
0
54




Smart City Award 2019 ကို မန္တလေးမြို့တော်ဝန်ဆီ လွှဲပြောင်းပေးအပ်


ASOCIO က ချီးမြှင့်တဲ့ smart city award 2019 ဆုကို မြန်မာနိုင်ငံ ကွန်ပြူတာလုပ်ငန်းရှင်များအသင်း ကနေ မန္တလးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ပြန်လည်လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဩဂုတ် ၂၈ ရက်နဲ့ ၂၉ ရက် နေ့တွေမှာ ကျင်းပခဲ့တဲ့ ASOCIO SMART CITY SUMMITမှာ မန္တလေးမြို့ကို smart city award 2019 အတွက် ရွေးချယ်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။


အဲ့ဒီ ဆုပေးပွဲကို မန္တလေးမြို့တော်ဝန် မသွားရောက်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များ အသင်းက ကိုယ်စား လက်ခံရယူပေးခဲ့တာဖြစ်ပြီး ဒီနေ့မှာ ပြန်လည်လွဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။