❖ ရခိုင်ပြည်နယ် မြောက်ပိုင်းက (ရိုဟင်ဂျာ) သိန်းနဲ့ချီပြီး ဘင်္ဂလားချေဒ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတဲ့ ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းရေး ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ တပ်မတော်သား ၂ ဦး နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) ကို ရောက်ရှိနေမှုကနေ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားတွေနဲ့ အရေးယူမှုတွေ ဘယ်လောက် ပြင်းထန်လာနိုင်ပါလဲ။
❖ ဒါ့အပြင် လက်ရှိ ရွေးကောက်ပွဲအကြိုကာလ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ်ကိုရော နိုင်ငံတကာက ဘယ်လောက် စောင့်ကြည့်နေလဲ ဆိုတာတွေနဲ့အတူ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျဉ်းတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်သိရှိနိုင်ဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖှဲ့က ကို Nicky Diamond နဲ့ (တိုက်ရိုက် – Live) ဆက်သွယ်မေးမြန်း တင်ဆက်ပေးထားပါတယ်။