တပ်မတော် အင်အား တောင့်တင်းရင် ICJ အမှုလို နိုင်ငံတကာဖိအားတွေ ရင်ဆိုင်ရမှာ မဟုတ်ဟုဆို

0
192

● တပ်မတော်ကို အင်အားတောင့်တင်း ခိုင်မာအောင် တည်ဆောက်ထားနိုင်ရင် ICJ မှာ တရားစွဲဆိုခံရသလို နိုင်ငံတကာဖိအားတွေ ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ မြေးဖြစ်သူ ကိုအေးနေဝင်းက ပြောကြားလိုက်ပါတယ်။

● ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ “သူရဲကောင်း စစ်သည်များ ဂုဏ်ပြုပွဲအခမ်းအနား” နဲ့အတူ နိုင်ငံတကာတရားရုံး ICJ တရားခွင်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တိုင် ဦးဆောင်ပြီး သွားရောက်ဖြေရှင်းမယ့်အပေါ် သဘောထားအမြင် သိရဖို့ ဆက်သွယ်မေးမြန်းရာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

● ဒီလိုပြောကြားရာမှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ပြီး တိုင်းပြည်အကျိုးအတွက် ICJ တရားခွင်ကို သွားရောက်ရင်ဆိုင်ဖြေရှင်းအပေါ် ဂုဏ်ယူထောက်ခံပြီး တပ်မတော်အနေနဲ့လည်း တိုင်းပြည်အကျိုးအတွက် အလုံးစုံ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာ ယုံကြည်တယ်လို့လည်း ပြောကြားထားပါတယ်။

● အပြည့်အစုံကို MCN သတင်းဌာနရဲ့ Streamiz Show အစီအစဉ်မှာ ရှုစားနိုင်ကြမှာ ဖြစ်ပါတယ်။