စစ်ဘေးရှောင်တွေရဲ့ မဲပေးခွင့် မဆုံးရှုံးဖို့ အစိုးရနဲ့ ကော်မရှင် အာမခံချက် မပေး

0
804

ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသအသီးသီးက စစ်ဘေးရှောင် တိုင်းရင်းသားမဲဆန္ဒရှင်တွေ မဲပေးခွင့် မဆုံးရှုံးဖို့ အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ဘာအာမခံချက်မှ မပေးထားတာကြောင့် ပေးဖို့ လိုအပ်နေတယ်လို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) ကတောင်းဆိုလိုက်ပါတယ်။

ဒေသခံမဲဆန္ဒရှင်တွေ ဆန္ဒမဲပေးခွင့် ရ၊ မရဆိုတာနဲ့ အဲ့ဒီဒေသက ရွေးကောက်တင်မြှောက်ခံမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးမှု ရှိ၊ မရှိဆိုတာပေါ် မူတည်ပြီး လွတ်လပ်သန့်ရှင်း တရားမျှတမှုရဲ့ အဖြေထွက်ပေါ်လာလိမ့်မယ်လို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းရှိန်းထွန်းက ပြောကြားလိုက်တာပါ။

ရွေးကောက်ပွဲအကြိုကာလ ချင်းပြည်နယ်အတွင်း လွတ်လပ်သန့်ရှင်းပြီး တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေး ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲဆိုတာ သိရဖို့ MCN သတင်းဌာန ဆက်သွယ်မေးမြန်းရာမှာ ဆလိုင်းရှိန်းထွန်း ပြောကြားလိုက်တာဖြစ်ပါတယ်။

အပြည့်အစုံကို MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ အထူးအစီအစဉ်မှု ရှုစားနိုင်ကြမှာ ဖြစ်ပါတယ်။

#ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #CNLD #2020GeneralElections #၂၀၂၀ #ပါတီစုံ #ဒီမိုကရေစီ #အထွေထွေရွေးကောက်ပွဲ #နိုဝင်ဘာလ (၈) ရက် #Union Election Commission #UEC #ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် – #Please #Subscribe #Our #Channel 4 #More #Update https://bit.ly/2NwsUXG

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)