ ၆ နဲ့ ၈ ကို ခြွင်းချက်အနေနဲ့ ထားခဲ့တာကြောင့် အရေးယူလို့ မရတာလို့ သူကဆိုတာပါ။

● ဒီလို အရေးယူလို့ မရပေမယ့်လည်း OIC နဲ့ ဂမ်ဘီယာနိုင်ငံက တင်ပြတဲ့ အမှုတွေကို ငြင်းဆိုဖွယ်ရာ မရှိလို့ ဆုံးဖြတ်ပြီး မြန်မာနိုင်ငံကို “Genocide” ချိုးဖောက်ပါတယ်ဆိုတဲ့ တံဆိပ်ကပ်နှိပ်ခံရရင် သမိုင်းမှာ ဘယ်လိုမှ ဖျက်လို့ မရတဲ့ အမည်းစက် ဖြစ်သွားနိုင်တယ်လို့လည်း ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန်က ထောက်ပြထားပါတယ်။

● ဒါ့အပြင် မြန်မာနိုင်ငံကို “Genocide” ချိုးဖောက်တယ်ဆိုတဲ့ တံဆိပ်ကို ICJ က ကပ်နှိပ်လိုက်တာနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်တာ၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို ပြန်လည် တင်သွင်းတာတွေ လုပ်လာနိုင်တယ်လို့လည်း သူက သုံးသပ်လိုက်တာပါ။

● အဲ့ဒီ အခြေအနေရောက်လာရင်တော့ လုံခြုံရေးကောင်စီရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်းပေါင်းများစွာ နိုင်ငံတွင်းကို တံခါးမရှိ ဓားမရှိ ဝင်ရောက်လာနိုင်တာမျိုးတွေ ဖြစ်လာနိုင်တယ်လို့လည်း ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန်က ဆိုပါတယ်။

● ဒါ့အပြင် အဲ့ဒီလို အခြေအနေတဆင့် ၁၉၈၂ နိုင်ငံသားဥပဒေကအစ အခြေခံဥပဒေအထိ (Genocide Convention) ပြဌာန်းချက်တွေနဲ့ ကိုက်ညီမှု မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြင်ဆင်ဖို့ ဖိအားပေးတာတွေအထိလည်း ပြုလုပ်လာနိုင်တယ်လို့လည်း သုံးသပ်ထားတာပါ။

● အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ “ဆက်သွယ်မေးမြန်းခန်း Streamiz Show အစီအစဉ်” ကနေ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန်ကို Skype ကတဆင့် ဆက်သွယ်မေးမြန်း တင်ဆက်ပေးထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)