စစ်ဘေးရှောင်များကိုအိမ်ပြန်ပို့ပေးမည့် အမတ်များအလိုရှိသည်

0
828

မေငြိ။ ။ | မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)

ဘုန်းကြီးကျောင်းဝင်းအတွင်း အခြားရွယ်တူ ကစားဖော်များနှင့် ဆော့ကစားနေသည့် သားငယ်ကို ငေးကြည့်နေရင်း အသက် ၃၆ နှစ်အရွယ် မသိန်းနု တစ်ယောက်နေ့လယ်ခင်း ထမင်းလုံးစီနေမိသည်။

တရေးတမော အိပ်ရုံ၊ အခြားအတူနေ အမျိုးသမီးများနှင့် စကားစမြည်ထိုင်ပြောရုံ၊သားငယ်ကို ထိန်းနေရုံ၊ပစ်သံခတ်သံ မကြားရစေဖို့ ကြိတ်ဆုတောင်းနေရုံကလွဲပြီး မသိန်းနုတွင် အလုပ်အပိုမရှိ။

မသိန်းနုနည်းတူ ခင်ပွန်းဖြစ်သူတွင်လည်း အလုပ်မရှိ။ တစ်လတစ်ခါ လာရောက်လှူဒါန်းကြသည့် ဆန်၊ဆီ၊ဆား တို့က လောက်ငှရုံသာရှိသော်လည်း မည်သူမျှ အလုပ်လုပ်ခွင့်မရှိကြ။

မသိန်းနုတစ်ယောက် သူမွေးဖွားကြီးပြင်းခဲ့ရာ ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ် အမြတ်တုံရွာ ကနေ ကလေးဆီက တရွာတည်းနေ ဆွေမျိုးသားချင်းအကုန်လုံးသည်စုရပ် တစ်ဖြစ်လဲ စစ်ဘေးရှောင်တို့ နားခိုရာ ရွှေကျင်ဘုန်းကြီးကျောင်းဝင်းထဲတွင် စုပေါင်းနေထိုင်နေကြသည်မှာ တစ်နှစ်ပင်ကျော်လာခဲ့ပြီးနောက် ရွေးကောက်ပွဲ လုပ်မည့်အချိန်ကျရောက်လာခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ အပြောင်းအလဲ၊အရွေ့၊စနစ် တို့ ဖြစ်တည် ပေါ်ထွန်းနိုင်မည့် ရွေးကောက်ပွဲက မြန်မာနိုင်ငံတွင် ၂၀၁၀ပြည့် နှစ်မှ ပြန်လည်စတင်ကာ ငါးနှစ်တစ်ကြိမ် ကျင်းပလျက်ရှိရာ သုံးကြိမ်မြောက်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။

မဲပေးရေးမပေးရေး၊ မဲစာရင်းမှာကိုယ့်အမည်ပါမပါနဲ့ ကိုယ်စားလှယ်လောင်းဟာဘယ်သူဘယ်ဝါ စသဖြင့်အသံတွေဆူညံနေခဲ့တာ တစ်လကျော်လောက်ရှိပါပြီ။

ဒုက္ခသည်များထဲက သုံးပုံတစ်ပုံခန့်သာ စစ်ဘေးရှောင်စခန်းများတွင် နေခွင့်ရကြသည်ဟုလည်း REC ကထောက်ပြထားသည်။ မသိန်းနုကဲ့သို့ စခန်းများတွင်နေခွင့်ရသည့် အမျိုးသမီးအရေအတွက်က ၃၅,၀၀၀ ခန့်သာရှိပြီး ကျန်စစ်ပြေးအမျိုးသမီးများက စခန်းပြင်ပတွင် ဖြစ်သလိုနေထိုင်နေကြရသည်။

သို့သော် မသိန်းနုအပါအဝင် ရသေ့တောင်မြို့နယ်၊ ရွှေကျင်ဘုန်းကြီးကျောင်းဝင်းအတွင်းက စစ်ဘေးရှောင်များနှင့် ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် ဒေသအသီးသီးက အမျိုးသမီးတို့ကိုတော့ ထိုရွေးကောက်ပွဲက နဲနဲမှ ရင်မခုန်စေနိုင်၊ မစွဲဆောင် နိုင်၊ လှုပ်ခတ်ဖို့ ဝေးလာဝေးပင်။

“ရွေးကောက်ပွဲလား၊ သေချာတော့မသိဘူး။ နားစွန်နားဖျားတော့ ကြားမိတယ်ဒါပေမဲ့ ဘယ်တော့လဲ မသိဘူး” ဟု မသိန်းနုက ရခိုင်သံဝဲဝဲဖြင့် စိတ်ရှုပ်စွာ ပြောသည်။

မသိန်းနုလိုပင် ရွေးကောက်ပွဲကို စိတ်မဝင်စားအားဘဲ အိုးပစ်အိမ်ပစ် ပြေးနေရသူမှာ လူနှစ်သိန်း နီးပါး ရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (Rakhine Ethnics Congress – REC) ၂၀၂၀ ဇူလိုင် ပထမသတင်းပတ် အတွင်းက ထုတ်ပြန်ထားသည်။

အေအေ ဟု လူသိများသည့် ရက္ခိုင့်တပ်တော်က ၂၀၁၉ ဇန်နဝါရီ ၄ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲစခန်းလေးခုကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် အေအေ နှင့် တပ်မတော်အကြား ပြင်းထန်သည့် တိုက်ပွဲများ လနှင့်ချီကြာ ဖြစ်ပွားနေခဲ့ကာ စစ်ပြေးဒုက္ခသည်အရေအတွက်ကလည်း တနေ့တခြား တိုးလာနေသည်။

ဒုက္ခသည်များထဲက သုံးပုံတစ်ပုံခန့်သာ စစ်ဘေးရှောင်စခန်းများတွင် နေခွင့်ရကြသည်ဟုလည်း REC ကထောက်ပြထားသည်။ မသိန်းနုကဲ့သို့ စခန်းများတွင်နေခွင့်ရသည့် အမျိုးသမီးအရေအတွက်က ၃၅,၀၀၀ ခန့်သာရှိပြီး ကျန်စစ်ပြေးအမျိုးသမီးများက စခန်းပြင်ပတွင် ဖြစ်သလိုနေထိုင်နေကြရသည်။

လတ်တလောတွင် ရွေးကောက်ပွဲထက် ဘာပေါက်ကွဲသံမှ မကြားပဲ၊ ဘာမကောင်းသတင်းမှ မကြားပဲ စိတ်အေးစွာဖြင့် ကိုယ့်အိမ်ဟောင်းလေးထဲတွင် တရေးတမော အိပ်ခွင့်သာ မသိန်းနုတောင့်တမိသည်။

“ရွာကိုပဲ ပြန်ချင်တယ်၊ ရွာပြန်ရအောင် ကူပေးမယ့်သူရှိရင် သိပ်ကောင်းမှာ” ဟုသူကပြောသည်။

အရင်က ဖွင့်ခဲ့ဖူးသည့် အိမ်ဆိုင်ကလေးကို လွမ်းသည်။ မဲပေးခွင့်ရရင်ရော လက်ရှိမလောက်မငှ ကျဉ်းကျဉ်းကျပ်ကျပ် အပူပင်များစွာဖြင့် နေထိုင်နေရသည့် စစ်ဘေးရှောင်ဘဝကို ခပ်မြန်မြန်စွန့်လွှတ် နိုင်မည်လား မသိန်းနု က သေချာမသိ။

“မဲပေးခွင့်ရမယ်ဆိုရင်တော့ ပေးချင်တာပေါ့ ခုက ဘာမှကို မသိတာလေ။ မဲစာရင်းက ဘယ်မှာကပ်မှန်းလည်းမသိ၊ သိရင်တောင် ကျွန်မ တို့ သွားကြည့်လို့ လုံခြုံရဲ့လား မသေချာပါဘူး” ဟု ခပ်လေးလေးပြောသည့် မသိန်းနုက ၂၀၁၅ တုန်းက သူ့ရွာတွင် ပျော်ပျော်ရွှင်ရွှင် မဲပေးခဲ့ဖူးသေးသည့်နေ့ကို ပြန်တွေးလိုက်သေးသည်။

၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲနှစ်ခုကြား ငါးနှစ်တာကာလအတွင်း ရခိုင်ပြည်နယ်ထဲက မဲဆန္ဒရှင် အမျိုးသမီးများ၏ ဘဝအခြေအနေက လွန်စွာခြားနားသွားခဲ့ပြီဖြစ်သည်။

၂၀၁၅ တုန်းက ‘မည်သူ့ကိုမဲပေးမလဲ’ ဟုစဉ်းစားနေခဲ့သူများသည် ယနေ့တွင်တော့ ‘မည်သို့အသက်ရှင် ရပ်တည်ရမည်’ ဆိုသည်ကို ပိုအာရုံစိုက်နေရသည့် အခြေအနေဖြစ်ကြောင်း ရခိုင်အမျိုးသမီးကွန်ယက်ဥကဌ ဒေါ်ညိုအေးက ဆိုသည်။

၂၀၂၀ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၀၀ ဝန်းကျင် ရှိပြီး ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများ ဦးဆောင်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ၊

“အိမ်ယာတွေ စွန့်ပစ်ခဲ့ရတယ်၊လင်သေသားသေ၊ အဖမ်းခံထိတာနဲ့၊ သားသမီးတွေ ပျောက်ဆုံးရတာနဲ့ ဘယ်လိုမှ ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်ကြဘူးလေ” ဟု သူကဆိုသည်။

လတ်တလောတွင် ဒေါ်ညိုအေးက မဲစာရင်းစစ်ကြဖို့၊ မဲပေးကြဖို့၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အကြောင်းကို အကျွမ်းတဝင်သိဖို့ ဆော်သြနေသော လူမှုရေးလုပ်ငန်း များလုပ်ဆောင်နေသည့် ရခိုင်အမျိုးသမီးတစ်ဦးဖြစ်သော်လည်း ပြည်နယ်ချင်းတူသည့်တိုင် သူနေထိုင်ရာ စစ်တွေမြို့နှင့်တခြား မြို့များဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ စသည့် ဒေသများက အမျိုးသမီးများနှင့်တော့ ရွေးကောက်ပွဲအပေါ်စိတ်ဝင်စား မှုအခြေအနေ မည်သို့မျှ မတူညီနိုင်ကြောင်း ပြောသည်။

“ခုချိန်မှာက စစ်ဘေးရှောင်တွေရဲ့ ရင်ဖွင့်သံတွေအများဆုံးကြားရတာ ဆိုတော့ဦးနှောက်နဲ့ စဉ်းစားတဲ့ ဦးဆောင်မယ့်သူထက် ရင်ဘက်ကို တိုက်ရိုက်ထိအောင် ကူညီပေးမယ့်လူတွေ ပိုလိုချင်ကြတယ်။ အရင်ရွေးခဲ့ဖူးတဲ့လူတွေလို သာမန်ကာလျှံကာ အသေးစားလေးတွေ လုပ်ပြတာမျိုးထက် တကယ်အလုပ်လုပ်နိုင်မယ့်သူကိုပဲ ကျွန်မတို့ အားလုံးမျှော်လင့် ပါတယ်။ခုလောလောဆယ်တော့ ဒေသခံ အမျိုးသမီးတွေတင်မကပဲ လူငယ်တွေကပါ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုအားနဲပြီး အသံတိတ်နေကြတုန်းပါပဲ” ဟုဒေါ်ညိုအေး က ပြောသည်။

၂၀၂၀ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၀၀ ဝန်းကျင် ရှိပြီး ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများ ဦးဆောင်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ၊

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ရခိုင့်ဦးဆောင်ပါတီ၊ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ စသည့်နိုင်ငံရေး ပါတီများပါဝင်သည်။

မသိန်းနုနေထိုင်ရာ ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်မှ မိုင်၄၅၀ ခန့်ဝေးကွာသည့် မြန်မာနိုင်ငံမြောက်ဘက်ပိုင်း ကချင်ပြည်နယ်ထဲက စစ်ရှောင်စခန်းများတွင်လည်း မသိန်းနုလိုပင် ရွေးကောက်ပွဲအပေါ် စိတ်မဝင်စားသည့် ဘဝတူ အမျိုးသမီးအများအပြားကိုရှာတွေ့နိုင်သည်။

ကချင် စစ်ဘေးရှောင်စခန်းတခုမှ မြင်ကွင်း (Photo: Wai Yan WY)

အဆိုပါအမျိုးသမီးများသည် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နှင့် တပ်မတော်တို့အကြား ၁၇ နှစ်ကြာ ထိန်းထားနိုင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၂၀၁၁ ပျက်စီးသွားခဲ့ပြီးနောက် တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ကတည်းက အိမ်ကိုမပြန်နိုင်ကြသေးသူများဖြစ်ကြသည်။

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများအများဆုံးတည်ရှိရာ ဝိုင်းမော်၊ဗန်းမော်၊ မြစ်ကြီးနားမြို့များက စစ်ဘေး ဒုကသည်များသည် လာမည့်ရွေးကောက်ပွဲအပေါ်စိတ်မဝင်စားနိုင်သေးဟု ကချင်အမျိုးသမီးကွန်ရက်ကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် မနန်ပူကဆိုသည်။

“စစ်ဘေးရှောင်စခန်းတွေမှာမဟုတ်ပဲ ကိုယ့်အိမ်ကိုယ်နေခွင့် ရှိရင်တောင်နိုင်ငံရေးတို့ ရွေးကောက်ပွဲတို့ဆိုတာ အမျိုး သမီးတွေနဲ့မဆိုင်ဘူး မိန်းမတွေအလုပ်မဟုတ်ဘူးလို့ တွေးထားကြတာ မဟုတ်လား၊ ဒီတော့ ခုလို စစ်ဘေးရှောင်စခန်းတွေထဲ ပြောင်းနေရတော့ ပိုဆိုးတာပေါ့။ မဲစာရင်းထဲရှိလား မရှိလားလည်း မသိရ၊ တိုင်းရင်းသူတွေဆိုတော့ စကားလည်းမပေါက်၊ရုံးလည်းကြောက်ကြတယ်” ဟု မနန်ပူက ပြောသည်။

၂၀၁၅ခုနှစ်တွင် မဲပေးခဲ့သည့်ကချင်ဒေသခံအမျိုးသမီးအများစုသည် လည်း ရွေးကောက်ပွဲကို အမှန်တကယ် စိတ်ဝင်စားသည်ထက် သေချာမသိနားမလည်ပဲ မဲပေးခဲ့ကြသူက ပိုများကြောင်း မနန်ပူက ပြောသည်။

ပဋိပက္ခဒေသ ဖြစ်သည့်အပြင် မူးယစ်ဆေးဝါးများ အလွယ်တကူရရှိနေသော ကြောင့်သူနေထိုင်ရာမြို့တွင် လူမှုရေး၊စီးပွားရေးပြသနာများ တစ်ခုမဟုတ် တစ်ခုရှိနေတတ်သည့်အကြောင်း သူကပြောသည်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရွေးကောက်ပွဲကို စိတ်ပျက်အားငယ်နေကြသည့် အမျိုးသမီးများရှိသလို အခြားတစ်ဖက်တွင် ရွေးကောက်ပွဲကို အကောင်းမြင်ကြသည့် အမျိုးသမီးများလည်းရှိသည်။

အကောင်းမြင်ကြသူများထဲတွင် ရှမ်းပြည်နယ်၊မိုင်းသောက်မြို့တွင်နေထိုင်သည့် ဒေါ်ခင်ထွေးမြင့်လည်းပါသည်။ အကြောင်းရင်း က ပြီးခဲ့သည့် ငါးနှစ်အတွင်း သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များက စိုက်ပျိုးရေးနည်းပညာသစ်များ၊ လမ်းပန်း ဆက်သွယ်ရေးမြှင့်တင်မှု များနှင့် ဒေသတွင်း ပဋိပကဖြစ်ပွားမှု လျော့ပါးအောင် စွမ်းဆောင်နိုင်ခဲ့သည် ဟု ဒေါ်ခင်ထွေးမြင့်တို့က ယုံကြည်ကြသည်။

“ကျွန်မတို့က ကံကောင်းတယ်လို့ပြောရမှာပေါ့။ တခြားတိုင်းရင်းသားဒေသတွေ ကိုယ့်ပြည်နယ်ထဲက မငြိမ်းချမ်းသေးတဲ့ နယ်မြေတွေနဲ့ယှဉ်ရင် အတော်အေးချမ်းပါတယ်။အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်” ဟုသူကပြောသည်။

ကြက်သွန်ဖြူ၊ပြောင်းနှင့် ကြံစိုက်တောင်သူဖြစ်သည့် ဒေါ်ခင်ထွေး မြင့်တို့ မိသားစုက လတ်တလောတွင်တော့ ကိုဗစ်ကြောင့် ငြိမ်နေသည့် ဈေးကွက်ရိုက်ခတ်မှုကြောင့်သာ အိမ်ဝင်ငွေအတွက် ပူပင် မှုခပ်သေးသေးရှိနေသည်။

“ကျွန်မတို့ထပ်လိုချင်တဲ့ လာမယ့်အစိုးရအဖွဲ့သစ်ကတော့ ကျွန်မ တို့တောင်သူတွေအတွက် ဈေးကွက်၊ နည်းပညာ၊ရင်းနှီးမြုပ်နှံ မှု၊ ပြည်တွင်းပြည်ပ အချိတ်အဆက်တွေလုပ်ကိုင် ပေးနိုင်တဲ့သူ မျိုးပေါ့။ကိုဗစ်ကြောင့် ခု မရောင်းရ ဈေးကွက်ပျက်နေပေမယ့် လူတိုင်းလိုလိုကြုံရတဲ့ အခြေအနေမို့ ဘယ်သူ့မှ အပြစ်မပြောပါဘူး” ဟု ဒေါ်ခင်ထွေးမြင့်က ပြောသည်။

ရှမ်းပြည်နယ်၊ကွတ်ခိုင်မြို့တွင်နေထိုင်သည့် မမိုင်းမိုင်က ယခင်ရွေးကောက်ပွဲများတွင် မဲပေးလေ့မရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်တော့ မဲပေးမည်ဟု ဆုံးဖြတ်ထားသူဖြစ်သည်။

မဲစာရင်းကပ်ထားသည်ကို စိတ်မဝင်စားကြသည့် အိမ်နီးချင်းများကို လည်း သွားကြည့်ဖို့ လိုက်လံ တိုက်တွန်းခဲ့သေးသည်။

မျိုးနွယ်စုလည်းမတူ၊ ကိုးကွယ်မှုနဲ့ယဉ်ကျေးမှုလည်းမတူသလို ရွေးကောက်ပွဲအပေါ် အမြင်ချင်းလည်းမတူသည့် ဒေသအသီးသီးက အမျိုးသမီးများအကြား တူညီသည့်မျှော်လင့်ချက်တစ်ခုကတော့ရှိသည်။ ထိုတူညီမှုက ….

ပဋိပက္ခဒေသ ဖြစ်သည့်အပြင် မူးယစ်ဆေးဝါးများ အလွယ်တကူရရှိနေသော ကြောင့်သူနေထိုင်ရာမြို့တွင် လူမှုရေး၊စီးပွားရေးပြသနာများ တစ်ခုမဟုတ် တစ်ခုရှိနေတတ်သည့်အကြောင်း သူကပြောသည်။

“အရင်က အစိုးရကို အယုံအကြည်မရှိလို့ ဘာမဲမှကို မပေးခဲ့ပေမယ့် ခုတော့ ကိုယ့်နယ်စပ်ဒေသကို အပြောင်း အလဲ ဖြစ်စေချင်တယ်။တိုးတက်စေချင်တယ်။အဲဒီတော့ မဲပေးမယ်။ ပေးရမယ့် လူလည်းတွေ့ထားတယ်” ဟု မမိုင်းမိုင်က စိတ်အားထက် သန်စွာပြောသည်။

မျိုးနွယ်စုလည်းမတူ၊ ကိုးကွယ်မှုနဲ့ယဉ်ကျေးမှုလည်းမတူသလို ရွေးကောက်ပွဲအပေါ် အမြင်ချင်းလည်းမတူသည့် ဒေသအသီးသီးက အမျိုးသမီးများအကြား တူညီသည့်မျှော်လင့်ချက်တစ်ခုကတော့ရှိသည်။ ထိုတူညီမှုက ဝမ်းနည်းစရာဖြစ်ရပ်ဆိုးများနှင့်ဝေးကာသူတို့ဘဝအေးချမ်းလုံခြုံရေးပင်ဖြစ်သည်။

တစ်နှစ်ကျော်လောက် အိမ်ကိုပစ်ထားခဲ့ရပြီး သူ၏နေ့စဉ်ဘဝကို စစ်ရှောင်စခန်းတွင် ခက်ခဲစွာ ဖြတ်သန်းနေရသည့် မသိန်းနုအပါအဝင် ရသေ့တောင်မြို့နယ်က မသိန်းနုက သူ၏မျှော်လင့်ချက်ကတော့

“ဘာအခွင့်အရေးမှ မလိုချင်တော့ပါဘူး၊ ဘယ်သူပဲ နိုင်နိုင် ကျွန်မတို့အေးအေးချမ်းချမ်းနဲ့ ကိုယ့်အိမ်ပဲ ကိုယ်ပြန်ခွင့်ရချင်ရုံလေးပါ”

မေငြိ။ ။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)