ဒေါ်အောင်ဆန်းစုကြည်နှင့် Nikkei Asia Review အင်တာဗျုး အပြည့်အစုံ

0
210

Q: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရ ကို ပဲ့ကိုင်လာတာ အခုဆိုရင် သုံးနှစ်ခွဲ ရှိလာ
ပြီဆိုတော့ ယခုအချိန်ထိ နိူင်ငံရေးအရ အောင်မြင်မှုတွေ အပေါ် ဘယ်လို ရှုမြင်ပါသလဲ၊ ပြီးတော့ မြန်မာနိူင်ငံမှာ ဒီမိုကရေစီ အကောင်အထည် ဖေါ် နေမှု နဲ့ စပ်လျင်းပြီး တော့ကော။

A: နိူင်ငံရေးအရ အောင်မြင်မှု ဆိုတာနဲ့ ပါတ် သက်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ တော့ ကြည့်ရ မှာပါ၊ ကျမတို့ နိူင်ငံက ရှင်တို့ သိတဲ့ အတိုင်း တိုင်းရင်းသား လူမျိုး ပေါင်းစုံနဲ့ ဖွဲ့စည်းထားတာ ဖြစ်တော့ ကျမတို့ နိူင်ငံအတွင်းမှာ ငြိမ်းချမ်းရေး ရအောင် ကြိုးစားနေဆဲ ဖြစ်တယ် လို့ပဲ ပြောရမှာပါ၊ ကျမတို့ လွတ်လပ်ရေး ရပြီးကတည်းက လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေဆဲ ဖြစ်နေတာမို့ပါ။

ဒီတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်နဲ့ ပါတ် သက်ပြီး ပြောရရင် ကျမတို့မှာ ၂၁ ရာစု ပင်လုံ ရှိပါတယ်၊ တိုးတက်မှုတွေလည်း ရနေပါတယ်၊ သုံးကြိမ်တိုင်တိုင်လည်း စည်းဝေးခဲ့ကြပြီးပါပြီ၊ဆွေးနွေးကြတဲ့ အခါတိုင်း အခက်အခဲ တွေ ရှိနေပေမယ့် ရှေ့ကို ဆက် သွားနိူင်ခဲ့တာခြည်းပါပဲ။ နဲနဲလေး ဖြစ်ဖြစ်ပေါ့၊ နောက်ဆုံးအကြိမ်ကတော့ အတော်လေး ခက်ခက်ခဲခဲ ရှိတယ်လို့ ပြောရမှာ ဖြစ်ပေမယ့် ကျမတို့ တိုးတက်မှုတွေ ရှိအောင် ကြံဆောင် နိူင်ခဲ့ကြပါတယ်။

ဒီတော့ ပြောရမယ်ဆိုရင် ကျမတို့ရဲ့ နိူင်ငံရေး အစီအစဥ်တွေထဲမှာ အရေးအကြီးဆုံးက ငြိမ်း ချမ်းရေး လုပ်ငန်းစဥ်တွေပဲ ဖြစ်ပြီး ဒါကလည်း တိုးတက်မှုတွေ ရနေပါတယ်။ ကျမတို့ ဆန္ဒရှိသလိုတော့ မမြန်ဖူးပေါ့ရှင်၊ ဒါပေမယ့် မျှော်လင့်ထားတာထက်တော့ နှေးကွေးသွား သလား ဆိုတော့လည်း မဟုတ်ပါဖူး၊ နှစ်ပေါင်း ၇၀ ကျော်လောက် ဖြစ်လာနေတဲ့ ပြဿာနာ တခုကို သုံးနှစ် အတွင်း ဖြေရှင်းလို့ ရမယ်လို့ မျှော်လင်နေပြန်ရင်လည်း သိတ်ကို အကောင်းမြင်လွန်းနေသလို ဖြစ်သွားမှာပါ။

Q: အန်အယ်ဒီက ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် အဆိုပြုတာတွေ ရှိနေတာ တွေ့ရပါတယ်၊ မြန်မာနိူင်ငံမှာ ဒီမိုကရေစီ ရှေ့လျောက် ဖြစ်ထွန်းဖို့ ဘယ်လို ဖွဲ့စည်းပုံ အပြောင်းအလဲ မျိုးကို ခင်ဗျား အနေနဲ့ ထောက်ခံပါလဲ၊ နိူင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက်ကော ဘယ်လို ရည်မှန်းချက်မျိုးတွေရှိနေပါသလဲ။

A: လွတ်တော်ထဲမှာ ဒီကိစ္စအတွက် အခြေအတင် ဆွေးနွေးနေကြတာတွေကို စောင့်ကြည့် နေဖြစ်တယ် ဆိုရင်တော့ ပြောင်းဖို့ ကျမတို့ အကြံပြုထားတာတွေ အများကြီး ရှိတယ်ဆိုတာ သိပြီးဖြစ်မှာပါ၊ အခြေခံ အားဖြင့်တော့ပြီးပြည့်စုံတဲ့ ဒီမိုကရေစီ ရရှိဖို့ အတွက် ရည်ရွယ်ပြီး ပြောင်းလဲဖို့ လုပ်နေတာ ဖြစ်ပါတယ်၊ လောလောဆယ်တော့ သိကြတဲ့ အတိုင်းပဲ ကျမတို့ ဒီမိုကရေစီက ပြည့်စုံတဲ့ အဆင့်မရောက်သေးပါဖူး၊ ဒီနေရာ မှာ အတော်လေးကို သိသာထင်ရှားလွန်းတဲ့ ဥပမာ ပေးရမယ် ဆိုရင်တော့ လွှတ်တော်ထဲက ကိုယ်စားလှယ် ၂၅% က ရွေးကောက်တင် မြှောက်ခံရသူတွေ မဟုတ်ကြပါဖူး၊ ပြီးပြည့်စုံ တဲ့ ဒီမိုကရေစီ ဖြစ်ဖို့ဆိုတာက လွတ်တော် ကိုယ်စားလှယ် အားလုံး ရွေးကောက်တင် မြှောက်ခံရမယ်လို့ ကျမတို့ ယုံကြည်ထားပါတယ်၊ ဒါကလည်းအခြေခံ ကျတဲ့ အချက်ပါ၊ ဒါအပြင် နိူင်ငံရဲ့ အချုပ်အခြာ အာဏာက ပြည်သူတွေထဲ မှာပဲ ရှိနေတယ် ဆိုတာကို တကယ်တမ်း သေချာစေမယ့် အခြား ပြင်ဆင်မှုတွေလဲ လုပ်ဖို့ လိုအပ်နေပါတယ်။

Q: ဖွဲ့စည်းပုံ ပိုင်း အပြောင်းအလဲ လုပ်နိူင် မယ့် အလားအလာကကော။

A: အပြောင်းအလဲတွေ ဖြစ်လာမှာပဲ ဆိုတာ ကျမတို့ ယုံကြည်ထားပါတယ်၊ ဘယ်လောက် မြန်မြန် ဖြစ်လာမလဲဆိုတာသာ ကျမတို့ ခန့် မှန်းဖို့ ခက်နေတာပါ၊ လူက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို မပြောင်းနိူင်စရာ မရှိဖူးလို့ ကျမ တို့ မြင်ပါတယ်၊ ရှင်လည်း သိကောင်းသိနေ မှာပါပဲ၊ ဆန့်ကျင်မှူတွေ ရှိနေတယ်ဆိုတာ၊ ဒါကို ကျော်လွှားရမှာ ဖြစ်ပါတယ်၊ ဒီလို ကျော် လွှားဖို့ လုပ်တဲ့နေရာမှာ နိူင်ငံရဲ့ စည်းလုံးညီ ညွတ်မှု နဲ့ တည်ငြိမ်မှု ကို အနှောက်အယှက် မပေးနိူင်တဲ့ နည်းမျိုးနဲ့ လုပ်ရမှာလည်း ဖြစ်ပါ တယ်။

A: ခုထိကော တုန့်ပြန်လာတဲ့ အနေအထားက

Q: ခုထိတော့ လွှတ်တော်ထဲမှာ အခြေအတင် ဆွေးနွေးနေကြတုန်းပါပဲ၊ ကျမ သတိပြုမိ
သလောက်တော့ စစ်တပ်က ကျမတို့ အကြံပြုထားတဲ့ ပြောင်းလဲရေးတွေ အပေါ် သိသိသာသာအားတက်သရော မရှိလှဖူးဆိုတာပါပဲ၊

Q: အပေးအယူ လုပ်လို့ ရနိူင်စရာ ရှိတယ် လို့ မြင်ပါသလား။

A: ပြည်သူတွေက ကျမတို့ နောက်မှာ ရှိနေပါ တယ်၊ အဲ့တာက အရေးအကြီးဆုံးပဲလို့ ကျမ ယူဆပါတယ်၊ ဒီမိုကရေစီ မှာ ပြည်သူတွေရဲ့ ဆန္ဒသာ လွှမ်းမိုး အောင်ပွဲခံရမယ်လို့ ကျမ ယုံကြည်ထားပါတယ်၊ ဒါကလည်း အနှေးနဲ့ အမြန်ဆိုသလို အမြဲတမ်း ဖြစ်လာနေကျပါပဲ။

Q:နောက်ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေ ပြောင်းလည်းမှုအချို့ လုပ်နိုင်မယ်လို့မျော်လင့်လား။

A:ဒါက ပြောဖို့ခက်ပါတယ် လာမယ့်နှစ်အတွင်း အခြေခံဥပဒေပြင်ဆင်မှုလုပ်နိုင်မယ့် အလားအလာပေါ် အခြေခံပြီး နောက်ရွေးကောက်ပွဲအတွက် မျော်လင့်ချက်တွေတည်ဆောက်နေတာ မဟုတ်ပါဘူး။

Q: နိူင်ငံတွင်းမှာ နိူင်ငံရေး နဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေက အန်အယ်ဒီ အစိုးရ
လက်ထက်မှာ အတော်လေး နှေးကွေးနေတယ်လို့ အချို့က ပြောနေကျတာတွေ ကြား
နေရပါတယ်၊ အချို့ အာရှ နိူင်ငံတွေမှာအာဏာရှင် ဆန်ဆန် အစိုးရတွေက စီးပွားရေးကို ဒီမိုကရေစီ အစိုးရတွေထက် ပိုပြီး ကောင်းအောင် လုပ်နိူင်နေတာ တွေ့နေရပါတယ်၊ ဒါကိုကော ဘာပြောချင်ပါသလဲ။

A: ဒါနဲ့ ပါတ်သက်ပြီး ရေရှည်တည်တံ့မှု ရှိမရှိ ကို ကြည့်ရပါမယ်၊ မြန်တာနဲ့ ရေရှည်တည်တံ
မှု ဆိုရင် ရေရှည် တည်တံ့နိူင်ဖို့က ပိုပြီး လို လားကြမှာပါပဲ၊ ကျမတို့ အဖို့ကလည်း ရေရှည်ထိမ်းထားနိူင်မယ့် အပြောင်းအလဲမျိုးကိုပဲ လုပ်ချင်ပါတယ်၊ ဒါကိုလည်း ကျမ စောစောက ပြောသလို ညီညွတ်မှု နဲ့ တည်ငြိမ်မှု ကို မထိခိုက်စေတဲ့ နည်းမျိုးနဲ့ပဲ လုပ်ချင်ပါတယ်။ ဒီအတွက် နှေးဘို့ လိုအပ်လာရင် နှေးနှေးလုပ်သွားမှာပါပဲ၊ ကျမတို့ လိုချင်တဲ့ ရေရှည်တိုး တက်မှုမျိုးကို ထိခိုက်စေမယ် ဆိုရင်တော့ အတင်းတွန်းလုပ်နေလဲ အသုံးမ၀င်လှပါဖူး။

Q: နိူင်ငံတွင်းမှာ အကွဲအပြဲတွေ ဖြစ်နေတဲ့ အကြောင်း မေးရမယ်ဆိုရင်၊ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးမျိုး ဘယ်အချိန်မှာ ရလာ နိူင်လဲလို့ ထင်ပါသလဲ။

A: ငြိမ်းချမ်းရေး… ငြိမ်းချမ်းရေးက လွယ်လွယ်နဲ့ မရနိူင်ပါဖူး၊ နိူင်ငံရေး နည်းလမ်းနဲ့ အပြောင်းအလဲ တွေကို ဖေါ်ဆောင်ခြင်တယ်ဆိုရင် နဂိုကတည်းက လက်နက်မကိုင်သင့်ဖူး။

ရှင်လည်း သိပြီးတဲ့ အတိုင်းပဲ အန်အယ်ဒီက ဒီမိုကရေစီ အတွက် နှစ်ပေါင်း ၃၀ လောက် လုပ်လာခဲ့ပြီးပြီ၊ ဒီလို လုပ်တဲ့နေရာမှာလဲ အကြမ်းမဖက်ရေး ဆိုတာ ကျမတို့ တင်းတင်း ကျပ်ကျပ် ကို လိုက်နာခဲ့ကြပါတယ်၊ ဒီအတွက် လည်း ကျမတို့ လိုချင်တဲ့ခရီးရောက်အောင် ပိုကြာကောင်း ကြာသွားနိူင်ပါတယ်၊ ဒါပေမယ့် ကျမတို့က “အကြမ်းမဖက်ရေးဖက်က ရပ် တည်ခဲ့တယ်လို့” မားမားရပ်ပြီး ပြောနိူင်ခဲ့ တယ်ဆိုတဲ့ အပြု သဘောဆောင်တဲ့ ရလာဒ်တွေ ရှိခဲ့တယ်လို့ ထင်ပါတယ်၊ ကျမတို့ ပြည်သူတွေကလည်း ကျမတို့ အကြမ်းမဖက်ရေးကို ယုံကြည်တဲ့ အတွက် ကျမတို့ကို အား လည်းကိုးတယ်၊ ယုံလည်း ယုံကြည်ကြတယ် လို့ ထင်ပါတယ်။

Q: စီးပွားရေးကို ဖက်ကို လှည့်ရမယ်ဆိုရင်
အန်အယ်ဒီ အာဏာရလာပြီးကတဲက စီးပွား
ရေး တိုးတက်နှုန်းကို ၆% ကျော် ထိ အောင်
အောင် မြင်မြင် ထိမ်းထားနိူင်ခဲ့တာ တွေ့ရပါတယ်၊ ဒါပေမယ့် မြန်မာ စီးပွားရေးက တရုတ်
ကို အတော်လေး အမှီသဟဲ ပြုနေတယ်လို့
အချို့က ထောက်ပြကြပါတယ်၊ တရုတ်နဲ့ ကုန်
သွယ်ရေးက စုစုပေါင်း ပမာဏရဲ့ ၃၀% ရှိနေ
ပြီး ပြည်ပကြွေးမြီ မှာလည်း ၄၀% လောက် ရှိ
နေတယ်ဆိုတော့ တရုတ်နဲ့ ဆက်ဆံရေး အပေါ် ဘယ်လို ရှု့မြင်ပါလဲ၊ အခြားနိူင်ငံတွေ
နဲ့ကော စီးပွားရေးမှာ ပိုပြီး မျှမျှတတ ဆက်ဆံ
သွားဖို့ လိုအပ်တယ်လို့ ထင်ပါသလား။

A: ကျမတို့က တရုတ်နဲ့ ဆက်ဆံရေးကောင်း
နေပြီး အခြားနိူင်ငံများနဲ့လည်း ဆက်ဆံရေး
ကောင်းအောင် ထိမ်းသိမ်းချင်ပါတယ်၊ ရှင့်
အနေနဲ့ အခြားပုံစံမျိုး ရင်းနှီးမြုပ်နှံတာမျိုး
မြင်ချင်တယ်ဆိုရင်တော့ ဂျပန် စီးပွားရေး
သမားတွေ ကျမတို့ဆီ လာပြီး ရင်းနှီးမြုပ်နှံ
ကြအောင် တိုက်တွန်းပေးပေတော့။

Q: တရုတ် က ပြည်တွင်းမှာ စီးပွားရေးအရ
သြဇာ ကြီးထွားလာနေတာကိုကော။

A: ကျမတို့က တရုတ်ကို မိတ်ဆွေလိုပဲ မြင်သ
လို ဂျပန်ကိုလည်း ဒီအတိုင်းပါပဲ၊ မိတ်ဆွေ တွေ ကြားထဲမှာ တယောက်ယောက်ကို ရွေးပါလို့ လုပ်ခိုင်းဖို့ မကောင်းဖူးလို့ ကျမထင်ပါတယ်၊ ကျမတို့နိူင်ငံက အတော်လေးကို ကြား
နေပါတယ်၊ ဒါကလည်း လွတ်လပ်ရေးရပြီး
ကထဲက ဒီလိုမျိုး နိူင်ငံခြားရေး ဝါဒကို မှန်
ကန် တယ်လို့ ဆုံးဖြတ်ပြီး တောက်လျောက် ကျင့်သုံးလာခဲ့ကြတယ်လို့ ကျမ ယူဆပါတယ်၊ ကျမတို့က နိူင်ငံငယ်လေးလည်း ဖြစ်တယ် အခုလိုပဲ မဖွံ့ဖြိုးသေးဖူးဆိုတော့လည်း စင်ပေါ်တက်ပြီး ဆရာကြီး လုပ်လို့ မရသေးဖူးပေါ့ရှင်။

ကျမတို့ရဲ့ နိူင်ငံခြားရေးဝါဒကိုလည်း နိူင်ငံအအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှု ရှိအောင်
တက်ကြွ ပြီး လွတ်လပ်မှု ရှိအောင်လည်း ဆက်လက်ထိမ်းသိမ်းသွားမှာလည်း ဖြစ်ပါတယ်၊ ဒီအတွက် ကျမတို့နဲ့ ပျော်ပျော်ကြီးပူးပေါင်းဆောင်ရွက်လိုစိတ်ရှိတဲ့ နိူင်ငံတွေကို
အမြဲ ကြိုဆိုနေမှာပါ။ ကျမတို့ နိူင်ငံအတွက်နဲ့ အခြားအုပ်စုနိူင်ငံတွေ အပြိုင်အဆိုင် အငြင်း
ပွားစရာ ဖြစ်ရမယ့် အနေအထားမျိုး မရောက်စေချင်ပါဖူး။

Q: ဂျပန်နဲ့ ဆက်ဆံရေးအကြောင်း မပြောမီ
အမေရိကန်၊ ဥရောပ အစိုးရတွေ၊ ကုမ္ပဏီ
တွေနဲ့ စီးပွားရေးအရ ဆက်ဆံရေးတွေ တိုးချဲ့
ဖို့ လိုကောင်း လိုမယ်ဆိုတော့ အဲ့ဒီလို ဖြစ်လာ
အောင် ဘယ်လိုများ လုပ်ဖို့ ရှိပါသလဲ။

A:ကောင်းပြီ၊ ကျမတို့က အဖက်ဖက်က ဆက်ဆံနိူင်အောင် လမ်းဖွင့်ပေးထားပါတယ်၊ ဒီလို
ဆက်ဆံဖို့ ကလည်း နှစ်ဖက် လိုတယ်ဆိုတော့
ကျမတို့ အနေနဲ့ ဒီနိူင်ငံလာပြီး ရင်းနှီးမြုပ်နှံ
သင့်တယ်၊ ဟိုနိူင်ငံလာပြီး ရင်းနှီးမြုပ်နှံသင့်
တယ် ပြောလို့ မရပါဖူး၊ သူတို့ အနေနဲ့ ရင်းနှီး
မြုပ်နှံချင်အောင် စိတ်ဝင်စားမှလည်း ဖြစ်မှာ
ကိုး၊ ကျမတို့ မျှော်လင့်နေတဲ့ ရင်းနှီးမြုပ်နှံမှု
မျိုးက အပြန်အလှန် အကျိုးရှိမယ့် ဟာမျိုး
လေ။

နိူင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေ လာတယ်၊ ပြီး
ရင် အကျိုး အမြတ်တွေ ယူကြမယ်၊ ဒါကို ကျ
မတို့ လက်ခံပါတယ်၊ လုံးဝလည်း သဘောကျ
ပါတယ်၊ ကျမတို့လည်း သူတို့ရင်းနှီးမြုပ်နှံမှု
တွေကနေ အကျိုး ရှိစေချင်တယ်လေ၊ ဒီတော့ နှစ်ဖက်စလုံး အလုပ်ဖြစ်မယ့် ရင်းနှီးမြုပ်နှံမှု မျိုး ဖြစ်သင့်တာပေါ့၊ ဒါပေမယ့် ကျမတို့ဆီ လာမြုပ်နှံကြပါလို့ အတင်းအကျပ် ခေါ်လို့ကလည်း မဖြစ်ဖူးလေ၊ ဖိတ်ခေါ်လို့ပဲ ရမယ်၊ ကျမတို့ ဖက်က ဘာတွေ ပေးနိူင်သလဲ၊ သူတို့ဖက်က ဘာတွေ ပြန်ပေးနိူင်မလဲ ကျမတို့ကို ပြရမယ်။

Q: ခင်ဗျားနိူင်ငံမှာ စီးပွားရေး အရှိန်မြန်မြန် တိုးတက်လာဖို့ဆိုရင် စက်မှု လုပ်ငန်းပိုင်းဆိုင်
ရာ အခြေခံ အဆောက်အအုံတွေ တည်
ဆောက်ဖို့ ဦးစားပေး ရမယ်၊ အထူးသဖြင့်
စက်မှု လုပ်ငန်းပိုင်းတွေမှာ ရင်းနှီးမြုပ်နှံမှုမျိုး
တိုးတက်လာအောင် လုပ်ချင်တယ်ဆိုရင် လျပ်
စစ်ဓါတ်အားက မရှိမဖြစ် လိုအပ်နေတယ်၊ ဒီ
နေရာမှ ဂျပန်က ဘယ်လို အခန်းဏ္ဍမျိုးက
ပါဝင်လာသင့်ပါသလဲ။

A: ကျမတို့ အတွက် အရေးအကြီးဆုံးတိုး
တက်အောင် လုပ်ရမယ့် ကဏ္ဍတွေက ဆက်သွယ်ရေး၊ စွမ်းအင် တို့ပဲ ဆိုတာ ကျမတို့ အမြံ
သိထားပါတယ်။ ဒီနေရာမှာ ဆက်သွယ်ရေး
တို့ စွမ်းအင်တို့ဆိုတာကလည်း ရုပ်ပိုင်းဆိုင် ရာ ဖက်ကို ပြောတာပါ၊ ဒါကိုလည်း အခု
အာရုံစိုက်ပြီး လုပ်နေကြပါတယ်၊ နောက် လာ
မယ့် ရင်းနှီးမြုပ်နှံသူတွေ လာချင်အောင် လျပ်
စစ်ဓါတ်အားတွေ ကောင်းလာအောင် လုပ်ပေးမှ ဖြစ်မယ်ဆိုတာလည်း ကျမတို့ ကောင်း
ကောင်းသိထားကြပါတယ်၊ ဂျပန်က စွမ်းအင်
ကဏ္ဍမှာ ရင်းနှီးမြုပ်နှံချင်တယ်ဆိုရင် ကျမ
တို့ကို သာ ပြောပါ၊ ကျမတို့ နှစ်ဖက် အကျိုး
ရှိမယ့် သဘောတူညီချက်မျိုး ရအောင် လုပ်
ပေးပါမယ်၊ နှစ်ဖက်ဆိုတာကလည်း သူတို့ရင်း
နှီးမြုပ်နှံတဲ့ ဖက်ရော၊ ကျမတို့ ပြည်သူတွေ
အတွက်ကော ပါ ပါတယ်။

ကျမတို့ ပြည်သူတွေကလည်း စွမ်းအင်တွေ
လိုအပ်နေပါတယ်၊ သူတို့နေစဥ်သုံးဖို့ ကော စက်မှု လုပ်ငန်းတွေ အတွက်ပါ လျပ်စစ်ဓါတ်အားတွေ လိုတယ်၊ ကျမတို့ဖက်က အခြေခံ အဆောက်အအုံပိုင်း၊ အလွယ်ပြောရ
ရင် လမ်းပန်းဆက်သွယ်ရေးတို့၊ လျပ်စစ်ဓါတ်အားတွေ ပံ့ပိုးပေးနိူင်တဲ့ အခါတိုင်း ဒေသခံတွေက အလုပ်အကိုင် သူတို့ဖာ သူတို့ ဖန်တီးလာကြမှာပဲ ဆိုတာ ကျမတို့ သတိပြုမိပါတယ်။

ကျမတို့ ၂၀၁၆ မှာ အစိုးရ အဖွဲ့ ကို တာဝန်ယူ
ခဲ့ချိန်က ပထမ ဦးစားပေးက အလုပ်အကိုင်
ဖန်တီးပေးဖို့ပါပဲ၊ နောက်ပိုင်း ကျမတို့ ဘာကို
သတိပြုမိလာလဲ ဆိုတော့ ကျမတို့ လမ်းတွေ
ခင်းပေးလိုက်တယ် ဆိုရင် အလုပ်အကိုင်က
နောက်က လိုက်လာတယ် ဆိုတာပါပဲ၊ ကျမ
ပြောတဲ့ လမ်းမျိုးက ရာသီမရွေး သွားနိူင်တဲ့
လမ်းမျိုးကို ဆိုလိုတာပါ၊ ကျမတို့က မုတ်သုန်
ရာသီ ရှိတဲ့ နိူင်ငံမျိုးဆိုတော့၊ ကျမတို့နိူင်ငံမှာ
၁၂ လ လုံး သွားလာနိုင်တဲ့ လမ်းမျိုး လိုပါ
တယ်၊ ကျမတို့ကသာ ရာသီမရွေး သွားနိူင်
တဲ့ လမ်းမျိုး တွေ လျပ်စစ်ဓါတ်အားတွေ ပေး
နိူင်မယ် ဆိုရင် အလုပ်အကိုင်တွေကို ဒေသခံ
တွေက သူတို့ဘာသူတို့ ဖန်တီးလာကြတာကို
ကျမတို့ တွေ့လာခဲ့ရတယ်။ ဒီအတွက် စွမ်းအင်
ရဖို့က ကျမတို့အတွက် ဦးစားပေး ပါပဲ။

Q: မြန်မာ၊ ဂျပန် နဲ့ ထိုင်း နိူင်ငံတွေက ထား
ဝယ် စီမံကိန်းနဲ့ ပါတ်သက်ပြီး အတော်ကြာ
ကြာကတည်းက ပြောနေဆိုနေကြတာတွေ
ရှိတော့ ဒီပရိုဂျက် တွေ နဲ့ ပါတ်သက်ပြီး တိုး
တက်မှု ရှိတယ်လို့ မြင်ပါသလား။

A: ပြောရမယ်ဆိုရင်တော့ ကျမတို့က မြန်မြန်
သွက်သွက် ဖြစ်စေချင်တာပေါ့၊ ဒါပေမယ့်
ကျမ စောစောက ပြောခဲ့သလို ဒီမိုကရေစီ
ဆိုတာက အာဏာရှင်စနစ်ထက် စာရင်တော့
နဲနဲ ပိုပြီး နှေးတယ်လေ၊ ဒါကလည်း ကဏ္ဍ
အသီးသီးကို ညှိနှိုင်းပြီး တိုင်တိုင်ပင်ပင်
လုပ်ရလို့ပါပဲ၊ ရှင်သိတဲ့အတိုင်း ကျမတို့က
ဖက်ဒရယ် စနစ် အပြည့်အဝ မရှိသေးပေမယ့်
ဖြစ်အောင် ကြိုးစားနေတယ်၊ ထားဝယ်က
တနင်္သာရီ ဒေသကြီးထဲမှာ ရှိတယ် ဆိုတော့
အဲ့ဒီ ဒေသကြီး အစိုးရ စိုးရိမ်မကင်း ဖြစ်နေ
တာတွေကိုလည်း ထည့်စဥ်းစားခဲ့ရတယ်၊
နောက်ပြီးတော့ ပြည်သူတွေ ဒါကလည်း
ပြောစရာ မလိုဖူး၊ ပြီးတော့ ဗဟိုအစိုးရရဲ့
စိုးရိမ်မကင်း ဖြစ်နေတဲ့ ကိစ္စတွေ၊ ပြီးရင်
ဒီ နှစ်ခုကနေ တင်ပြတာတွေက ရင်းနှီးမြုပ်နှံ
မယ့် လူတွေရဲ့ လိုအပ်ချက်တွေနဲ့ တထပ်
တည်း ဖြစ်နေဖို့ လိုတယ်။

Q: ဆက်သွယ်ရေးပိုင်းက အခြေခံ အဆောက်
အအုံ တွေကကော၊ 5G network က ဦးစား
ပေးလား။

A: ဒီနေ့ လိုအပ်ချက် တွေ အတွက်ကတော့
ခေတ်မှီပြီး ရှေ့ပြေးနေဖို့ လိုသလို အလွယ်တ
ကူ နဲ့ အခြေခံ ကျတဲ့ လိုအပ်ချက်တွေလည်း
ရှိပါတယ်၊ ကျမတို့က အိုင်တီ နဲ့ ဆက်သွယ်ရေး တွေကို ဒီအဆင့်ထိ ရောက်အောင် စဥ်း
စားမနေ သေးပါဖူးလို့တော့ ပြောဖို့လိုမယ်
ထင်တယ်၊ အခြေခံကျတဲ့ လမ်းပန်းဆက်သွယ်ရေးတွေကိုလည်း ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်၊ ဒါကလည်း တကယ်
လက်တွေ့ကျတဲ့ လိုအပ်ချက်မျိုးကိုး။

လူတွေက လမ်းဆိုရင် အဝေးပြေးလမ်းမ အ
ကျယ်ကြီးလို့ ထင်လေ့ရှိတယ်၊ ကျမတို့ စဥ်းစားရမှာက ရွာတွေကို ဆက်သွယ်ပေးမယ့်
လမ်းမျိုးကိုလည်း စဥ်းစားရမယ်၊ ဒါတွေကမှ
ကျမတို့ရဲ့ အခြေခံ လူမှုရေး လိုအပ်ချက်တွေ
ဖြစ်နေ့လို့ပဲ၊ ဥပမာ ပြောရရင် ပညာရေး နဲ့
ကျန်းမာရေး၊ ရွာတိုင်းမှာ ဆေးရုံမရှိဖူး၊ ဒီတော့ နိူင်ငံတဝှမ်းမှာ ရှိတဲ့ ရွာတွေ ကျန်းမာ
ရေးဌာနတွေ ကို အလွယ်တကူ သွားလာနိူင်
မယ့် အနေအထား ရှိရမယ်၊ ရှင်သိတဲ့အတိုင်း
ပဲ ကျမတို့ တိုင်းပြည် လူဦးရေရဲ့ ၇၅% က
ကျေးလက်ဒေသတွေ မှာ နေထိုင်နေကြတယ်
ဆိုတော့။

ခေတ်မီ နည်းပညာ ပိုင်းနဲ့ ပါတ်သက်လို့ ပြော
ရမယ်ဆိုရင် ကျမတို့ ပြည်သူတွေကအချိတ်အဆက် မိအောင် လုပ်တဲ့
နေရာမှာ အတော်လျင်မြန်ကြပါတယ်၊ အခု
ဆိုရင် စမတ်ဖုန်း သုံးနေကြတဲ့ နှုန်းကကို
အတော်ကို မြင့်တက်လာနေပါပြီ၊ ပြီးခဲ့တဲ့
နှစ် နှစ် အတွင်းမှာပဲ ၈၀% ကျော်အထိ ဖြစ်
လာနေပြီ။

Q: ပြည်ပ က တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု နဲ့
စပ်လျင်းပြီး ခင်ဗျားတို့ အစိုးရ နောက်ထပ် အာရုံထားနေတာ တရားဝင် အကျင့်ပျက်
လာဒ်စားမှုတွေဆိုတော့ အဲ့ဒါနဲ့ ပါတ်သက်ပြီး ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ။

A: အင်း.. ကျမတို့ ဒီနေရာမှာ နည်းလမ်းနှစ်မျိုးနဲ့ လုပ်ရမယ်လို့ ထင်ပါတယ်၊ ပထမတနည်းက အကျင့်ပျက်တဲ့ လူတွေ ကို အပြစ်ပေးဖို့ ရယ်၊ ကဲ..သုံးမျိုးပဲ ထားလိုက်ရအောင်၊ နောက်တနည်းက ကျမတို့ အစိုးရ ဝန်ထမ်းတွေ လာဒ်စားစရာ မလိုအောင် လုပ်ပေးဖို့ရယ်၊ ဒီနေရာမှာ သူတို့ရတဲ့ ဝင်ငွေနဲ့ ဂုဏ် သိက္ခာရှိရှိ နေထိုင်သွားနိူင်အောင် လုံလောက်တဲ့ နည်းလမ်းမျိုး ပံ့ပိုးပေးဖို့ပါပဲ၊ တတိယနည်းကတော့ လူတွေရဲ့ စိတ်နေစိတ်ထားကိုပြောင်းလဲ ပြစ်ဖို့ပါပဲ၊

အကျင့်ပျက် လာဒ်စားမှုတွေကို ကျမတို့ နိူင်ငံ
တွင်းမှာ ပုံမှန် ဖြစ်နေကျလို့ မယူဆကြသေး
တာကိုပဲ ကျမ ဝမ်းသာနေရပါတယ်၊ လူတွေက လာဒ်စားတာကို ဂုဏ်မယူကြသေးပါဖူး၊
ဘယ် မြန်မာလူမျိုးကမှလည်း လာဒ်စားတာ
ကို ဂုဏ်ယူဝင့်ကြွားပြီး မပြောကြပါဖူး၊ လာဒ်
စားမှု တွေ ရှိတယ်လို့လည်း အမြဲလို ငြင်း
တတ်ကြပါတယ်၊ ဒါဟာ ကောင်းတဲ့ လက္ခဏ
ပါပဲ၊ ဒါကိုကြည့်ရင် လာဒ်စားတာကို မှားတယ်
လို့ တကယ်ကို လက်ခံကြတဲ့ သဘောကို တွေ့
ရပါတယ်၊ အချို့ လူအဖွဲ့ အစည်းတွေမှာဆို
လာဒ်စားမှု ကို နေ့တဒူဝ ကြုံတွေ့နေရတဲ့
အဖြစ်အပျက် တခု အဖြစ် လက်ခံတတ်ကြပါတယ်။

လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပါတ်သက်ပြီး
ပြောရမယ်ဆိုရင်တော့ ပြောင်းလဲဖို့ အခက်ဆုံးပဲလို့ ပြောရမှာ ဖြစ်ပါတယ်၊ ဒီနေရာမှာ
အထောက်အကူပေးနိူင်တဲ့ အခြေခံ တန်ဖိုး
တွေ ရှိနေပါတယ်၊ ပြီးတော့ ကျမတို့မှာ ဥပဒေ စည်းမျဥ်းတွေ ရှိတဲ့အပြင် တက်တက်
ကြွကြွ ဆောင်ရွက်နေတဲ့ အကျင့်ပြက်ချစား
မှု တိုက်ဖျက်ရေး ကော်မရှင် ရှိနေပါတယ်၊
အစိုးရ ဝန်ထမ်း တွေ ရဲ့ အခြေအနေ နဲ့ ပါတ်
သက်လို့ကတော့ အကျင့်ပြက်ချစားစရာမလို
ပဲ အဓိပ္ပယ် ရှိရှိ ဂုဏ်သိက္ခာ ရှိရှိ နေထိုင်သွားလို့ရမယ့် အခြေအနေ တွေ ဖြစ်လာအောင်
ပံ့ပိုးသွားဖို့ အကောင်းဆုံး ကြိုးစားသွားမှာ
လည်း ဖြစ်ပါတယ်။

Q: ကျွန်တော်တို့ ရခိုင်ပြည်နယ် အရေးကို ဆက်ကြရအောင်ပါ၊ ပြီးခဲ့တဲ့ သုံးနှစ် အတွင်း အခြေအနေကို ဖြေရှင်းဖို့ ပျက်ကွက်တယ်ဆို
ပြီး အနောက်နိူင်ငံတွေရဲ့ ဝေဖန်ပြစ်တင်တာ
ခံခဲ့ရပါတယ်၊ မူဆလင်တွေ နိူင်ငံမဲ့ ဖြစ်နေ
တာတွေကို မဖြေရှင်းနိူင်သေးပဲ မဆိုသလောက်လေးပဲ ပြန်လာတာပဲ ရှိနေပါတယ်၊
ဒီပြဿနာကို ဘယ်လို ဖြေရှင်း နိူင်မလဲ။

A: ကျမတို့ ကြိုးစားနေပါတယ်၊ ကျမတို့ အစိုး
ရ ဖြစ်လာကတည်းက ရခိုင်မှာ ရှည်ကြာနေတဲ့
ပြဿာနာ ရှိနေတယ်ဆိုတာ ရိပ်စားမိပါတယ်၊
၂၀၁၆ မတ်လ အကုန် ကျမတို့ အစိုးရ စတင်
တာဝန်ယူလာခဲ့ပါတယ်။ မေလ အကုန်မှာပဲ
ရခိုင်ပြည်နယ် အတွင်း တရားဥပဒေ စိုးမိုးရေး နှင့် ဖွံ့ဖြိုးရေး ဗဟို ကော်မရှင် တရပ်
ဖွဲ့စည်းပေးခဲ့ပါတယ်၊ ဘာဖြစ်လို့လည်းဆို
တော့ ဥပဒေ စိုးမိုးမှု မရှိ ဖွံ့ဖြိုးမှုလည်းမရှိ
ဖြစ်နေတာကစပြီး ရေရှည်ဖြစ်ပေါ်နေတဲ့
ပြဿနာတွေ ဆိုတာ ကျမတို့ သိထားလို့ပါပဲ၊

အချို့ လူတွေ အဓိပ္ပါယ် ဖွင့်ဖို့ ကြိုးစားနေသလို ဘာသာရေး ပြဿနာ မဟုတ်ပါဖူး၊
စီးပွားရေး နဲ့ လူမှုရေး ပြဿနာတွေ ထဲထဲ
ဝင်ဝင် ပါနေပါတယ်၊ စီးပွားရေး ကြပ်တည်း
လာတာနဲ့ အမျ စီးပွားရေး လူမှုရေး ပြဿနာ
တွေ ပို ဖြစ်လာရတာပါပဲ။

ရခိုင်က ကျမတို့နိူင်ငံမှာ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ်တွေထဲမှာ ပါဝင်
နေပါတယ်၊ ဒါပေမယ့် အရမ်းကောင်းတဲ့
အလားအလာတွေ တပုံတခေါင်းကြီး ရှိနေပါ
တယ်၊ သင့်တင်လျောက်ပါတ်တဲ့ နည်းလမ်း
တွေနဲ့ မလုပ်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်၊ ဒီအတွက်
လည်း ကျမတို့ ၂၀၁၆ မေ မှာ ကော်မရှင်ဖွဲ့ခဲ့
တာ ဖြစ်ပါတယ်၊ နောက် လအနည်းငယ်
အကြာမှာ ကျမတို့ ကိုဖီ အာနန်ကို ချည်းကပ်
ခဲ့ပါတယ်၊ ရခိုင်ပြည်နယ်ထဲက လူမှုရေး
ပြဿနာတွေ နဲ့ ပါတ်သက်ပြီး ကျမတို့ကို
ကူညီတဲ့ အနေနဲ့ ကော်မရှင်တခု ဖွဲ့ပေးဖို့ပါပဲ၊

အဲ့တာတွေ စီစဥ်နေတာ ပြီးလုပြီးဆဲမှာပဲ
အကြမ်းဖက် တိုက်ခိုက်မှုတွေ ပထမဆုံး
အကြိမ် ဖြစ်လာခဲ့ပါတယ်၊ ဒီတော့ ကျမတို့
ဘယ်လို ထင်လာသလဲဆိုတော့ ရခိုင်ပြည်
နယ်မှာ ငြိမ်းချမ်းရေး မလိုချင်တဲ့ အင်အားစု
တွေ ၊ ရခိုင် ပြည်နယ်က ပြဿနာတွေ
အတွက် အဖြေမရှာချင်တဲ့ လူတွေ ရှိနေပြီ ဆိုတာပါပဲ၊ ဘာဖြစ်လို့လည်း ဆိုတော့ ဒီပြဿနာတွေ ရှိနေမှလည်း အကြမ်းဖက်သမားတွေ အင်အားကြီးလာကြ
မှာကိုး။

ပြီးတော့ ဖွံ့ဖြိုးမှု နဲ့ တည်ငြိမ်ဖို့ ရှိလာမယ်
၊ ခြားနားနေတဲ့ လူမှု အသိုက်အဝန်း
နှစ်ခု အကြား နားလည်မှုတွေ ရသွားမယ်ဆို
ရင် အကြမ်းဖက်ဝါဒ အတွက် နေရာမရှိ
တော့မှာလည်း ဖြစ်ပါတယ်၊ ကျမတို့ အဖို့က
ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေမှာ အကြမ်း
ဖက် ဝိသေသ တွေ ကပ်ပါ လာနေတာကို
နိူင်ငံတကာ အသိုက်အဝိုင်းက အရေးတယူ
မရှိခဲ့တာကို အတော်လေးစိတ်ပျက်မိပါတယ်၊
လူ့အခွင့်အရေးတွေနဲ့ ပါတ်သက်ပြီးသူတို့
စိုးရိမ်မကင်း ဖြစ်တာတွေကိုလည်း ကျမတို့
နားလည်ပါတယ်၊ နိူင်ငံမဲ့ဆိုတာနဲ့ ပါတ်သက်
ပြီး ပြောရရင် နိူင်ငံသား ဖြစ်မှု ဥပဒေတွေကို
ကျမတို့ ပိုပြီး နက်နက်ရှိုင်းရှိုင်း ကြည့်တတ်
ဖို့ လိုပါတယ်၊ ဘယ်လို အခွင့်အရေးတွေ ပေး
ထားတယ်၊ ဒါတွေက ရခိုင်ပြည်နယ်က လူတွေတွင် မကပါဖူး၊ တနိူင်ငံလုံးက လူတွေ
အတွက်ပါ ပါပါတယ်၊

နိူင်ငံသား စီစစ်ရေး ကပ်က ရခိုင်ပြည်နယ်က
လူတွေကို ပြစ်မှတ်ထားပြီး လုပ်တယ်လို့ ပြော
နေကြတာ ရှိပါတယ်၊ အဲ့တာ လုံးဝမမှန်ပါဖူး
နိူင်ငံတဝှမ်းလုံးနဲ့ သက်ဆိုင်ပါတယ်၊ ကျမတို့
အားလုံးလည်း ဒီလုပ်ငန်းစဥ်အတိုင်း သွားရပါ
မယ်၊ မြန်မာ မိဘနှစ်ပါးတဲ့ မွေးတဲ့ လူတောင်မှ ဒီအတိုင်းပဲ သွားရမှာပဲ ဖြစ်ပါတယ်။ နိူင်ငံ
သား စီစစ်ရေး လုပ်ငန်းစဥ်အတိုင်းပဲ သွားရမှာပါ၊ အသက် ၁၂ နှစ် ရောက်တဲ့အခါ တကြိမ်
အသက် ၁၈ နှစ် ရောက်တဲ့အခါ တကြိမ် နဲ့
အသက် ၃၀ ရောက်တဲ့အခါ တကြိမ်စီစစ်ရပါ
တယ်။ ဒါက တနိူင်ငံလုံး လုပ်ရတဲ့ လုပ်ငန်း
စဥ်လည်း ဖြစ်ပါတယ်။ အခြေအနေကို နား
မလည်တဲ့ လူတွေက တော့ သူတို့စိတ်ဝင်စား
တာကိုပဲ အာရုံစိုက်လာတာ ဖြစ်ပါတယ်၊ ကျမ
တို့အဖို့ကတော့ တနိူင်ငံလုံးကို စိတ်ဝင်စားမှ
ဖြစ်မှာပါ၊ ရခိုင်ဆိုတာ ကျမတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ စိမ်ခေါ်မှု တွေထဲက တခုပဲ
ရှိပါသေးတယ်။ ကျမတို့ နိူင်ငံ ရဲ့ စိမ်ခေါ်မှု
တွေ အားလုံး မဟုတ်သေးပါဖူး။

Q: ခင်ဗျားရဲ့ အနေအထားကို ကျွန်တော်တို့ နားလည်ပါတယ်၊ ဒါပေမယ့် အမေရိကန်နဲ့ အီးယူတို့နဲ့ စီးပွားရေး ဆက်ဆံမှုတွေ တိုးချဲ့ခြင်တယ်ဆို ရင်တော့ ဒီပြဿနာကို ဖြေရှင်းဖို့ လို ကောင်းလိုလာပါလိမ့်မယ်၊

A: ကျမတို့ ဖြေရှင်းချင်ပါတယ်၊ ဒါကလည်း
အခြားနိူင်ငံတွေနဲ့ စီးပွားရေး ဆက်ဆံမှုတွေ
တိုးချဲ့ချင်တဲ့ စိတ်မျိုးနဲ့တော့ မဟုတ်ပါဖူး၊ ကျမတို့ နိူင်ငံအတွက် ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်
ရေးအတွက် မရှိမဖြစ် လိုအပ်နေလို့ပါ။ ဒါက
လည်း ရခိုင်ပြည်နယ်ရဲ့ ပြဿနာ ဖြေရှင်းလိုတဲ့ အဓိက အကြောင်းပါပဲ၊ ရခိုင်ပြည်နယ်နဲ့
နိူင်ငံရဲ့ အခြား အစိတ်အပိုင်းတွေမှာ ငြိမ်းချမ်း
ရေးနဲ့ တည်ငြိမ်မှု ကို အာမခံစေမယ့် ရေရှည်
တည်တံ့သွားစေမယ့် နည်းမျိုးနဲ့ပဲ ကျမတို့
ဖြေရှင်းချင်ပါတယ်၊ ကျမတို့ နိူင်ငံက အားလုံး
နဲ့ သက်ဆိုင်နေပါလို့ ပါပဲ၊ ဒီထဲမှာ ကွဲပြားနေတဲ့အစိတ်အပိုင်းတွလေဲ ရှိနမှောပါပဲ၊
ဒါပေမယ့်အားလုံးက ဆက်စပ်နေပါတယ်၊
ကျမတို့ အတူတူ ဖွံ့ဖြိုးအောင် လုပ်ပြီး ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။

Q: နောက်လာမယ့် ရွေးကောက်ပွဲက ၂၀၂၀
နိူဝင်ဘာလထဲမှာ ဆိုတော့ အန်အယ်ဒီရဲ့
အလားအလာက ဘာလဲ၊ မဲဆန္ဒရှင်တွေကို
ဘယ်လို အနာဂါတ် အမြင်မျိုးတွေ အဆိုပြု
ဖို့ ရှိပါသလဲ။

A: ကျမ ထင်ပါတယ်၊ အဆုံးမှာတော့ ဘယ်လို အနာဂါတ်မျိုး ဖြစ်ချင်လဲဆိုတာကို ကျမတို့
ပြည်သူတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်၊
“ဒါ ခင်ဗျားတို့ရဲ့ အနာဂါတ်ပဲ” လို့ ဘယ်ပါတီ
ကမှ ပြောလို့မရပါဖူး၊ ကျမတို့ လုပ်နိူင်တာက
တော့ ကျမတို့ အတွေးအခေါ်တွေ အကြံပြု
ချက်တွေ ဘာတွေရှိတယ်၊ ကျမတို့ အတွက်
ဖြစ်နိူင်သမျ အကောင်းဆုံး အနာဂါတ်တွေ
ပိုင်ဆိုင်ဖို့အတွက် ရှေ့ကို ဘယ်လို အတူလုပ်
သွားကြမလဲ ဆိုတာ ချပြဖို့ပဲ ရှိပါတယ်။

ပြီးတော့ ရွေးကောက်ပွဲ ရလာဒ်က ဘယ်လို ဖြစ်လာနိူင်လဲဆိုတာ ကျမ ဘယ်တော့မှ ပြော
မှာ မဟုတ်ပါဖူး၊ ကျမ က ဗေဒင်ဆရာ တ
ယောက် မဟုတ်ဖူးလို့ ကျမ အမြဲပြောလေ့ရှိပါ
တယ်၊ အနာဂါတ်မှာ ဘာတွေ ဖြစ်လာမလဲဆို
တာ မြင်နိူင်ဖို့က ကျမ အလုပ်လည်း မဟုတ်ပါ
ဖူး၊ ကျမ အလုပ်က ကျမ ပါတီ အကောင်းဆုံး
ဖြစ်အောင် ကြိုးစားပေးသွားဖို့ပါပဲ။

Q: ရွေးကောက်ပွဲ နောက်ပိုင်း အစိုးရ အသစ်
နဲ့ ခင်ဗျား ဘယ်လို ထိတွေ့သွားမလဲဆိုတာ ကျွန်တော် တွေးနေမိတယ်၊ နိူင်ငံတော် အတိုင်ပင်ခံဆို တဲ့ ရာထူးက ၂၀၂၁ ကျရင် တရားဝင် အဆုံး
သတ်သွားဖို့ ရှိနေတော့ ဘယ်လို အနေအထားမျိုးနဲ့ ဆက်လုပ်သွားဖို့ ရှိနေပါလဲ၊ အနားယူဖို့ကော အစီအစဥ် ရှိပါလား။

A: ဘယ်လို အစိုးရမျိုး ကျမတို့ ရလာမလဲဆိုတာ အရင်ကြည့်ပြီးမှပဲ ကျန်တာတွေ ဆုံးဖြတ်ကြတာပေါ့။

Q: အနားယူဖို့ကော အစီအစဥ် ရှိပါလား။

A: အိုး… ဘယ်သူမဆို စီစဥ်ထားတာတွေ အ
များကြီး ရှိနေကြမှာပါပဲ၊ အနာဂါတ်အတွက်
ဆိုတာက အစီအစဥ် တခုထဲပေါ် အားပြုနေလို့ မှ မရတာ ဆိုတော့၊ ရှင့်မှာလည်း ရွေးချယ်
စရာတွေ အများကြီး ရှိနေမှာပဲ၊ ဒီအထဲက
အနာဂါတ်မှာ ဖြစ်လာနိူင်တဲ့ ရလာဒ်က ကိုယ်နဲ့ ဘာ အသင့်တော်ဆုံး ဖြစ်မလဲ ဆိုတာ ရွေး
ရမှာပဲ။

Q: ခင်ဗျား နေရာကို ဆက်ခံဖို့ အတွက် ဘာတွေစီစဥ်ထားလဲ၊ အခု လောလောဆယ်ကော
တွေးထားတာတွေ ရှိနေလား။

A: ကျမတို့ ပါတီမှာ သတ်မှတ်ထားပြီးသား
အင်္ဂါစဥ်တွေ ရှိပြီးသားပါ၊ ရှင်လည်း သိပြီးသား
ဖြစ်မှာပါ၊ ကျမတို့ အဲ့တာကို ထိမ်းသိမ်းသွား
နိူင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်၊ ကျမ
တို့ ပါတီတွင်း ရာထူး အဆင့်ဆင့်မှာ ဒါကို
အတော်လေး ပုံမှန်လိုမျိုးလုပ်ပြီး တည်တည်
ငြိမ်ငြိမ်နဲ့ တိုးတက်သွားလိမ့်မယ်လို့လည်း
မျှော်လင့်ပါတယ်၊

Q: ရေရှည်မှာ နိူင်ငံထဲ ခေါင်းဆောင်ပိုင်း နေရာဆက်ခံဖို့ နဲ့ ပါတ်သက်ပြီး ထပ်ပေါ်လာ
တဲ့ မေးခွန်းတခု ပါ၊ မြန်မာမှာ သုံးနှစ်ခွဲ
လောက် ခေါင်းဆောင်လာခဲ့ပြီးတဲ့ အချိန်မှာ
အလွန်ကို ရှုပ်ထွေးပြီး စိမ်ခေါ်မှုတွေ ပြည့်
နှက်နေတဲ့ နိူင်ငံကို ဦးဆောင်သွားဖို့က ဘယ်
လိုမျိုး ထူးထူးခြားခြား ပင်ကိုယ် လက္ခဏာ
တွေ ရှိထားသင့်ပါလဲ ဆိုတာပါ။

A: အလုပ်ကြိုးစားဖို့ လို့ ကျမထင်ပါတယ်၊
အလုပ်ကြိုးစားတာမျိုးပဲ ကျမ ယုံကြည်ပါ
တယ်။

REF : https://www.facebook.com/nldparty/posts/3097132360302144?tn=K-R

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)