ဆရာ၊ ဆရာမတွေ စာသင်ကြားရေးတွေမှာ သွားလာရေး လွယ်ကူစေရန် ကြိုပို့ကား စီစဉ် (ရုပ်/သံ)

https://www.youtube.com/watch?v=4FMqPegSv8g&feature=youtu.be ကျေးလက်ဒေသကို သွားရောက်ပညာသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေ စာသင်ကြားရေးတွေမှာ သွားလာရေး လွယ်ကူစေရန်အတွက် မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေးအသင်းက ကားကြိုပို့ စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက်ကေသွယ်ကပေးပို့ထားပါတယ် ။

Kaplan Global Education Event ဆွေးနွေးပွဲ ကျင်းပ (ရုပ်/သံ)

https://www.youtube.com/watch?v=1tLoMTn051k&feature=youtu.be မြန်မာကျောင်းသူ ကျောင်းသားတွေအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု နယ်ပယ်တွေမှာ အလွယ်တကူဝင် ရောက်နိုင်ဖို့ ဗဟုသုတအတွေ့အကြုံတွေ သိရှိနိုင်မယ့် ဆွေးနွေးပွဲကို CROWN Education center မှာ ကျင်းပခဲ့ပါ တယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် ကေသွယ် ကပေးပို့ထား ပါတယ်။

ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှာ တိကျတဲ့ မူဝါဒတွေကို ချမှတ်ပေးဖို့ လိုအပ် (ရုပ်/သံ)

https://www.youtube.com/watch?v=m4I3NZj4t4k&feature=youtu.be ဒီမိုကရေစီပညာရေးစနစ် ပေါ်လွင်လာအောင် တိကျတဲ့ ပညာရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက်ကေသွယ်က ပေးပို့ထားပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက် အင်္ဂါနေ့

https://www.youtube.com/watch?v=y8ukeJ8x9Nc မင်္ဂလာပါခင်ဗျာ။ MCN သတင်းဌာနရဲ့ နေ့စဉ် ရုပ်သံအစီအစဉ်က ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ခရစ်နှစ် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်၊ အင်္ဂါနေ့အတွက် နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

2016 DECEMBER 20 TUESDAY BUSINESS TODAY

https://www.youtube.com/watch?v=Jg2HQOoyOgc မင်္ဂလာပါရှင်။ MCN ရုပ်/သံ သတင်းဌာနက နေ့စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ BUSINESS TODAY အစီအစဉ်က ကြိုဆိုပါတယ်။ BUSINESS TODAY အစီအစဉ်ကနေ နေ့စဉ် နိုင်ငံတကာသုံး ငွေကြေးပေါက်ဈေးတွေနဲ့အတူ ရွှေဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်း နဲ့ ဆန်ဈေးနှုန်းတွေ အပါအ၀င် စီးပွားရေး ဆိုင်ရာ ထူးခြားမှုသတင်းတွေကို...

ငြိမ်းချမ်းရေး ရန်ပုံငွေတွေကို အပိုမသုံးမိဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး

ပြည်တွင်းပြည်ပက ကူညီထောက်ပံ့တဲ့ ငြိမ်းချမ်းရေးရန်ပုံငွေတွေကို အပိုကုန်ကျမှု အပိုသုံးစွဲမှုမရှိစေဖို့ တာဝန်ယူပြီး ဆောင်ရွက်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့ ဒီကနေ့မှာကျင်းပတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးမှာ အဲဒီလိုပြောကြားလိုက်တာပါ။ ငြိမ်းချမ်းရေး...

စစ်ထောက်ခံပွဲမှာ တိုင်းရင်းသား ၀တ်စုံတွေ ၀တ်ဆင်ခဲ့တာ ရခိုင်လူမှုရေး အဖွဲ့တွေ ကန့်ကွက်

မြန်မာ့တပ်မတော်နဲ့ တရားသောစစ် အောင်မြင်စေကြောင်း ထောက်ခံပွဲမှာ ရခိုင်တိုင်းရင်းသားဝတ်စုံ ၀တ်ဆင် ဆန္ဒပြမှုတွေအပေါ် ရခိုင်လူမှုအဖွဲ့အ စည်းများ(ရန်ကုန်)က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ပြုလုပ်ခဲ့တဲ့ အဲဒီဆန္ဒပြပွဲအတွင်းမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ဝတ်စုံတွေကို ၀တ်ဆင်ပြီး ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။ ဒီလိုဝတ်ဆင်ဆန္ဒပြရာမှာ ရခိုင်တိုင်းရင်းသားဝတ်စုံတွေအပြင် ရခိုင်လို့ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ တိုင်းရင်းသားအချင်းချင်း ထင်ယောင်ထင်မှားမဖြစ်စေဖို့...

တရားမျှတရေး အကောင်အထည်ဖော်ရာမှာ လူငယ်ရှေ့နေတွေကို နေရာပေးသွားမယ် (ရုပ်/သံ)

https://www.youtube.com/watch?v=VZX3vNeem94&feature=youtu.be ပြည်သူတွေရဲ့လူအခွင့်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို တရားမျှတရေး အကောင်ထည် ဖော်ရာမှာ လူငယ်ရှေ့နေတွေကို နေရာပေးသွားမယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကျော်တိုးလွင်က သတင်းပေးပို့ထားပါတယ်။

နယ်စပ်ကနေ တရုတ်ဘေးကို ထွက်ပြေးတဲ့ စစ်ဘေးရှောင် ၁ သောင်းခွဲထိ ရှိလာပြီလို့ UNOCHA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့အတွင်း နယ်စပ်ကနေ တရုတ်နိုင်ငံထဲကို ဝင်ရောက်ထွက်ပြေးခဲ့သူ ၁ သောင်းခွဲလောက်အထိရှိလာနိုင်တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပီယာရီပီရွန်က ရှမ်းပြည်နယ် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်မှာ ပြောကြားခဲ့တာပါ။ နိုဝင်ဘာ...

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကို တူရကီ ရဲအရာရှိ ပစ်သတ်

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ် အန်ဒရီကားလော့ဗ်ကို ဒီဇင်ဘာ ၁၉ ရက်နေ့မှာ တူရကီရဲတစ်ယောက်က သေနတ်ပစ်သတ်ခဲ့ပါတယ်။ ရုရှားသံအမတ် တူရကီနိုင်ငံရဲ့ မြို့တော် အန်ကာရာက “တူရကီတွေရဲ့ ရုရှားအပေါ် အမြင်”လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲတစ်ခုမှာ မိန့်ခွန်းပြောကြားနေတုန်း အဲဒီရဲအရာရှိက တာဝန်ချိန်ပြင်ပမှာ ပစ်သတ်ခဲ့တာပါ။ ပစ်သတ်ခဲ့သူဟာ အလက်ပိုကို မမေ့ကြဖို့...