အေျခခံဥပေဒ ျပင္မယ့္ အစိုးရလက္ထက္ အေျခခံ အခြင့္အေရးေတြပါ ထိပါးခံေနရၿပီ

0
300

အေျခခံဥပေဒကို ျပင္မယ္လို႔ ေၾကြးေၾကာ္ၿပီး တက္လာတဲ့ အစိုးရလက္ထက္မွာ သတင္းမီဒီယာ ဥပေဒက ေပးထားတဲ့ အခြင့္အေရးေတြမေျပာနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒကေပးထားတဲ့ လြတ္လပ္စြာေရး သားေဖာ္ထုတ္ခြင့္ ထင္ျမင္ခ်က္ေပးခြင့္ဆုိတာကုိပါ ထိပါးခံေနရၿပီလုိ႔ အမ်ိဳးသားဒီမိုကေရစီ ပါတီသစ္ ဥကၠ႒ ဦးသိန္းညြန္႔က ေျပာၾကားလိုက္ပါတယ္။ Weekly Eleven ဂ်ာနယ္က အယ္ဒီတာခ်ဳပ္ အပါအ၀င္ သုံးဦးကုိ ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႕က ပုဒ္မ ၅၀၅ (ခ) နဲ႔ တရားစြဲဆုိခဲ့တဲ့အေပၚ ဦးသိန္းညြန္႔က ေျပာၾကားလိုက္တာပါ။ ဒီလိုေျပာၾကားရာမွာေတာ့ အခုလို ပုဒ္မ ၅၀၅ (ခ) နဲ႔ တရားစြဲဆုိခဲ့တာဟာ တည္ဆဲ ၂၀၁၄ ခုႏွစ္ သတင္းမီဒီယာ ဥပေဒနဲ႔ ဆန္႔က်င္ေနသလို အဲ့ဒီဥပေဒက ေပးအပ္ထားတဲ့ သတင္းမီဒီယာေကာင္စီရဲ႕ အခြင့္အေရးေတြကိုပါ ဆံုရံွဳးေစခဲ့တယ္လို႔လည္း ဦးသိန္းညြန္႔က ေျပာပါတယ္။

အခြေခံဥပဒေ ပြင်မယ့် အစိုးရလက်ထက် အခြေခံ အခွင့်အရေးတွေပါ ထိပါးခံနေရပြီ

အခြေခံဥပဒေကို ပြင်မယ်လို့ ကြွေးကြော်ပြီး တက်လာတဲ့ အစိုးရလက်ထက်မှာ သတင်းမီဒီယာ ဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေမပြောနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့ လွတ်လပ်စွာရေး သားဖော်ထုတ်ခွင့် ထင်မြင်ချက်ပေးခွင့်ဆိုတာကိုပါ ထိပါးခံနေရပြီလို့ အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားလိုက်ပါတယ်။ Weekly Eleven ဂျာနယ်က အယ်ဒီတာချုပ် အပါအဝင် သုံးဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့တဲ့အပေါ် ဦးသိန်းညွန့်က ပြောကြားလိုက်တာပါ။ ဒီလိုပြောကြားရာမှာတော့ အခုလို ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့တာဟာ တည်ဆဲ ၂၀၁၄ ခုနှစ် သတင်းမီဒီယာ ဥပဒေနဲ့ ဆန့်ကျင်နေသလို အဲ့ဒီဥပဒေက ပေးအပ်ထားတဲ့ သတင်းမီဒီယာကောင်စီရဲ့ အခွင့်အရေးတွေကိုပါ ဆုံရှုံးစေခဲ့တယ်လို့လည်း ဦးသိန်းညွန့်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)