နိုဝင်ဘာ (၈) ရွေးကောက်ပွဲ လွတ်လပ်သန့်ရှင်း တရားမျှတရေး ပိုမိုပူးပေါင်းဆောင်ရွက်ခွင့်ပေး

0
476

ကိုဗစ်ကပ်ရောဂါရဲ့ ချိန်းခြောက်မှုအန္တရာယ်ကြားက ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်သန့်ရှင်းပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အစိုးရအဖွဲ့အစည်းတွေအပြင် နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ သတင်းမီဒီယာတွေနဲ့ပါမကျန် အရင်ကထက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က တိုက်တွန်းလိုက်ပါတယ်။

ရွေးကောက်ပွဲဖြစ်စဉ်တလျှောက်လုံးမှာ ပါဝင်ပတ်သက်ကြရမယ့် မဲဆန္ဒရှင်ပြည်သူတွေနဲ့အတူ မဲရုံဝန်ထမ်းတွေအပြင် အားလုံး ကိုဗစ်ရောဂါ ကူးစက်မှု မခံရစေဖို့နဲ့ စိုးရိမ်စရာမလိုပဲ ဆန္ဒမဲပေးနိုင်အောင် ကြိုတင်အစီအမံတွေ ချမှတ်နိုင်ရေးအပါအဝင်၊ မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဒေသအလိုက် ချမှတ်ထားတဲ့ ကိုဗစ်ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းတွေကို ပြန်လည်သုံးသပ်နိုင်ဖို့ အဲ့ဒီလို ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတာလို့ PACE အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က ပြောတာပါ။

အပြည့်အစုံကို MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးလိုက်တဲ့ “၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ အထူးအစီအစဉ်” မှု ရှုစားနိုင်ကြမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ဟာ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပြုလုပ်မယ့် ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးကို လုပ်အားပေး စေတနာ့ဝန်ထမ်း ၂၀၀၀ ကျော်နဲ့ လေ့လာစောင့်ကြည့်ဖို့ ရှိနေတာဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါရဲ့ ချိန်းခြောက်မှုအန္တရာယ်ကြားက ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်သန့်ရှင်းပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အစိုးရအဖွဲ့အစည်းတွေအပြင် နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ သတင်းမီဒီယာတွေနဲ့ပါမကျန် အရင်ကထက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က တိုက်တွန်းလိုက်ပါတယ်။

ရွေးကောက်ပွဲဖြစ်စဉ်တလျှောက်လုံးမှာ ပါဝင်ပတ်သက်ကြရမယ့် မဲဆန္ဒရှင်ပြည်သူတွေနဲ့အတူ မဲရုံဝန်ထမ်းတွေအပြင် အားလုံး ကိုဗစ်ရောဂါ ကူးစက်မှု မခံရစေဖို့နဲ့ စိုးရိမ်စရာမလိုပဲ ဆန္ဒမဲပေးနိုင်အောင် ကြိုတင်အစီအမံတွေ ချမှတ်နိုင်ရေးအပါအဝင်၊ မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဒေသအလိုက် ချမှတ်ထားတဲ့ ကိုဗစ်ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းတွေကို ပြန်လည်သုံးသပ်နိုင်ဖို့ အဲ့ဒီလို ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတာလို့ PACE အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က ပြောတာပါ။

အပြည့်အစုံကို MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးလိုက်တဲ့ “၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ အထူးအစီအစဉ်” မှု ရှုစားနိုင်ကြမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ဟာ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပြုလုပ်မယ့် ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးကို လုပ်အားပေး စေတနာ့ဝန်ထမ်း ၂၀၀၀ ကျော်နဲ့ လေ့လာစောင့်ကြည့်ဖို့ ရှိနေတ

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)