∎ COVID 19 ဒုတိယလှိုင်း မဖြစ်အောင် အစွမ်းကုန် ကာကွယ်မည် ဟုဆို

0
350

❖ စစ်တွေမြို့က COVID 19 ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေမှုနဲ့အတူ တစ်နိုင်ငံ လုံးအတိုင်းအနေနဲ့ ဒုတိယလှိုင်းမဖြစ်အောင် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အစွမ်းကုန် ကာကွယ်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။

❖ ရခိုင် ပြည်နယ်အတွင်း COVID 19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေကို ဩဂုတ်လ ၂၄ ရက်နေ့ညက ရုပ်/သံကတဆင့် ပြည်သူကို အစီရင်ခံရာမှာ အဲ့ဒီလို ပြောကြားခဲ့တာပါ။

❖ အဲ့ဒီလို ကာကွယ်မှုတွေနဲ့ ကူညီမှုတွေကို ကိုးကွယ်ရာ ဘာသာနဲ့ လူမျိုးခွဲခြားမှုမရှိပဲ တန်းတူညီမျှစွာ ဆောင်ရွက်သွားမှာမယ်လို့လည်း သူကဆိုပါတယ်။

❖ ဒါအပြင် ရခိုင်အရေးကြောင့် ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရတာတွေကို ပြုပြင်နိုင်ဖို့နဲ့ ပြန်လှန်နိုင်ဖို့အတွက် ဒီအခြေအနေဟာ အခွင့်အရေးအဖြစ် မြင်ကြဖို့လိုပြီး စိုးရိမ်မှုထက် သန္နိဋ္ဌာန်ခိုင်မာမှုနဲ့ တုန့်ပြန်ဖို့ လိုတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

❖ လက်ရှိအခြေအနေမှာတော့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ ၇၀ ကျော်ရှိလာနေပြီး တစ်နိုင်ငံလုံးမှာ ဓာတ်ခွဲအတည်ပြုလူနာ ၅၀၀ နီးပါး ရှိလာနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)