Prosperity သိုးေမႊးစက္႐ုံဆႏၵျပပြဲနဲ႔ပတ္သတ္လို႔ စက္႐ံုဖက္ သတင္းစာ႐ွင္းပြဲျပဳလုပ္

0
28

Prosperity သုိးေမြးအထည္ခ်ဳပ္စက္ရုံက အလုပ္သမားႏွစ္ဦး အလုပ္ထုတ္ပယ္ခံရတာေၾကာင့္ ဆႏၵထုတ္ေဖာ္တာနဲ႕ပတ္သက္ၿပီး စက္ရံုဖက္က သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ အာကာထက္က ေပးပို႕ထားပါတယ္။

Prosperity သုိးေမြးအထည္ခ်ဳပ္စက္ရုံက အလုပ္သမားႏွစ္ဦးဟာ စည္းကမ္းေဖာက္ဖ်က္ၿပီး လုပ္ငန္းခြင္အတြင္း မတည္မၿငိမ္ျဖစ္ေစခဲ့တဲ့အတြက္ ဥပေဒနဲ႕အညီအလုပ္က ရပ္စဲခဲ့တာျဖစ္တယ္လို႕ Prosperity သုိးေမြးအထည္ခ်ဳပ္ စက္ရံုဖက္ကေျပာပါတယ္။

ဒါ့အျပင္ အဲဒီလို အလုပ္ရပ္စဲခဲ့နဲ႔ ပတ္သက္ၿပီး စက္ရံုေရွ႕လာေရာက္ဆႏၵထုတ္ေဖာ္ရာမွာလည္း Prosperity က လုပ္ငန္းခြင္၀င္ေနတဲ့ အလုပ္သမားတစ္ဦးမွ မပါ၀င္ဘူးလို႕လည္း စက္တင္ဘာလ ၁၂ ရက္ေန႕က စက္ရံုမွာျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

Soundbite – ေဒၚနီလာလင္းထြန္း (Head of Finance,HR and Admin)

PROSPERITY KNITWEAR LTD.

အလုပ္သမားႏွစ္ဦး အလုပ္ကရပ္စဲခံရတာနဲ႕ပတ္သက္ၿပီး ညွိႏႈိင္းျဖန္ေျဖေရးလုပ္ငန္း မၿပီးဆံုးေသးခ်ိန္မွာ အလုပ္သမားေတြက စက္ရံုေရွ႕ လာေရာက္ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ၿပီး အလုပ္သမားႏွစ္ဦးကို စက္ရံု ဖက္ကတရားစြဲဆိုသြားဖို႕မရွိဘူးလို႕လည္းေျပာပါတယ္။

Soundbite – ေဒၚနီလာလင္းထြန္း (Head of Finance,HR and Admin)

PROSPERITY KNITWEAR LTD.ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၉ ရက္ေန႕က အလုပ္ထုတ္ခံရတဲ့ အလုပ္သမားႏွစ္ဦး အလုပ္ျပန္လည္ရရွိေရးအတြက္ ျမန္မာႏုိင္ငံကုန္ထုတ္နဲ႕စက္မႈလက္မႈအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္က Prosperity စက္ရံုေရွ႕မွာ ဆႏၵျပခဲ့ၾကပါတယ္ခင္ဗ်ာ။

Prosperity သိုးမွေးအထည်ချုပ်စက်ရုံက အလုပ်သမားနှစ်ဦး အလုပ်ထုတ်ပယ်ခံရတာကြောင့် ဆန္ဒထုတ်ဖော်တာနဲ့ပတ်သက်ပြီး စက်ရုံဖက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

Prosperity သိုးမွေးအထည်ချုပ်စက်ရုံက အလုပ်သမားနှစ်ဦးဟာ စည်းကမ်းဖောက်ဖျက်ပြီး လုပ်ငန်းခွင်အတွင်း မတည်မငြိမ်ဖြစ်စေခဲ့တဲ့အတွက် ဥပဒေနဲ့အညီအလုပ်က ရပ်စဲခဲ့တာဖြစ်တယ်လို့ Prosperity သိုးမွေးအထည်ချုပ် စက်ရုံဖက်ကပြောပါတယ်။

ဒါ့အပြင် အဲဒီလို အလုပ်ရပ်စဲခဲ့နဲ့ ပတ်သက်ပြီး စက်ရုံရှေ့လာရောက်ဆန္ဒထုတ်ဖော်ရာမှာလည်း Prosperity က လုပ်ငန်းခွင်ဝင်နေတဲ့ အလုပ်သမားတစ်ဦးမှ မပါဝင်ဘူးလို့လည်း စက်တင်ဘာလ ၁၂ ရက်နေ့က စက်ရုံမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Soundbite – ဒေါ်နီလာလင်းထွန်း (Head of Finance,HR and Admin)
PROSPERITY KNITWEAR LTD.

အလုပ်သမားနှစ်ဦး အလုပ်ကရပ်စဲခံရတာနဲ့ပတ်သက်ပြီး ညှိနှိုင်းဖြန်ဖြေရေးလုပ်ငန်း မပြီးဆုံးသေးချိန်မှာ အလုပ်သမားတွေက စက်ရုံရှေ့ လာရောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး အလုပ်သမားနှစ်ဦးကို စက်ရုံ ဖက်ကတရားစွဲဆိုသွားဖို့မရှိဘူးလို့လည်းပြောပါတယ်။

Soundbite – ဒေါ်နီလာလင်းထွန်း (Head of Finance,HR and Admin)
PROSPERITY KNITWEAR LTD.

ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က အလုပ်ထုတ်ခံရတဲ့ အလုပ်သမားနှစ်ဦး အလုပ်ပြန်လည်ရရှိရေးအတွက် မြန်မာနိုင်ငံကုန်ထုတ်နဲ့စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်က Prosperity စက်ရုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်ခင်ဗျာ။