ရွေးကောက်ပွဲမှာ ဘာသာရေးကို အသုံး မချဖို့ ဘာသာရေးခေါင်းဆောင်တွေ မေတ္တာရပ်ခံ

0
1082

❖ လာမယ့် ရွေးကောက်ပွဲတွေမှာ ဘာသာရေးနဲ့ လူမျိုးရေးတွေကို အသုံးမချဖို့အပါအဝင် ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျင်းပဖို့ ရှိနေတဲ့ ၂၁ ရာစုပင်လုံ (စတုတ္ထ)  ငြိမ်းချမ်းရေး ညီလာခံကနေ လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံး အဆုံးသတ်နိုင်ရေး တိုင်းပြည်အကျိုးကို ရှေ့ရှု့ပြီး ညှိနှိုင်းအဖြေရှာဖွေပေးကြဖို့ ဗုဒ္ဓဘာသာ၊ ခရစ္စယန်၊ မူဆလင်၊ ဟိန္ဒူအပါအဝင်  ဘာသာရေးခေါင်းဆောင် အသီးသီးက လက်မှတ်ရေးထိုးပြီး မေတ္တာရပ်ခံ ပန့်ကြားလွှာတစ်စောင်ကို ထုတ်ပြန်လိုက်ပါ တယ်။ 

❖ အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိအပါအဝင် ဗုဒ္ဓဘာသာ ရဟန်းတော်တွေ၊ ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီး Cardinal Charles Bo ဦးဆောင်တဲ့ ခရစ္စယန်ဘာသာရေးခေါင်းဆောင်တွေ၊ အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင် ဦးဆောင်တဲ့ အစ္စလာမ့် ဘာသာရေးခေါင်းဆောင်တွေနဲ့အတူ ဟိန္ဒူဗဟိုကောင်စီနဲ့ ဆစ်ဘာသာရေးအဖွဲ့ အစည်းတွေက အကြီးအကဲတွေ ပါဝင်ဖွဲ့စည်းထားတဲ့  ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာအဖွဲ့) ကြီးက မေတ္တာရပ်ခံ ပန့်ကြားလွှာကို ထုတ်ပြန်ခဲ့ပြီး အရပ်ဖက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံ့ခေါင်းဆောင် အသီးသီးကို ပေးပို့လိုက်တာပါ။ 

❖ ဒီလို ဘာသာရေး ခေါင်းဆောင် အသီးသီး လက်မှတ်ရေးထိုးပြီး မေတ္တာရပ်ခံ ပန့်ကြားလွှာ ထုတ်ပြန်ပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့ အစ္စလာမ် ဓမ္မဗိမာန် ဆော်သြရေးမှူးဖြစ်သလို ကိုဖီအာနန် ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်ဟောင်း အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင်ကို တယ်လီဖုန်းက တဆင့် ဆက်သွယ်မေးမြန်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)