မြန်မာအစိုးရနှင့် တပ်မတော်ကသာ နိုင်ငံတကာ တရားစီရင်ရေးအား စိန်ခေါ်နေဟုဆို

0
193

❖ မြန်မာအစိုးရနဲ့ တပ်မတော်ကသာ နိုင်ငံတကာ တရားစီရင်ရေးကို စိန်ခေါ်နေတာ ဖြစ်တယ်လို့ (ရိုဟင်ဂျာ) လူမျိုးစုတွေရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်သလို ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ပြောကြားလိုက်ပါတယ်။

❖ ပြည်တွင်းတရားစီရင်ရေးဟာ ကောင်းမွန်စွာ လည်ပတ်နေတာကြောင့် ရခိုင်ပြည်နယ်အရေး နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) လမ်းကြောင်းကနေ ပြောဆိုဆောင်ရွက်နေသူတွေဟာ ပြည်တွင်းတရားစီရင်ရေးကို စိန်ခေါ်မှုဖြစ်ကာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို စော်ကားမှုအဖြစ် တပ်မတော်က ပြောကြားထားတဲ့အပေါ် တုန့်ပြန်ပြောကြားလာတာပါ။ အပြည့်အစုံကို MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ရှုစားနိုင်ကြမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)