ဘင်္ဂလားဒေ့ရှ် ကိုယနေ့ခရီးဆက်မယ့် ပုပ်ရဟန်းမင်းကြီး နှစ်နိုင်ငံ တင်းမာစေမယ့် ရိုဟင်ဂျာ အကြောင်း ထုတ်ပြောမလား

0
2389

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ဟာမြန်မာနိုင်ငံဆီ ၃ ရက်ကြာ လာရောက်ပြီးနောက် ဒီနေ့မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ယနေ့ခရီးဆက်ပါမယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ထိလွယ်ရှလွယ် အရေးဖြစ်တဲ့ရခိုင်ပြည်နယ်အရေးနဲ့ရိုဟင်ဂျာ စကားလုံးကို ပုပ်ရဟန်းမင်းကြီးက မြွက်ဟခဲ့ခြင်းမရှိပါဘူး။

မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တင်းမာစေမယ့် အပြောအဆိုတွေကိုပုပ်ရဟန်းမင်းကြီး သတိထားလုပ်ဆောင်နေတာတွေ့ရပါတယ်။

ပုပ်ရဟန်းမင်းကြီး အကြောင်းနိုင်ငံတကာမှရေးသားတင်ပြချက်များကိုကြည့်ရင် ရိုဟင်ဂျာအကြောင်းနှုတ်ဆိတ်နေခဲ့တယ်လို့အဖွသတင်းများကိုတွေ့နေရပါတယ်။

မြန်မာနိုင်ငံသည် အနောက်အုပ်စုနိုင်ငံများ၏ ဖိအားပေးမှုကို တွေ့ကြုံနေရပြီး ဝေဖန်မှုမျိုးစုံ ကြုံဆုံနေရချိန်တွင်  ဗာတီကန်အနေဖြင့် မြန်မာအစိုးရ၏ ရပ်တည်ချက်ဘက်မှ ထောက်ခံရခြင်းမှာ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခ ပိုမို  ဆိုးရွားမလာစေရန်သာဖြစ် တယ်လို့ မနေ့ကပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။


ပုပ်ရဟန်း မင်းကြီး၏ ခရီးစဉ်ကို မိမိတို့အနေဖြင့် အကျစ်လျစ်ဆုံး စကားလုံးတစ်လုံးတည်းဖြင့် ပြောနိုင်ပါကြောင်း၊ ယင်း  စကားလုံးမှာ စည်းလုံးညီညွတ်ခြင်းဟူသော စကားလုံးပင် ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုနှင့် လူမျိုးပေါင်းစုံ  ပေါင်းစည်းနေထိုင်မှုတို့ကို ရည်ညွှန်းလိုခြင်းဖြစ်ကြောင်း၊  မိမိတို့နှစ်နိုင်ငံ၏ တူညီသော ရည်မှန်းချက်မှာလည်း  စည်းလုံးညီညွတ်မှုကို တည်ဆောက်ရေးသာလျှင်  ဖြစ်ကြောင်း၊ ပုပ်ရဟန်းမင်းကြီး မိန့်ကြားခဲ့သော စကားများ  ကိုရှင်းပြခဲ့ပါတယ်။


ဒါကြောင့်မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ထိလွယ်ရှလွယ် အရေးဖြစ်တဲ့ရခိုင်ပြည်နယ်အရေးနဲ့ရိုဟင်ဂျာ စကားလုံးကို ပုပ်ရဟန်းမင်းကြီးက မြွက်ဟခဲ့ခြင်းမရှိခဲ့သလို ဘင်္ဂလားဒေ့ရှ်ခရီးစဉ်မှာလည်း ဆက်ပြောမပြော စောင့်ကြည့်ရမှာဖြစ်ကြောင်းပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)