Lockdown ချတဲ့အချိန်ဆိုတာ ဘာလဲ

0
296

ကမ္ဘာတစ်ဝန်း ပြင်းထန် အဆုတ်ရောင် COVID-19 ရောဂါ ကူးစက်မှုဟာ ဒီနေ့မတ်လ ၃၁ ရက် မွန်းလွဲချိန်အထိ ၇၈၆,၀၀၀ ကျော် ရှိလာပြီး ၃၇,၈၀၀ ကျော် ရှိပါတယ်။ နိုင်ငံကြီးတစ်ချို့က မြို့ကြီးများကို လော့ခ်ဒေါင်း (Lockdown) ချမှုတွေ ရှိနေပါပြီ။ လော့ခ်ဒေါင်း ချတယ်ဆိုတာ ဘာလဲ၊ ဘာတွေပြင်ဆင်ဖို့ လိုအပ်မလဲ၊ ဘာတွေ သိထားဖို့လိုအပ်မလဲ ဆိုတာတွေကို သိနိုင်ဖို့ တင်ပြလိုက်ပါတယ်။ နိုင်ငံတကာစံနှုန်းနဲ့ ရေးသားထားတာကို မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်အောင် အလျဉ်းသင့်သလို တင်ပြလိုက်ပါတယ်။

၁။ မေး – ATM စက်ကနေ ငွေသွားထုတ်လို့ ရပါသလား။ (နိုင်ငံအတော်များများမှာ လူတိုင်းနီးပါး ATM ကတ်နဲ့ ငွေထုတ်ကြပါတယ် မြန်မာနိုင်ငံမှာလည်း တစ်ချို့သော ပုဂ္ဂလိက ကုမ္ပဏီများနဲ့ အစိုးရရုံးများက ATM ကတ်နဲ့ လစာငွေကို ထုတ်ပေးလေ့ရှိပါတယ်)
ဖြေ – သွားထုတ်လို့ရပါတယ် သို့သော်လည်း တစ်ဦးတည်းသာ သွားခွင့်ရှိပါတယ်။

၂။ မေး- မနက်ပိုင်းမှာ အားကစားလေ့ကျင့်ရန် သွားလို့ရပါသလား။
ဖြေ – ရပါတယ် သို့သော်လည်း တစ်ဦးတစ်ယောက်ချင်း သီးသန့်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ (ပြုလုပ်ရန် ခွင့်ပြုတာကတော့ အပြေးလေ့ကျင့်ခန်း တစ်ခုတည်းပါ)

၃။ မေး – မနက်ခင်းမှာ အိမ်နီးနားချင်းတွေစုပြီး ကိုယ်ကာယ လေ့ကျင့်ခန်းများကို နီးစပ်ရာပန်းခြံတွေမှာ လုပ်ခွင့်ရှိပါသလား။
ဖြေ- လော့ခ်ဒေါင်းကာလမှာ လူစုလူဝေး ပြုလုပ်ခြင်းကို ပြင်းထန်စွာ တားမြစ်ထားပါတယ်။ ဒါကြောင့် ပန်းခြံအပါအဝင် လူစုနိုင်တဲ့ နေရာများအားလုံးကို ပိတ်ပင်ထားပါတယ်။ အပြေးလေ့ကျင့်ခန်းအပြင် တခြားသော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်လိုလျှင် တစ်ဦးတည်းသာ ပြုလုပ်ခွင့်ရှိပါတယ်။

၄။ မေး – အိမ်ပြင်ထွက်ရင် ဖမ်းဆီးထိန်းသိမ်းမှာပါလား။
ဖြေ – ဖမ်းဆီးထိန်းသိမ်းခွင့် မရှိပါဘူး။

၅။ မေး – တက္ကစီငှားစီးခွင့် ရှိပါသလား။
ဖြေ – ရှိပါတယ်။ (အရေးပေါ်သွားလိုတဲ့ နေရာများကို သွားလိုလျှင် ဝန်ဆောင်မှုပေးတဲ့ တက္ကစီများကို ငှားရမ်းခွင့်ရှိပါတယ်)

၆။ မေး – ဓာတ်လှေကားများကို သုံးခွင့်ရှိပါသလား။ (ဆိုလိုတာကတော့ လူပေါင်း ၁၅၀၀ ဝန်းကျင်ခန့် နေထိုင်တဲ့ ကွန်ဒိုအဆောက်အအုံများ ဆိုပါရင် ဓာတ်လှေခါး အသုံးပြုတဲ့အခါ လူ ၅ ဦးထက်ပိုတဲ့ စုဝေးမှုမျိုး ဖြစ်နိုင်ပါတယ်)
ဖြေ – စီးခွင့်ရှိပါတယ်။ သို့သော်လည်း မိမိကိုယ်ကို ကာကွယ်မှုကိုတော့ မိမိကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်ပါတယ်။ မျက်နှာကို mask တပ်ဆင်ထားရမယ်။ လက်ကိုလည်း လက်အိပ်စွပ်ထားမယ် (ဒါမှမဟုတ်) လက်ဆေးဆပ်ပြာနဲ့ ချက်ချင်းဆေးနိုင်ရမယ်။

၇။ မေး – လော့ခ်ဒေါင်း အချခံထားရတဲ့ မိမိနေထိုင်ရာ မြို့မှ အခြားနေရာများသို့ ပြောင်းရွှေ့ခွင့် (ဒါမှမဟုတ်) ထွက်ခွာခွင့် ရှိပါသလား။
ဖြေ – ဒါကတော့ မိမိရဲ့ သဘောဆန္ဒလို့ ဆိုပါတယ်။ မြို့များအားလုံး လော့ခ်ဒေါင်း ချထားပြီဆိုပါရင် အဝင်အထွက် အားလုံးကို သက်ဆိုင်ရာ အာဏာပိုင်များက ကြီးကြပ်ဆေးပါတယ်။ ဝင်ခွင့်၊ ထွက်ခွင့်နဲ့ ပတ်သက်လို့ ဒေသအာဏာပိုင်များက သတ်မှတ်ထားတဲ့ စည်းမျဉ်းများရှိပါတယ်။ အဲဒီ စည်းမျဉ်းတွေကို တိတိကျကျ လိုက်နာဖို့ အရေးကြီးပါတယ်။ မလိုက်နာဘူးဆိုရင်တော့ အပြစ်ပေး အရေးယူခံရနိုင်ပါတယ်။

၈။ မေး – လော့ခ်ဒေါင်း ချထားတာကို ချိုးဖောက်ခဲ့ရင် မဖြစ်မနေ အပြစ်ဒဏ်ခံရမှာလား။ ( အထက်က မေးခွန်းနဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်ပါတယ်)
ဖြေ- လော့ခ်ဒေါင်း ချတာဟာ မာရှယ်လောလို့ခေါ်တဲ့ စစ်အုပ်ချုပ်ရေး ဥပဒေလောက်တော့ မပြင်းထန်ပါဘူး။ သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေးမှူးများနဲ့ ရဲအရာရှိတို့အပေါ်မှာ မူတည်ပါတယ်။ ဘာကြောင့် လော့ခ်ဒေါင်းချတာကို ချိုးဖောက်ချင်ရတာလဲ ဆိုတဲ့ ကိစ္စရပ်ပေါ်မှာလည်း မူတည်ပါတယ်။ ပြုလုပ်လိုက်တဲ့ အပြုအမူဟာ ချမှတ်ထားတဲ့ ဉပဒေကို တဖက်သတ် ဆန့်ကျင်လိုတာကြောင့်ဆိုရင်တော့ အပြစ်ပေးခံရနိုင်ပါတယ်။

၉။ မေး – လော့ခ်ဒေါင်းချတဲ့ ကာလ ဘယ်လောက်အထိ ကြာရှည်နိုင်ပါသလဲ။
ဖြေ- လော့ခ်ဒေါင်းချတဲ့ကာလဟာ ပထမ အပတ် ၁၅ ရက်မှ စတင်နိုင်ပါတယ်။ ရောဂါပြန့်ပွားမှု အခြေအနေဟာ ပြောင်းလဲမှုမရှိ၊ ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူးဆိုရင်တော့ နောက်ထပ် ဒုတိယ အပတ်၊ တတိယ အပတ် စသဖြင့် ဒေသအာဏာပိုင်၊ အစိုးရကနေပြီး သတ်မှတ်ပိုင်ခွင့်ရှိပါတယ်။

၁၀။ မေး – အပြင်ထွက်ခွင့်ရှိပါသလား။ (ဆိုလိုတာကတော့ လုပ်ငန်းခွင်သို့သွားခြင်း၊ ဈေးဝယ်ထွက်ခြင်းနဲ့ အခြားသော လူမှုရေးကိစ္စများ ဆောင်ရွက်ခြင်းလို့ ယူဆပါတယ်)
ဖြေ – အပြင်ထွက်ခွင့်ကို တားမြစ်ခြင်းဖြစ်ပါတယ်။ မိမိရဲ့ မိသားစု စားဝတ်နေရေးကိစ္စအတွက် အပြင်ထွက် အလုပ်လုပ်ခွင့်ကို တားမြစ်သလို လူထု သယ်ယူပို့ဆောင်ရေး လုပ်ငန်းများလည်း ရပ်တန့်ထားရမှာဖြစ်ပါတယ်။

၁၁။ မေး – အင်တာနက်လိုင်း၊ ဖုန်းလိုင်းများကို ဖြတ်တောက်မှာလား။
ဖြေ – လုံးဝ လုံးဝ ဖြတ်တောက်မှာ မဟုတ်ပါဘူး။

၁၂။ မေး – ပိုက်ဆံထုတ်လို့ ရမှာလား။ (ATM အသုံးမပြုသူတွေကို ဆိုလိုခြင်းဖြစ်ပါတယ်)
ဖြေ – ဘဏ်များက ATM စက်များမှာ အချိန်မရွေး ငွေထုတ်နိုင်ရန် စီစဉ်ထားပေးမှာဖြစ်ပြီး အကယ်၍ ATM ကတ်နဲ့ အသုံးမပြုသူဆိုရင်တော့ ဘဏ်ကို ဆက်သွယ်ပြီး ငွေထုတ်နိုင်ရန် ဘဏ်က စီစဉ်ပေးရမှာ ဖြစ်ပါတယ်။

၁၃။ မေး – online shopping အသုံးပြုလို့ရပါသလား။ (ရောင်းတာရော၊ ဝယ်တာရော နှစ်ခုစလုံးကို ဆိုလိုပါတယ်)
ဖြေ – ရပါတယ်။ လော့ခ်ဒေါင်း ချထားချိန်မှာ အွန်လိုင်းရှော့ပင်းကို အသုံးပြုတာဟာ အကောင်းဆုံးနည်းလမ်းပါ။ ပစ္စည်းပို့တဲ့အခါမှာတော့ ရောဂါပိုး ကူးစက်နိုင်ခြင်းမရှိအောင် အကာအကွယ်ဝတ်စုံကို အပြည့်ဝတ်ဆင်ထားရမှာ ဖြစ်ပါတယ်။

၁၄။ မေး – လိုအပ်သော ဆေးဝါးပစ္စည်း ဝယ်ယူရန်အတွက် အခြားနိုင်ငံ (ဒါမှမဟုတ်) မြို့သို့ သွားလို့ရပါသလား။
ဖြေ – ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီမှ တာဝန်ရှိသူ (ဒါမှမဟုတ်) ဆေးဝါးဝယ်ယူရန် တာဝန်ရှိသူတွေကတော့ သတ်မှတ်ထားတဲ့ လုပ်ငန်းတာဝန်ချိန်အတွင်း သွားခွင့်ရှိပါတယ်။

၁၅။ မေး – ဆေးရုံနဲ့ ဆေးပေးခန်းများ ဖွင့်ထားမှာလား။
ဖြေ- ဆေးရုံနဲ့ ဆေးပေးခန်းများအားလုံး ဖွင့်ပေးထားရမှာ ဖြစ်ပါတယ်။

၁၆။ မေး – စတိုးဆိုင်များ ဖွင့်ခွင့်ရှိပါသလား။
ဖြေ – နေ့စဉ်သုံးပစ္စည်း၊ အစားအသောက်၊ အသား၊ ငါး၊ အဖျော်ယမကာ၊ အသီးအနှံ စတဲ့ နေ့စဉ်လိုအပ်တဲ့ ပစ္စည်းများ ရောင်းချတဲ့ စတိုးဆိုင်များ ဖွင့်ခွင့်ရှိပါတယ်။

၁၇။ မေး – ဓာတ်ဆီဆိုင်များ ဖွင့်ခွင့်ရှိပါသလား။
ဖြေ – ဓာတ်ဆီဆိုင်၊ ဂက်စ်ဆိုင် အပါအဝင် စက်သုံးဆီပစ္စည်းရောင်းတဲ့ဆိုင်များ ဖွင့်ခွင့်ရှိပါတယ်။

၁၈။ မေး – တခြားသူရဲ့ ကားနဲ့ လမ်းကြုံလိုက်ပြီး တခြားမြို့သို့ သွားခွင့်ရှိပါသလား။
ဖြေ – မရှိပါဘူး။

၁၉။ မေး- လော့ခ်ဒေါင်းချခြင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ၁၀၀ ရာခိုင်နှုန်း အထောက်အကူ ပြုပါသလား။
ဖြေ – ၁၀၀ ရာခိုင်နှုန်း အထောက်အကူပြုပါတယ်။ သင်နဲ့ သင့်မိသားစုကို ကိုရိုနာဗိုင်းရပ်စ် ရန်မှ ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက လော့ခ်ဒေါင်းချခြင်းပါပဲ၊ အကယ်၍ သင့်အနေနဲ့ ကိုယ့်ကိုကိုယ် ရောဂါကူးစက်ခံနေရပြီလားလို့ သံသယဖြစ်ပေါ်ခဲ့ပါကလည်း ၁၄ ရက် Self-quarantine လုပ်ရမှာ ဖြစ်တဲ့ အတွက်ပါ။

၂၀။ မေး – ဆေးရုံသို့ စိတ်ချလုံခြုံစွာ ဘယ်လိုသွားရပါမလဲ။ (ဒါကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တယ်လို့ သံသယမရှိဘဲ အခြားရောဂါကြောင့် ဆေးရုံသို့သွားဖို့လိုအပ်တဲ့အချိန် ဖြစ်နိုင်ပါတယ်)
ဖြေ – အသက် ၆၀ ကျော်ဆိုရင်တော့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ကို အကြောင်းကြားခဲ့ရင် သူတို့က စီစဉ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ မိမိကိုယ်ကို အပြည့်အစုံ အကာအကွယ်ယူပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားနိုင်ပါတယ်။

၂၁။ မေး – ဆေးရုံကို သွားလိုက်တာနဲ့ Self-quarantine လုပ်ရတော့မှာပါလား။
ဖြေ – ဆေးရုံ၊ ဆေးခန်းတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ သီးသန့်ခွဲထားပါတယ်။ သာမန်လူနာများကို သပ်သပ်စောင့်ရှောက်ပါတယ်။ မိမိကိုယ်တိုင်က မျက်နှာကို mask တပ်ဆင်ထားတယ်၊ လက်ကို မကြာခဏ သန့်စင်နေမယ်ဆိုရင် Self-quarantine လုပ်စရာမလိုပါဘူး။ ဆေးရုံများဟာ ပိုးသတ်ဆေးကို မကြာခဏဖြန်းနေတဲ့ အတွက်ကြောင့်ပါ။

၂၂။ မေး – မိမိက ကိုယ်ပိုင်ကားနဲ့ အကြောင်းတစုံတရာကြောင့် အပြင်ထွက်ခဲ့သော် တခြားသူတစ်ဦးကို ခေါ်သွားခွင့်ရှိပါသလား။
ဖြေ – မြို့ထဲက ထွက်ခွာတာ မဟုတ်ရင် တင်ဆောင် ခေါ်ယူခွင့်ရှိပါတယ်။

၂၃။ မေး – ကိုယ့်ရဲ့ ဆွေမျိုးသားချင်း၊ မိတ်ဆွေတစ်ဦးက တစ်ယောက်တည်းရှိနေခဲ့ပါက သူ့ထံသို့ အလည်အပတ် သွားခွင့်ရှိပါသလား။
ဖြေ – မရှိပါဘူး။ ဖုန်းဆက်၍ သော်လည်းကောင်း၊ ဗီဒီယို call ခေါ်၍သော်လည်းကောင်း သာကြောင်းမာကြောင်း ပြောခွင့်ရှိပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)