ဆရာမောင်စိမ်းနီကို ရေဝေးသုဿာန်မှာ ဂူသွင်း သင်္ဂြိုဟ် (ရုပ်/သံ)

https://www.youtube.com/watch?v=B7m5OOpgzgo ကဗျာဆရာ မောင်စိမ်းနီရဲ့ ဈာပန ကို ဒီကနေ့ ရေဝေးသုသာန်မှာ ဂူသွင်း သင်္ဂြိုဟ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် နေမင်းခက ပေးပို့ထားပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီတွေ တာဝန်ခံမှုရှိလာအောင် ဥပဒေနဲ့ ထိန်းချုပ်သင့် (ရုပ်/သံ)

https://www.youtube.com/watch?v=7m6jAUURarQ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ တာဝန်ယူမှု တာဝန်ခံမူ ရှိလာအောင် ဥပဒေတွေနဲ့ပဲ ထိန်းချုပ်ရမှာ ဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ်က ပေးပို့ထားပါတယ်။

အလုပ်ရှင်က မညှိနှိုင်းသေးလို့ ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံအလုပ်သမားတွေ ဆက်လက်ဆန္ဒပြ (ရုပ်/သံ)

https://www.youtube.com/watch?v=mX8fgv6gEpk အလုပ်ရှင်ဖက်က ညှိ့နှိုင်းလာမှု မရှိသေးတာကြောင့် ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံအလုပ်သမားတွေ ဆက်လက်ဆန္ဒပြနေပါတယ်။ ဒီသတင်းကို MCNသတင်းထောက် ကောင်းခန့်လင်းက ပေးပို့ထားပါတယ်။

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှု စပ်ဆက်တရားခံတွေကို ဖမ်းဖို့ ဆောင်ရွက်နေတယ်လို့ သမ္မတရုံး ထုတ်ပြန်

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ တရားခံ အောင်ဝင်းဇော်ကို ဖမ်းမိထားပြီး ကျန်ရှိတဲ့ ဆက်စပ်တရားခံတွေကိုလည်း ဖမ်းမိဖို့ စုံစမ်းဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ပြစ်မှုကျူးလွန်သူ ကြည်လင်းကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း ဖော်ထုတ်ရာမှာ အောင်ဝင်းဇော်ဟာ ရန်ကုန်ကနေ...

ပဲခူးမှာ မြန်မာစာသတ်ပုံပြိုင်ပွဲနဲ့ ပြည်ထောင်စုနေ့အကြို စာပေဟောပြောပွဲ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူးရုံးမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၈ နာရီက အခြေခံပညာအထက်တန်းအဆင့် မြန်မာစာသတ်ပုံပြိုင်ပွဲနဲ့ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့အကြို စာပေဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။ ကျောင်းသားလူငယ်တွေ မြန်မာစာ သတ်ပုံအရေးအသား မှန်ကန်စွာရေးသားနိုင်ဖို့နဲ့ ပြည်ထောင်စု...

မောင်တောမှာ လူနေအိမ်ထဲ ဝင်ရောက်ပြီး ဓားထိုးမှု ဖြစ်ပွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ခေါင်းတကာကျေးရွာမှာ နေထိုင်သူတစ်ဦးရဲ့နေအိမ်အတွင်း ဝင်ရောက်ပြီး ဓားနဲ့ထိုးတဲ့အမှုတစ်ခု ဖေဖော်ဝါရီလ ၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၁၂ နာရီ ၁၀ မိနစ်မှာ ခေါင်းတကာကျေးရွာက မာမတ်အာရ်ဖတ် (၂၇ နှစ်)နဲ့ ဇနီးဖြစ်သူ အန်ဂျိုမာဘီဘီတို့ ယောက္ခမဖြစ်သူ...

ထိုင်းမှာ အလုပ်သွားလုပ်မယ့် မြန်မာအလုပ်သမားတွေ အလုပ် လုပ်ကိုင်ခွင့် မရသေး (ရုပ်/သံ)

https://www.youtube.com/watch?v=iXl-RDoVubg&feature=youtu.be ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာအလုပ်သမား ၅၀ ဦးဟာ လက်ရှိအချိန်အထိ သွားရောက်အလုပ်လုပ်ခွင့် မရတာကြောင့် အခက်အခဲ တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဝေလင်းက ပေးပို့ ထားပါတယ်။

စစ်တွေက ကယ်ဆယ်ရေးစခန်းတစ်ခုမှာ အမျိုးသမီးတစ်ဦး လည်ပင်းဓားဒဏ်ရာနဲ့ သေဆုံး

စစ်တွေမြို့၊ သဲချောင်းကျေးရွာ၊ မော်သီးညှာ ကယ်ဆယ်ရေးစခန်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က အမျိုးသမီး ကွယ်လွန်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ မော်သီးညှာ ကယ်ဆယ်ရေးစခန်း အဆောင်(၁)၊ အခန်း(၄)မှာနေတဲ့ မရော်ရှိဒါဟာတူ (၂၈ နှစ်)ဖြစ်ပြီး လည်ပင်းမှာ ခြောက်လက်မခန့် ပြတ်ရှဒဏ်ရာနဲ့ နေအိမ်အခန်းအတွင်းမှာ သေဆုံးခဲ့တာပါ။ သေဆုံးနေတဲ့ အမျိုးသမီးရဲ့ ဘေးမှာ အရိုးအသွား...

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ဇနီးကို ကမ္ဘောဒီးယား ဘုရင်မင်းမြတ် ဂုဏ်ပြုကြိုဆို

ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဖြစ်သူ ဒေါ်စုစုလွင်တို့ကို ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီမှ ဘုရင့်နန်းတော်မှာ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။ သမ္မတ ဦးထင်ကျော်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ...

မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မေယု စစ်ဆင်ရေးအစီအစဉ်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်း အဖွဲ့ဟာ စိတ်ကြွဆေးပြား ၁၉၄,၂၅၀ ပြား ကိုမောင်တောမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီဆေးပြားတွေဟာ မောင်တောမြို့နယ် မြို့မ ကညင်တန်းရွာနေ ကော်ရီမူလ္လာ ၂၆ နှစ် ရဲ့ နေအိမ်ကို ဖေဖော်ဝါရီ ၂ ရက် မနက်...