∎ ရွေးကောက်ပွဲ စည်းရုံးရေးမှာ တည်ဆဲ ဥပဒေတွေကို လေးစားလိုက်နာဖို့လိုဟုဆို

0
301

❖ ရွေးကောက်ပွဲအတွက် စည်းရုံးရေးတွေ လုပ်ရာမှာ တည်ဆဲ ဥပဒေတွေနဲ့ ပါတီက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အထူးလေးစား လိုက်နာကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

❖ ဩဂုတ်လ ၂၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားအဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

❖ ဒီလိုပြောကြားရာမှာတော့ NLD ပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပါအဝင် ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဉပဒေတွေကို ပြင်ဆင်ဖို့ ကြိုးစားနေပေမယ့် တည်ဆဲ ဥပဒေတွေကို လေးစားလိုက်နာကြဖို့ အထူးလိုအပ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)