ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို တက်ရောက်အမှာစကားပြောကြားဖို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ နေပြည်တော်ကွန်ဗင်းရှင်းဗဟိုဌာနမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို သြဂုတ်လ ၃၀ ရက်နေ့က ရောက်ရှိ လာခဲ့ပြီး...

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ မသန်စွမ်းတွေ ပါဝင်ခွင့်တိုးမြှင့်ပေးဖို့ တောင်းဆို

https://www.youtube.com/watch?v=zqglNjoAcm8 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ မသန်စွမ်းတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပါဝင်ခွင့်ပေးဖို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ် မြေမြှုပ်မိုင်းအန္တရယ်တွေကြောင့် မသန်စွမ်းသူ အရည်အတွက် တိုးမြင့်လာနေတဲ့အပေါ် အဲ့ဒီအဖွဲ့ရဲ့အမှုဆောင်အရာရှိချုပ် ကိုနေလင်းစိုးက တောင်းဆိုလိုက် တာပါ။ လက်ရှိအခြေအနေမှာတော့ မသန်စွမ်းသူတွေအနေနဲ့...

(၂၁)ရာစုပင်လုံကို ကြိုဆိုပြီး ညီလာခံတက်ရောက်ကြသူအားလုံးကို အမေရိကန်ပြည်ထောင်စု အတိအလင်းချီးကျူး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံကို ကြိုဆိုပြီး ညီလာခံတက်ရောက်ကြသူ အားလုံးကို အမေရိကန်ပြည်ထောင်စု အတိအလင်းချီးကျူးတယ်လို့ အမေရိကန်သံရုံးက သြဂုတ်လ ၃၁ ရက်နေ့ ဒီကနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။  အခုညီလာခံဟာ ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတစ်ခုအတွက် ပထမခြေလှမ်း တစ်ရပ်လည်းဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ရေးသားထားပါတယ်။...

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အစည်းအဝေးကို တက်ရောက်

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော် Kempinski Hotel မှာ ကျင်းပ ပြုလုပ်တဲ့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးကို တွဲဖက်ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးဖြစ်တဲ့ သီတဂူဆရာတော်ကြီးလည်း တက်ရောက်ခဲ့တာဖြစ်ပါ တယ်။ ဒါ့အပြင်...

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ သြဂုတ်လ ၃၀ ရက်နေ့  ညနေ ၆ နာရီ ၅ မိနစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များအပေါ် ကုလသမဂ္ဂမှ ဆက်လက်ကူညီပံ့ပိုးရန်နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရန်...

ရေထုညစ်ညမ်းမှု တိုးပွားလာတာကြောင့် ကမ္ဘာတစ်ဝန်း လူသန်းနဲ့ချီပြီး အန္တရာယ်ရှိနေ

အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကဒေသတွေမှာ မြစ်ရေတွေ ပိုမိုညစ်ညမ်းလာနေတာကြောင့် လူပေါင်း သန်း ၃၀၀ ကျော်အတွက် အန္တရာယ်ရှိနေပြီး နိုင်ငံပေါင်းများစွာက ငါးဖမ်းလုပ်ငန်းနဲ့လယ်ယာလုပ်ငန်းအတွက်လည်း အန္တရာယ်ရှိတယ် လို့ ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်က သြဂုတ် ၃၀ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။ လက်ရှိမှာတင်ကို နှစ်စဉ် ဝမ်းရောဂါ၊ အူယောင်ငန်းဖျား၊ အသည်းရောင် ရောဂါတချို့ကြောင့်...

ဒေါ်နယ်ထရမ့်က လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်းမပြောခင် မက္ကဆီကို သွားမယ်

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး အာရီဇိုးနားပြည်နယ်မှာ မိန့်ခွန်းပြောကြားမယ့် အစီအစဉ်မတိုင်ခင် နာရီပိုင်းအလိုမှာ မက္ကဆီကိုနိုင်ငံကို သွားရောက်လည်ပတ်ပြီး မက္ကဆီကို သမ္မတနဲ့တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ ထရမ့်ဟာ သြဂုတ် ၃၁ ရက်နေ့မှာ မက္ကဆီကိုနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ “ကျွန်တော့်ကို မက္ကဆီကို သမ္မတ အန်ရစ်ကီပီနာနီယက်တိုရဲ့ ဖိတ်ကြားခဲ့ပြီး...

မြောက်ကိုရီးယားမှာ ဒုတိယ ပညာရေးဝန်ကြီး ကွပ်မျက်ခံရ

မြောက်ကိုရီးယားအစိုးရဟာ ပြီးခဲ့တဲ့ကာလအတွင်း ဒုတိယဝန်ကြီးတစ်ဦးကို သေဒဏ်စီရင်ပြီး အစိုးရတာဝန်ရှိသူနှစ်ဦးတို့ကို ဝါဒရိုက်သွင်းရေးတဲ့ဌာနတွေကို ပို့ဆောင်ခဲ့တယ်လို့ တောင်ကိုရီးယားက သြဂုတ် ၃၁ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အခုသတင်းအရ ဒီဖြစ်ရပ်ဟာ လျှို့ဝှက်တဲ့မြောက်ကိုရီးယားအတွက် ရာထူးကြီးပုဂ္ဂိုလ်ကို ကွပ်မျက်တဲ့ကိစ္စပဲလို့ မီဒီယာတွေက ဖော်ပြထားပါတယ်။ တောင်ကိုရီးယားမှာရှိတဲ့ ပူးပေါင်းသင့်မြတ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျောင်ဂျွန်ဟီးက ပုံမှန်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ...

အိုင်အက်စ်က သူတို့ရဲ့ ပြည်ပအကြမ်းဖက်စစ်ဆင်ရေးအကြီးအကဲ သေပြီလို့ အတည်ပြု

အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ဟာ သူတို့ရဲ့ပြောရေးဆိုခွင့်ရှိသူ အဘူမိုဟာမက်ဒ်အယ်အက်ဒ်နာနီ ဆီးရီးယားနိုင်ငံ၊ အလက်ပိုပြည်နယ်မှာ အသတ်ခံခဲ့ရတယ်ဆိုတဲ့သတင်းကို သြဂုတ် ၃၀ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ အမေရိကန်က အယ်အက်ဒ်နာနီကို ပစ်မှတ်ထားတိုက်ခိုက်ပြီးပြီလို့ အတည်ပြုပြီးနောက်မှာ အိုင်အက်စ်ဘက်က ခုလို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ “စစ်ဘက်သတင်းရင်းမြစ်”တွေကို ကိုးကားပြီး အိုင်အက်ရဲ့ အာမက်သတင်းအေဂျင်စီက “ ရှိတ်ခ်အဘူမိုဟာမက်ဒ်...

စင်ကာပူမှာ ဇီကာပိုး ကူးစက်သူအရေအတွက် ၈၂ ဦးအထိ ရှိလာ

စင်ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အရေအတွက်ဟာ ၈၂ ဦးအထိရှိလာပြီလို့ စင်ကာပူအစိုးရက သြဂုတ်လ ၃၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ စင်ကာပူဟာ ဇီကာပိုးကူးစက်ပြန့်ပွားမှုလျှော့ချဖို့အတွက် ခြင်နှိမ်နှင်းရေး လုပ်ငန်း တွေလည်း အဆက်မပြတ်ဆောင်ရွက်လျက်ရှိနေပါတယ်။ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အမျိုးသားသဘာဝပတ်ဝန်းကျင်အေဂျင်စီတို့ရဲ့ အတည်ပြုချက်အရ ပြည်တွင်းမှာ ထပ်မံကူးစက်ခံရသူ ၂၆ ဦးရှိပြီး လူအများစုကတော့...