၂၀၁၉ ခုနှစ် နိုင်ငံတကာ ထိပ်တန်းသတင်းများ

0
120

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ကမ္ဘာ့ထိပ်တန်း သတင်းတွေထဲမှာ ဒီမိုကရက်တွေ ကြီးစိုးတဲ့ အမေရိကန် အောက်လွှတ်တော်အတွင်း သမ္မတ ဒေါ်နယ် ထရမ့်ကို စွပ်စွဲပြစ်တင်တဲ့သတင်းတွေက နံပါတစ် နေရာမှာ ရှိနေပါတယ်။ အလားတူပဲ လူဝင်မှုကြီးကြပ်ရေး မူဝါဒ၊ ရွေးကောက်ပွဲ ကာလအတွင်း ရုရှားနဲ့ ဘယ်လို ပတ်သက်သလဲဆိုတဲ့ စုံစမ်းစစ်ဆေးမှုတွေကြောင့် သမ္မတ ထရမ့်ဟာ ကမ္ဘာ့ထိပ်တန်း သတင်းတွေထဲမှာ ဒုတိယနဲ့ တတိယ လူဖတ်အများဆုံး သတင်းတွေဖြစ်တယ်လို့ အေပီသတင်းဌာနရဲ့ စစ်တမ်းကောက်ယူမှုတွေက ဖော်ပြပါတယ်။

သမ္မတ ထရမ့်ကို စွပ်စွဲပြစ်တင်မှု


အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပေလိုစီ ဦးဆောင်တဲ့ ဒီမိုကရက်အုပ်စုက ထရမ့်ဟာ နိုင်ငံရေး ပြိုင်ဘက်တွေကို ဖြတ်ကျော်ဖို့ အာဏာကို အလွဲသုံးစားလုပ်တယ်၊ ကိုယ့်နိုင်ငံတွင်းမှာ စုံစမ်းစစ်ဆေးချင်တဲ့ ကိစ္စမှာ တခြားနိုင်ငံက အကူအညီကို ယူတယ် ဆိုတဲ့အပေါ် အခြေခံပြီး သမ္မတ ထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ထရမ့်နဲ့ ရီပတ်ဘလီကန်တွေကတော့ ဒီလိုကြိုးပမ်းမှုဟာ လုပ်ကြံမှုဖြစ်တယ်လို့ လှောင်ပြောင်ခဲ့ကြပြီး စွပ်စွဲထားမှုတွေကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေး


အမေရိကန်-မက္ကဆီကို နယ်စပ်ကို စံချိန်တင်အရေအတွက် ရှိတဲ့ ရွှေ့ပြောင်းဝင်ရောက်လိုသူ မိသားစုတွေ အကျပ်အတည်းနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့် အုပ်ချုပ်ရေးအဖွဲ့ဟာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အသစ်တွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ရွှေ့ပြောင်းဝင်ရောက်လိုသူတွေကို အမေရိကန်တပ်ဖွဲ့တွေက ထိန်းသိမ်းထားစဉ် ကလေးငယ်တွေ သေဆုံးမှု ရှိခဲ့ပြီး ထိမ်းသိမ်းရေးစခန်းထဲမှာ ကလေးတွေ နေရတဲ့ အခြေအနေကလည်း ဆိုးရွားခဲ့ပါတယ်။ ရီယို ဂရန်းကို ဖြတ်ကျော်စဉ် ရေနစ်သေဆုံးနေတဲ့ ဖခင်နဲ့ သမီးငယ်ရဲ့ဓာတ်ပုံ ပေါ်ထွက်လာချိန်မှာတော့ ကမ္ဘာနဲ့ချီပြီး လူတွေ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ကြပါတယ်။
သမ္မတ ထရမ့်လည်း နယ်စပ်မှာ တံတိုင်းဆောက်ဖို့ အမေရိကန် ဒေါ်လာ ဘီလီယံနဲ့ချီပြီး ပင်တဂွန်စစ်ဌာနချုပ်ကို ချပေးလိုက်ပါတယ်။ ခိုလှုံခွင့်တောင်းသူတွေကိုလည်း အမေရိကန် ပြည်တွင်းမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေ ပြီးသည်အထိ စောင့်ကြဖို့ ဥပဒေသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ထရမ့်-ရုရှား ပတ်သက်မှု စုံစမ်းစစ်ဆေးခြင်း

နှစ်နှစ်ကြာ စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ မစ္စတာ ရောဘတ် မယ်လာက ထရမ့်ရဲ့ ရွေးကောက်ပွဲ မယ်ဆွယ်မှုနဲ့ ရုရှားနိုင်ငံအကြား ရာဝဇတ်မှုမြောက်တဲ့ ပူးပေါင်းကြံစည်တယ်လို့ တရားစွဲရလောက်အောင် လုံလောက်တဲ့ အထောက်အထား မတွေ့ဘူးလို့ လွှတ်တော်မှာ ထွက်ဆိုခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုကို FBI က ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထဲမှာ စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မေလမှာ မယ်လာက လွှဲယူခဲ့တာပါ။ ရွေးကောက်ပွဲမှာ ကြားဖြတ်နှောက်ယှက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထရမ့်ရဲ့ အသိ ခြောက်ဦးနဲ့ ရုရှား ၂၅ ဦးကိုတော့ မစ္စတာ မယ်လာက စွဲချက်တင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ရုရှားက နှောက်ယှက်မှု ရှိ၊ မရှိ ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အစီရင်ခံစာနဲ့ မယ်လာရဲ့ လွှတ်တော်မှာ ထွက်ဆိုချက်တွေဟာ ဒီနှစ်အတွင်း ဂယက်အရိုက်ဆုံးထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

လူအမြောက်အမြား သေဆုံးစေတဲ့ သေနတ်ပစ်ခတ်မှု

တက္ကဆက်ပြည်နယ်၊ အယ်လ် ပါဆိုရှိ လူအများအပြား စျေးဝယ်ထွက်နေတဲ့ ဝေါလ်မတ် စတိုးမှာ သေနတ်သမား တစ်ဦးက ပစ်ခတ်လို့ လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမားဟာ တိုက်ခိုက်မှု မလုပ်ခင် အွန်လိုင်းမှာ ဟစ်စပန်းနစ် ဆန့်ကျင်ရေးတွေ ရေးတင်ခဲ့တယ်လို့ ရဲက ပြောပါတယ်။ အဲဒီသေနတ် ပစ်ခတ်မှုဟာ အမေရိကန်ပြည်တွင်းရှိ လက်တင် လူမှုအသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့ပါတယ်။

ဒီပစ်ခတ်မှုဟာ အမေရိကန်မှာ ပစ်ခတ်သတ်ဖြတ်မှု အများအပြားထဲက တစ်ခု ဖြစ်ပါတယ်။ ပစ်မှတ်ထား သတ်ဖြတ်မှုတွေဟာ ကာလီဖိုးနီးယားပြည်နယ်၊ ဂီလ်ရွိုင်းရှိ စက်ရုံတစ်ခုမှာ ပစ်ခတ်မှု၊ အိုဟိုင်းယိုးပြည်နယ်၊ ဒေတန်ရှိ ဘားတစ်ခုမှာ ပစ်ခတ်မှု၊ ဗာဂျီးနီးယားပြည်နယ်၊ ဗာဂျီးနီးယားဘိချ်ရှိ အဆောက်အအုံတစ်ခုမှာ ပစ်ခတ်မှုတို့ အပါအဝင် ဖြစ်ပါတယ်။

မူးယစ်ဆေး ပါဝင်တဲ့ ဆေးပြဿနာ

အကိုက်အခဲပျောက်ဆေးလို မူးယစ်ဆေးပါဝင်တဲ့ ဆေးတွေကြောင့် ဖြစ်ပေါ်တဲ့ ပြဿနာတွေအတွက် ကုန်ကျစရိတ်ကို ဆေးထုတ်လုပ်ရေး ကုမ္မဏီတွေ လျော်ကြေးအဖြစ် ပေးရေး တရားစွဲဆိုနိုင်ဖို့ အမေရိကန် ပြည်နယ်တွေမှာ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

အောက်ဇီကွန်တင် အကိုက်အခဲပျောက်ဆေး ထုတ်လုပ်တဲ့ ပါဒူး ဖားမား ဆေးကုမ္ပဏီကြီးဟာ လျော်ကြေးရလိုတဲ့ တရားစွဲဆိုမှုပေါင်း ၂၇၀၀ ကျော်ကို ရင်ဆိုင်ရပြီးနောက် ဒေဝါလီ ခံလိုက်ပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ အဲဒီလို မူးယစ်ဆေးပါတဲ့ ဆေးတွေစွဲမှုကြောင့် သေဆုံးသူ ၄ သိန်းကျော် ရှိနေပါတယ်။

ရာသီဥတု ပြောင်းလဲမှု


ကာဘွန် ထုတ်လွှတ်မှုကို ထိန်းချုပ်တဲ့ ပဲရစ် သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်ဖို့ သမ္မတ ထရမ့် အုပ်ချုပ်ရေးအဖွဲ့က စတင်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲကြီးဟာလည်း ကမ္ဘာကြီး ပူနွေးလာမှုကို တားဆီးရေးမှာ အချက်အခြဖြစ်တဲ့ ညစ်ညမ်းမှု အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတွေက တုံ့ဆိုင်းနေတာကြောင့် အဓိက အရေးကြီးတဲ့ သဘောတူညီချက် တစ်ခုမှ မရဘဲ ပြီးဆုံးသွားပါတယ်။
၂၀၁၉ ခုနှစ်ဟာ စံချိန်တင် ဒုတိယ အပူဆုံး ရာသီဖြစ်တာကြောင့် ရာသီဥတုနဲ့ ပတ်သက်လို့ အလေးထား လုပ်ဆောင်ဖို့ အသက်အငယ်ဆုံး တက်ကြွလှုပ်ရှားသူ ဂရက်တာ တွန်းဘတ်က တောင်းဆိုခဲ့ပါတယ်။

ဘရက်ဇစ်

၂၀၁၉ ခုနှစ် တစ်နှစ်လုံးမှာ ဗြိတိန်ဟာ ဥရောပ သမဂ္ဂကနေ နုတ်ထွက်ရေး ဘရက်ဇစ်နဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲတာနဲ့ ပြီးနေပါတယ်။ ဘရက်ဇစ်ကို ထောက်ခံသူ ဘောရစ် ဂျွန်ဆင် ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ပါလီမန်နဲ့ ဗဟိုတရားရုံးမှာ အဓိကမဲတွေ ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမယ့် ဘောရစ် ဂျွန်ဆင်က ရွေးကောက်ပွဲလုပ်ဖို့ တောင်းဆိုမှု ဖြစ်မြောက်ခဲ့ပြီး သူ့ရဲ့ ကွန်ဆာဗေးတစ် ပါတီက အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဥရောပ သမဂ္ဂကနေ ဗြိတိန် ခွဲထွက်ရေးဟာ တကယ်ဖြစ်လာမယ့်သဘော ရှိပါတယ်။

အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲ


၂၀၁၉ ခုနှစ် တစ်လျှောက်လုံး ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ဟာ ကုန်သွယ်ရေး စစ်ပွဲနဲ့ ပတ်သက်လို့ ဘတပြန် ကျားတပြန် ရှိနေခဲ့ပါတယ်။ ဒီဇင်ဘာ အားလပ်ရက် မတိုင်ခင်လေးကမှ အမေရိကန်နဲ့ တရုတ်ကြား အကန့်အသတ်နဲ့ သဘောတူညီမှု ရကြောင်း ကြေညာခဲ့ပါတယ်။ အမေရိကန်က အခွန်စည်းကြပ်မှု အသစ်တွေကို ရုတ်သိမ်းပေးမှာ ဖြစ်သလို တရုတ်ကလည်း အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန်တွေကို တင်သွင်းခွင့် ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ်ဖြစ်မြောက်ဖို့က ထပ်မံညှိနှိုင်းမှုတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။

ဘိုးအင်း ဂျက်လေယာဉ်တွေ ပျက်ကျမှု

အီသီယိုးပီးယားမှာ ဘိုးအင်း ဂျက်လေယာဉ် တစ်စီးပျက်ကျခဲ့ပြီး လူ ၁၅၇ ဦး သေဆုံးပြီးနောက် လေကြောင်းထိန်းသိမ်းရေး အဖွဲ့တွေက ဘိုးအင်း 737 Max ဂျက်လေယာဉ်တွေ ပျံသန်းမှုကို ပိတ်ပင်လိုက်ပါတယ်။ အဲဒီ မတိုင်မီ ငါးလကလည်း အင်ဒိုနီးရှားကမ်းခြေမှာ လူ ၁၈၉ ဦး သေဆုံးတဲ့ ဘိုးအင်း 737 Max ဂျက်လေယာဉ် ပျက်ကျမှု ဖြစ်ခဲ့ပါသေးတယ်။ ဘိုးအင်း ဂျက်လေယာဉ်တွေ ပျက်ကျမှု နှစ်ခုစလုံးမှာ လေယာဉ်ကို ထိန်းချုပ်တဲ့ စနစ်မှာ အမှားအယွင်းရှိနေပြီး လေယာဉ်မှူးတွေက ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

အဲဒီ ဂျက်လေယာဉ် နှစ်စင်း ပျက်ကျမှုဟာ ဘိုးအင်းနဲ့ လေကြောင်းလိုင်းတွေကို အမေရိကန် ဒေါ်လာ ဘီလီယံနဲ့ချီ ဆုံးရှုံးစေခဲ့ပါတယ်။ ဂျက်လေယာဉ် ထုတ်လုပ်မှုကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလထဲမှာ ယာယီ ရပ်ဆိုင်းမယ်လို့ ဘိုးအင်းက ကြေညာခဲ့ပြီး ဘိုးအင်း ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ဒင်းနစ် မူလန်ဘာ့ဂ်လည်း ဒီဇင်ဘာလထဲမှာ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဟောင်ကောင်

ပုံမှန်အားဖြင့် တည်ငြိမ်မှုရှိတဲ့ ဟောင်ကောင်ဟာ လပေါင်းများစွာကြာ ဆန္ဒပြမှုတွေ၊ တစ်ခါတစ်ရံ အကြမ်းဖက်တဲ့ လုပ်ရပ်တွေကြောင့် ဖရိုဖရဲ ဖြစ်နေခဲ့ပါတယ်။ ဆန္ဒပြပွဲတွေက ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို တရုတ်ပြည်မကြီးဆီ ပို့ဆောင်စစ်ဆေးမယ့် မူကြမ်းကို ကန့်ကွက်ရာက စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆန္ဒပြပွဲတွေဟာ ဒီမိုကရေစီ ထောက်ခံပွဲတွေအဖြစ် ပြောင်းလဲလာခဲ့ပြီး ဟောင်ကောင်ရဲ့ လွတ်လပ်မှုကို အကာအကွယ်ပေးဖို့ ဟောင်ကောင်ပြည်သူတွေက တောင်းဆိုထားပါတယ်။ လနဲ့ချီတဲ့ ဆန္ဒပြပွဲတွေအတွင်း ရဲတွေက မျက်ရည်ယိုဗုံး ၂၆၀၀၀၊ ရာဘာတုတ် များစွာ အသုံးပြုခဲ့ပြီး လူပေါင်း ၆၁၀၀ ဖမ်းဆီးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း လူတွေ စိတ်ဝင်စားကြတဲ့ သတင်းတွေထဲမှာ နယူးဇီလန်နိ်ုင်ငံရှိ ဗလီ နှစ်ခုမှာ ၅၁ ဦး အသတ်ခံရမှု၊ ပြင်သစ်နိုင်ငံမှာ နော်တာ ဒိမ်း ဘုရားကျောင်းကြီး မီးလောင်မှုတွေလည်း ပါဝင်ခဲ့ပါတယ်။

တီကဘေီအမျ

၂၀၁၉ ခုနှစ် နိုင်ငံတကာ ထိပ်တန်းသတင်းများ

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ကမ္ဘာ့ထိပ်တန်း သတင်းတွေထဲမှာ ဒီမိုကရက်တွေ ကြီးစိုးတဲ့ အမေရိကန် အောက်လွှတ်တော်အတွင်း သမ္မတ ဒေါ်နယ် ထရမ့်ကို စွပ်စွဲပြစ်တင်တဲ့သတင်းတွေက နံပါတစ် နေရာမှာ ရှိနေပါတယ်။ အလားတူပဲ လူဝင်မှုကြီးကြပ်ရေး မူဝါဒ၊ ရွေးကောက်ပွဲ ကာလအတွင်း ရုရှားနဲ့ ဘယ်လို ပတ်သက်သလဲဆိုတဲ့ စုံစမ်းစစ်ဆေးမှုတွေကြောင့် သမ္မတ ထရမ့်ဟာ ကမ္ဘာ့ထိပ်တန်း သတင်းတွေထဲမှာ ဒုတိယနဲ့ တတိယ လူဖတ်အများဆုံး သတင်းတွေဖြစ်တယ်လို့ အေပီသတင်းဌာနရဲ့ စစ်တမ်းကောက်ယူမှုတွေက ဖော်ပြပါတယ်။

သမ္မတ ထရမ့်ကို စွပ်စွဲပြစ်တင်မှု

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပေလိုစီ ဦးဆောင်တဲ့ ဒီမိုကရက်အုပ်စုက ထရမ့်ဟာ နိုင်ငံရေး ပြိုင်ဘက်တွေကို ဖြတ်ကျော်ဖို့ အာဏာကို အလွဲသုံးစားလုပ်တယ်၊ ကိုယ့်နိုင်ငံတွင်းမှာ စုံစမ်းစစ်ဆေးချင်တဲ့ ကိစ္စမှာ တခြားနိုင်ငံက အကူအညီကို ယူတယ် ဆိုတဲ့အပေါ် အခြေခံပြီး သမ္မတ ထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ထရမ့်နဲ့ ရီပတ်ဘလီကန်တွေကတော့ ဒီလိုကြိုးပမ်းမှုဟာ လုပ်ကြံမှုဖြစ်တယ်လို့ လှောင်ပြောင်ခဲ့ကြပြီး စွပ်စွဲထားမှုတွေကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေး


အမေရိကန်-မက္ကဆီကို နယ်စပ်ကို စံချိန်တင်အရေအတွက် ရှိတဲ့ ရွှေ့ပြောင်းဝင်ရောက်လိုသူ မိသားစုတွေ အကျပ်အတည်းနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့် အုပ်ချုပ်ရေးအဖွဲ့ဟာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အသစ်တွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ရွှေ့ပြောင်းဝင်ရောက်လိုသူတွေကို အမေရိကန်တပ်ဖွဲ့တွေက ထိန်းသိမ်းထားစဉ် ကလေးငယ်တွေ သေဆုံးမှု ရှိခဲ့ပြီး ထိမ်းသိမ်းရေးစခန်းထဲမှာ ကလေးတွေ နေရတဲ့ အခြေအနေကလည်း ဆိုးရွားခဲ့ပါတယ်။ ရီယို ဂရန်းကို ဖြတ်ကျော်စဉ် ရေနစ်သေဆုံးနေတဲ့ ဖခင်နဲ့ သမီးငယ်ရဲ့ဓာတ်ပုံ ပေါ်ထွက်လာချိန်မှာတော့ ကမ္ဘာနဲ့ချီပြီး လူတွေ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ကြပါတယ်။
သမ္မတ ထရမ့်လည်း နယ်စပ်မှာ တံတိုင်းဆောက်ဖို့ အမေရိကန် ဒေါ်လာ ဘီလီယံနဲ့ချီပြီး ပင်တဂွန်စစ်ဌာနချုပ်ကို ချပေးလိုက်ပါတယ်။ ခိုလှုံခွင့်တောင်းသူတွေကိုလည်း အမေရိကန် ပြည်တွင်းမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေ ပြီးသည်အထိ စောင့်ကြဖို့ ဥပဒေသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ထရမ့်-ရုရှား ပတ်သက်မှု စုံစမ်းစစ်ဆေးခြင်း


နှစ်နှစ်ကြာ စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ မစ္စတာ ရောဘတ် မယ်လာက ထရမ့်ရဲ့ ရွေးကောက်ပွဲ မယ်ဆွယ်မှုနဲ့ ရုရှားနိုင်ငံအကြား ရာဝဇတ်မှုမြောက်တဲ့ ပူးပေါင်းကြံစည်တယ်လို့ တရားစွဲရလောက်အောင် လုံလောက်တဲ့ အထောက်အထား မတွေ့ဘူးလို့ လွှတ်တော်မှာ ထွက်ဆိုခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုကို FBI က ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထဲမှာ စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မေလမှာ မယ်လာက လွှဲယူခဲ့တာပါ။ ရွေးကောက်ပွဲမှာ ကြားဖြတ်နှောက်ယှက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထရမ့်ရဲ့ အသိ ခြောက်ဦးနဲ့ ရုရှား ၂၅ ဦးကိုတော့ မစ္စတာ မယ်လာက စွဲချက်တင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ရုရှားက နှောက်ယှက်မှု ရှိ၊ မရှိ ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အစီရင်ခံစာနဲ့ မယ်လာရဲ့ လွှတ်တော်မှာ ထွက်ဆိုချက်တွေဟာ ဒီနှစ်အတွင်း ဂယက်အရိုက်ဆုံးထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

လူအမြောက်အမြား သေဆုံးစေတဲ့ သေနတ်ပစ်ခတ်မှု

တက္ကဆက်ပြည်နယ်၊ အယ်လ် ပါဆိုရှိ လူအများအပြား ဈေးဝယ်ထွက်နေတဲ့ ဝေါလ်မတ် စတိုးမှာ သေနတ်သမား တစ်ဦးက ပစ်ခတ်လို့ လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမားဟာ တိုက်ခိုက်မှု မလုပ်ခင် အွန်လိုင်းမှာ ဟစ်စပန်းနစ် ဆန့်ကျင်ရေးတွေ ရေးတင်ခဲ့တယ်လို့ ရဲက ပြောပါတယ်။ အဲဒီသေနတ် ပစ်ခတ်မှုဟာ အမေရိကန်ပြည်တွင်းရှိ လက်တင် လူမှုအသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့ပါတယ်။

ဒီပစ်ခတ်မှုဟာ အမေရိကန်မှာ ပစ်ခတ်သတ်ဖြတ်မှု အများအပြားထဲက တစ်ခု ဖြစ်ပါတယ်။ ပစ်မှတ်ထား သတ်ဖြတ်မှုတွေဟာ ကာလီဖိုးနီးယားပြည်နယ်၊ ဂီလ်ရွိုင်းရှိ စက်ရုံတစ်ခုမှာ ပစ်ခတ်မှု၊ အိုဟိုင်းယိုးပြည်နယ်၊ ဒေတန်ရှိ ဘားတစ်ခုမှာ ပစ်ခတ်မှု၊ ဗာဂျီးနီးယားပြည်နယ်၊ ဗာဂျီးနီးယားဘိချ်ရှိ အဆောက်အအုံတစ်ခုမှာ ပစ်ခတ်မှုတို့ အပါအဝင် ဖြစ်ပါတယ်။

မူးယစ်ဆေး ပါဝင်တဲ့ ဆေးပြဿနာ

အကိုက်အခဲပျောက်ဆေးလို မူးယစ်ဆေးပါဝင်တဲ့ ဆေးတွေကြောင့် ဖြစ်ပေါ်တဲ့ ပြဿနာတွေအတွက် ကုန်ကျစရိတ်ကို ဆေးထုတ်လုပ်ရေး ကုမ္မဏီတွေ လျော်ကြေးအဖြစ် ပေးရေး တရားစွဲဆိုနိုင်ဖို့ အမေရိကန် ပြည်နယ်တွေမှာ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

အောက်ဇီကွန်တင် အကိုက်အခဲပျောက်ဆေး ထုတ်လုပ်တဲ့ ပါဒူး ဖားမား ဆေးကုမ္ပဏီကြီးဟာ လျော်ကြေးရလိုတဲ့ တရားစွဲဆိုမှုပေါင်း ၂၇၀၀ ကျော်ကို ရင်ဆိုင်ရပြီးနောက် ဒေဝါလီ ခံလိုက်ပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ အဲဒီလို မူးယစ်ဆေးပါတဲ့ ဆေးတွေစွဲမှုကြောင့် သေဆုံးသူ ၄ သိန်းကျော် ရှိနေပါတယ်။

ရာသီဥတု ပြောင်းလဲမှု


ကာဘွန် ထုတ်လွှတ်မှုကို ထိန်းချုပ်တဲ့ ပဲရစ် သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်ဖို့ သမ္မတ ထရမ့် အုပ်ချုပ်ရေးအဖွဲ့က စတင်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲကြီးဟာလည်း ကမ္ဘာကြီး ပူနွေးလာမှုကို တားဆီးရေးမှာ အချက်အခြဖြစ်တဲ့ ညစ်ညမ်းမှု အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတွေက တုံ့ဆိုင်းနေတာကြောင့် အဓိက အရေးကြီးတဲ့ သဘောတူညီချက် တစ်ခုမှ မရဘဲ ပြီးဆုံးသွားပါတယ်။
၂၀၁၉ ခုနှစ်ဟာ စံချိန်တင် ဒုတိယ အပူဆုံး ရာသီဖြစ်တာကြောင့် ရာသီဥတုနဲ့ ပတ်သက်လို့ အလေးထား လုပ်ဆောင်ဖို့ အသက်အငယ်ဆုံး တက်ကြွလှုပ်ရှားသူ ဂရက်တာ တွန်းဘတ်က တောင်းဆိုခဲ့ပါတယ်။

ဘရက္ဇစ္

၂၀၁၉ ခုနှစ် တစ်နှစ်လုံးမှာ ဗြိတိန်ဟာ ဥရောပ သမဂ္ဂကနေ နုတ်ထွက်ရေး ဘရက်ဇစ်နဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲတာနဲ့ ပြီးနေပါတယ်။ ဘရက်ဇစ်ကို ထောက်ခံသူ ဘောရစ် ဂျွန်ဆင် ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ပါလီမန်နဲ့ ဗဟိုတရားရုံးမှာ အဓိကမဲတွေ ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမယ့် ဘောရစ် ဂျွန်ဆင်က ရွေးကောက်ပွဲလုပ်ဖို့ တောင်းဆိုမှု ဖြစ်မြောက်ခဲ့ပြီး သူ့ရဲ့ ကွန်ဆာဗေးတစ် ပါတီက အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဥရောပ သမဂ္ဂကနေ ဗြိတိန် ခွဲထွက်ရေးဟာ တကယ်ဖြစ်လာမယ့်သဘော ရှိပါတယ်။

အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲ


၂၀၁၉ ခုနှစ် တစ်လျှောက်လုံး ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ဟာ ကုန်သွယ်ရေး စစ်ပွဲနဲ့ ပတ်သက်လို့ ဘတပြန် ကျားတပြန် ရှိနေခဲ့ပါတယ်။ ဒီဇင်ဘာ အားလပ်ရက် မတိုင်ခင်လေးကမှ အမေရိကန်နဲ့ တရုတ်ကြား အကန့်အသတ်နဲ့ သဘောတူညီမှု ရကြောင်း ကြေညာခဲ့ပါတယ်။ အမေရိကန်က အခွန်စည်းကြပ်မှု အသစ်တွေကို ရုတ်သိမ်းပေးမှာ ဖြစ်သလို တရုတ်ကလည်း အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန်တွေကို တင်သွင်းခွင့် ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ်ဖြစ်မြောက်ဖို့က ထပ်မံညှိနှိုင်းမှုတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။

ဘိုးအင်း ဂျက်လေယာဉ်တွေ ပျက်ကျမှု

အီသီယိုးပီးယားမှာ ဘိုးအင်း ဂျက်လေယာဉ် တစ်စီးပျက်ကျခဲ့ပြီး လူ ၁၅၇ ဦး သေဆုံးပြီးနောက် လေကြောင်းထိန်းသိမ်းရေး အဖွဲ့တွေက ဘိုးအင်း 737 Max ဂျက်လေယာဉ်တွေ ပျံသန်းမှုကို ပိတ်ပင်လိုက်ပါတယ်။ အဲဒီ မတိုင်မီ ငါးလကလည်း အင်ဒိုနီးရှားကမ်းခြေမှာ လူ ၁၈၉ ဦး သေဆုံးတဲ့ ဘိုးအင်း 737 Max ဂျက်လေယာဉ် ပျက်ကျမှု ဖြစ်ခဲ့ပါသေးတယ်။ ဘိုးအင်း ဂျက်လေယာဉ်တွေ ပျက်ကျမှု နှစ်ခုစလုံးမှာ လေယာဉ်ကို ထိန်းချုပ်တဲ့ စနစ်မှာ အမှားအယွင်းရှိနေပြီး လေယာဉ်မှူးတွေက ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

အဲဒီ ဂျက်လေယာဉ် နှစ်စင်း ပျက်ကျမှုဟာ ဘိုးအင်းနဲ့ လေကြောင်းလိုင်းတွေကို အမေရိကန် ဒေါ်လာ ဘီလီယံနဲ့ချီ ဆုံးရှုံးစေခဲ့ပါတယ်။ ဂျက်လေယာဉ် ထုတ်လုပ်မှုကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလထဲမှာ ယာယီ ရပ်ဆိုင်းမယ်လို့ ဘိုးအင်းက ကြေညာခဲ့ပြီး ဘိုးအင်း ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ဒင်းနစ် မူလန်ဘာ့ဂ်လည်း ဒီဇင်ဘာလထဲမှာ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဟောင်ကောင်

ပုံမှန်အားဖြင့် တည်ငြိမ်မှုရှိတဲ့ ဟောင်ကောင်ဟာ လပေါင်းများစွာကြာ ဆန္ဒပြမှုတွေ၊ တစ်ခါတစ်ရံ အကြမ်းဖက်တဲ့ လုပ်ရပ်တွေကြောင့် ဖရိုဖရဲ ဖြစ်နေခဲ့ပါတယ်။ ဆန္ဒပြပွဲတွေက ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို တရုတ်ပြည်မကြီးဆီ ပို့ဆောင်စစ်ဆေးမယ့် မူကြမ်းကို ကန့်ကွက်ရာက စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆန္ဒပြပွဲတွေဟာ ဒီမိုကရေစီ ထောက်ခံပွဲတွေအဖြစ် ပြောင်းလဲလာခဲ့ပြီး ဟောင်ကောင်ရဲ့ လွတ်လပ်မှုကို အကာအကွယ်ပေးဖို့ ဟောင်ကောင်ပြည်သူတွေက တောင်းဆိုထားပါတယ်။ လနဲ့ချီတဲ့ ဆန္ဒပြပွဲတွေအတွင်း ရဲတွေက မျက်ရည်ယိုဗုံး ၂၆၀၀၀၊ ရာဘာတုတ် များစွာ အသုံးပြုခဲ့ပြီး လူပေါင်း ၆၁၀၀ ဖမ်းဆီးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း လူတွေ စိတ်ဝင်စားကြတဲ့ သတင်းတွေထဲမှာ နယူးဇီလန်နိုင်ငံရှိ ဗလီ နှစ်ခုမှာ ၅၁ ဦး အသတ်ခံရမှု၊ ပြင်သစ်နိုင်ငံမှာ နော်တာ ဒိမ်း ဘုရားကျောင်းကြီး မီးလောင်မှုတွေလည်း ပါဝင်ခဲ့ပါတယ်။

တီကေဘီအမ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)