MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက် စနေနေ့

https://www.youtube.com/watch?v=_advn8PMejE မင်္ဂလာပါ။ MCN သတင်းဌာနရဲ့ နေ့စဉ် ရုပ်သံအစီအစဉ်က ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ခရစ်နှစ် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်၊ စနေနေ့အတွက် နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီမှာ အခွင့်အရေးရှိသလို တာဝန်လည်းရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး

ဒီမိုကရေစီဆိုတာ အခွင့်အရေးတွေ ရှိသလို တာဝန်လည်းရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက် ဒီကနေ့မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာပြုလုပ်တဲ့ ရတနာနှင်းဆီ အဆင့်‌မြင့်‌ အိမ်ရာ ဖွင့်ပွဲအခမ်းအနားမှာ အဲဒီလိုပြောဆိုလိုက်တာပါ။ ဒီမိုကရေစီစိတ်ဓာတ်ဆိုတာ ပြည်သူလူထူမှာ အခွင့်အရေးတွေ ရှိသလို တာဝန်တွေလည်းရှိပြီး မိမိတို့နိုင်ငံတိုးတက်ရေးဟာ အားလုံးရဲ့တိုးတက်ရေးဆိုတဲ့ စိတ်ဓာတ်နဲ့...

ရန်ကုန်မြို့ လှပစေဖို့ ပြန်လည်မွမ်းမံဖို့ ပြင်ဆင်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်မြို့ကို လှပတင့်တယ်ရန်အတွက် ပြန်လည်မွမ်းမံဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက် ဒီကနေ့မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာပြုလုပ်တဲ့ ရတနာနှင်းဆီ အဆင့်‌မြင့်‌ အိမ်ရာ ဖွင့်ပွဲအခမ်းအနားမှာ အဲဒီလိုပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံဟာ အင်မတန်လှပတယ်လို့ လူတိုင်းက ချီးမွမ်းခဲ့ကြပြီး ရန်ကုန်မြို့ဟာ တစ်ချိန်တစ်ခါတုန်းက အရှေ့တိုင်းမှာ အလှပဆုံးမြို့ဆိုပြီး...

မွတ်ဆလင်လေးဦးကို ထောင်ဒဏ်တစ်သက်ချမှတ်တဲ့အပေါ် တန်းတူညီမျှအခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ကန့်ကွက်

ကေအိုင်အေ အဖွဲ့နဲ့ဆက်သွယ်မှုရှိတယ်ဆိုတဲ့အချက်နဲ့ အစ္စလာမ်ဘာသာဝင်လေးဦးကို နိုင်ငံတော်ပုန်ကန်ရန် ကြံစည်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်တဲ့ကိစ္စကို တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ အစ္စလာမ်ဘာသာဝင်လေးဦးဖြစ်တဲ့ ကိုဇော်မင်းထွေး၊ ကိုမြင့်သိန်း၊ A ရာမန်၊ ကိုခင်မောင်ရွှေတို့လေးဦးဟာ အစ္စလာမ် တပ်မတော်ထူထောင်ဖို့အတွက် ကေအိုင်အေ...

ဖြူးမြို့နယ်က ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ကားနှစ်စီး မျက်နှင်ချင်းဆိုင်တိုက်မှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့အတွင်းက ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့ပါတယ်။ ဒီကနေ့ နံနက် ၆ နာရီအချိန်မှာ ရန်ကုန်ကနေ မန္တလေးကို မောင်းနှင်လာတဲ့ NISSAN ၁၂ ဘီးကား ဖြူညိုရောင်နဲ့ နေပြည်တော်ကနေ ရန်ကုန်ဘက်ကို...

တရားမဝင်သစ်တင်ယာဉ် ဖမ်းဆီးရမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိလို့ သေနတ်နဲ့ ပစ်ဖောက်ဖမ်း

ပဲခူးတိုင်းဒေသကြီး၊ ဖဒိုမြို့မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့က တရားမဝင်ကျွန်းသစ်တင် ယာဉ်တစ်စီးကို ဖမ်းဆီးရာမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် သေနတ် ပစ်ဖောက်ဖမ်းဆီးခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်ဟာ ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၊ မြိ့ချောင်းကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။ မြို့ချောင်းရွာမှာ နေထိုင်တဲ့...

အဓမ္မပြုကျင့်ခံရရင် အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်

အဓမ္မပြုကျင့်ခံရမှုတွေရှိရင် ဥပဒေနဲ့အညီ အမှုဖွင့်တိုင်ကြားနိုင်ပြီး မှန်ကန်မှုရှိရင် တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာလ ၂၃ ရက်နေ့က သတင်းထုတ်ပြန်လိုက်တာဖြစ်ပြီး အမှန်တကယ် နစ်နာသူတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးသွားမယ်လို့လည်း ပြောဆိုထားပါတယ်။ ပြည်တွင်းပြည်ပမီဒီယာတွေ ပါဝင်တဲ့ မီဒီယာအဖွဲ့ဟာ မောင်တောဒေသ ပြောင်ပိုက်ကျေးရွာကိုရောက်ရှိစဉ်...

မင်းကိုနိုင်ရဲ့ ကျေဇူးတင်ပါသည် စာအုပ် စတင်ဖြန့်ချိ ရောင်းချ

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်ရဲ့ ရေးသားတဲ့ ကျေဇူးတင်ပါသည် စာအုပ်ကို စတင်ဖြန့်ချိရောင်းချခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ဒီကနေ့မှာ စတင်ဖြန့်ချိရောင်းချခဲ့တာဖြစ်ပြီး တော်ဝင်စင်တာမှာ ပရိသတ်တွေနဲ့တွေ့ဆုံကာ အမှတ်တရ လက်မှတ်ရေးထိုးတာ ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ စာအုပ်ဝယ်ယူသူတွေက် အမှတ်တရလက်မှတ်ရေးထိုးပေးခြင်းအပါအ၀င် ခရစ္စမတ်လက်...

မလေးရှားမှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာနှစ်ဦး ထိခိုက်ဒဏ်ရာရ

မလေးရှားနိုင်ငံ ဂျိုဟာပြည်နယ်မှာ ခရီးသယ်တင် အမြန်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာမှာ မြန်မာနိုင်ငံသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီယာဉ်တိုက်မှုကြောင့် စုစုပေါင်း သေဆုံးသူ ၁၄ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ မြန်မာနိုင်ငံသား နှစ်ဦးလည်းပါဝင်ခဲ့တာပါ။ လက်ရှိမှာတော့ သေဆုံးသူတွေကို ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဂျိုဟာပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး မွတ်ဒ်ရီဇယ်ဘူအန်က ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရရှိသူ စုစုပေါင်း အရေအတွက်ကတော့...

SSA (ဝမ်ဟိုင်း)အဖွဲ့ မိုင်းရှူးမြို့နယ်အတွင်း အဓမ္မ လူသစ်စုဆောင်းမှု ရှိနေ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ SSA (ဝမ်ဟိုင်း)အဖွဲ့ဟာ မိုင်းရှူးမြို့နယ်အတွင်း အဓမ္မ လူသစ်စုဆောင်းမှုကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုတွေ ပြုလုပ်နေရပါတယ်။ SSA(ဝမ်ဟိုင်း)အဖွဲ့ဟာ မိုင်းရှူးမြို့နယ်၊ ဟိုဆိုင်းကျေးရွာအုပ်စု၊ ပန်ခမ်းကျေးရွာနဲ့ ဝမ်မိုင်ကျေးရွာတွေမှာ အဓမ္မ လူသစ်စုဆောင်းမှုတွေ ပြုလုပ်နေတာပါ။ ဒါ့အပြင် မကြာခဏ ဆက်ကြေးကောက်ခံတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ SSA (ဝမ်ဟိုင်း)အဖွဲ့ရဲ့ အဓမ္မ...