COVID-19 နှင့် PANDEMIC (ပန်ဒန်းမစ်) ကမ္ဘာ့ကပ်ရောဂါကြီးများ

0
1057

၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO မှ COVID-19 ကို PANDEMIC (ပန်ဒန်းမစ်) ကပ်ရောဂါ အဖြစ် ကြေညာလိုက်ပါတယ်။ အဲ့ဒီလို ကပ်ရောဂါအဖြစ် စတင်ကြေငြာတဲ့အချိန်မှာ ကမ္ဘာ့ နိုင်ငံပေါင်း ၁၁၄ နိုင်ငံကို ကူးစက်ထားပြီး လူပေါင်း ၁သိန်း ၂သောင်းနီးပါး ကူးစက်ခံရကာ လူ ၄ထောင်ကျော် သေဆုံးခဲ့ပါပြီ။ ယခုအခါမှာ ကမ္ဘာ့နိုင်ငံပေါင်း (၁၈၅) နိုင်ငံက လူပေါင်း (၃) သန်း ကူးစက်ခံထားပြီး သေဆုံးသူ (၂) သိန်း (၁) သောင်း အထိရှိနေပါပြီ။

ကမ္ဘာ့ကပ်ဆိုတာဘာပါလဲ ကမ္ဘာ့ကပ်ရောဂါဆိုတာ ပထဝီဒေသအကျယ်ကြီးမှာ ဖြစ်ပွားလာတယ် လူတွေအများကြီးဆီကူးစက်လာတယ်ဆိုရင် ကပ်ရောဂါလို့ သတ်မှတ်ပါတယ်။ ဗိုင်းရပ်စ်အသစ်တခုက လူတွေအချင်းချင်းကြား အလွယ်တကူကူးစက်တတ်တဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။

လူတစ်ယောက်ထဲကနေ လူအများကြီးဆီကို ကူးစက်သွားနိုင်တဲ့ အခြေအနေမျိုးပါ။ ကမ္ဘာ့ကပ်ရောဂါတွေဟာ အခုမှ ဖြစ်တာမဟုတ်ပါဘူး အေဒီ ၁၆၅ခန့် ကတည်းက ဖြစ်ပွားခဲ့တာပါ။ Antonine ပလိပ်လို့ အမည်တပ်ခဲ့ကာ အာရှနိုင်ငံအချို့၊ အီဂျစ်၊ ဂရိနဲ့ အီတလီမှာ ဖြစ်ပွားခဲ့ပြီး ကျောက်ကြီးရောဂါ ဒါမှမဟုတ် ဝက်သတ်လို့ ယူဆလို့ရပါတယ်။ ဒီနေ့ထိလည်း ဘာကြောင့်လည်း ဆိုတာ မပြောနိုင်သေးပါဘူး။ အေဒီ ၁၆၅လောက်မှာ မီဆိုပိုတေးမီးယားကနေ ရောမမြို့ကို ပြန်လာတဲ့ စစ်သားတွေကနေ စကူးတာပါ။ လူပေါင်း ၅သန်းခန့်သေဆုံးခဲ့ပါတယ်။ အဲ့ဒီခေတ်ကာလတုံးက အသွားအလာအားဖြင့်လည်း တိုးတက်ခေတ်မီခြင်းမရှိသေးပေမဲ့ လူပေါင်း ၅သန်းခန့် သေဆုံးခဲ့တာဟာ လူ့သားမျိုးနွယ်သမိုင်းမှာ ကြောက်စရာအကောင်းဆုံးလို့ ပြောလို့ရတဲ့ ကပ်ရောဂါဖြစ်ခဲ့ပါတယ်။

နောက်ထပ် လူ့သားမျိုးနွယ်သမိုင်းမှာ လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ကပ်ရောဂါတစ်ခုကတော့ ပထမကမ္ဘာစစ်ကြီးအပြီး ၁၉၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေး ဖြစ်ကာ လူပေါင်း သန်း ၅၀၀ အထိ ကူးစက်ခံခဲ့ရကာ လူပေါင်း သန်း၂၀ မှ သန်း ၅၀ ကြားအထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့လူဉီးရေရဲ့ ၃ ပုံ ၁ပုံခန့်ကို ကူးစက်ခဲ့ရတယ်လို့ မှတ်တမ်းများက ဆိုပါတယ်။

စပိန်တုပ်ကွေးလို့ လူသိများတဲ့ ဒီကပ်ရောဂါနဲ့ ပတ်သက်လို့ အတိအကျ မှတ်တမ်းတင်နိုင်ခဲ့တာကတော့ ၁၉၁၈ ခုနှစ် နှောင်းပိုင်းကာလလောက်မှာ အမေရိကန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တာဖြစ်ကာ စစ်သားတစ်ဉီးမှာ စတင်တွေ့တယ်ဆိုတဲ့ အထောက်အထားများ ရှိပါတယ်။ အမေရိကန်နိုင်ငံမှာတော့ အနဲဆုံး လူပေါင်း (၆၇၅၀၀၀) ကို ကူးစက်ခဲ့ တယ်လို့ ဆိုပါတယ်။ ထိုစဉ်အခါတုံးကတည်းက ရောဂါ သံသယရှိ လူနာများကို စောင့်ကြည့်ခြင်း၊ ရောဂါကူးစက်ခံရသူများကို သီးသန့်ခွဲထားခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးပြုလုပ်ခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို ကန့်သတ်ခြင်း စတဲ့ အချက်များကို အဓိကထား ခဲ့ပါတယ်။ ဒီအချက်များဟာ လက်တွေ့မှာ အလွန်အသုံးဝင်ခဲ့တယ်လို့လည်း အချက်အလက်များက ညွှန်ပြခဲ့ပါတယ်။


စပိန်တုပ်ကွေးလို့ လူသိများတဲ့ ဒီကပ်ရောဂါဟာ ၂၀ရာစုအတွင်းမှာ ကြောက်စရာအကောင်းဆုံး ကပ်ရောဂါဖြစ်ခဲ့ပါတယ်။ စပိန်တုပ်ကွေးရဲ့ မူလဇစ်မြစ်ကတော့ H1N1 ဗိုင်းရပ်စ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်က ထုတ်ဝေတဲ့ ဗြိတိန်ဆေးပညာ သုတေသနစာစောင်မှာ စပိန်တုပ်ကွေးနဲ့ ပတ်သက်လို့ ဖော်ပြခဲ့တာကတော့ ၁၉၁၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ပြင်သစ်မှာ တပ်ဆွဲထားတဲ့ ဗြိတိသျှစစ်တပ်မှာ စစ်သားအတော်များများဟာ အမည်မသတ်မှတ်နိုင်တဲ့ တုပ်ကွေးရောဂါဖြစ်ပွားပြီး သေဆုံးခဲ့တယ်ဆိုတဲ့ စစ်ဆင်ရေး မှတ်တမ်းကို တွေ့ရှိခဲ့တာကြောင့် ဒီရောဂါဟာ ၁၉၁၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစတင်ကာ ဖြစ်ပွားနေပြီဆိုတဲ့ အထောက်အထားများရရှိခဲ့ပါတယ်။

ပုံမှန်အားဖြင့်ဆိုပါလျှင် တုပ်ကွေးရောဂါဟာ ကလေးသူငယ်များနဲ့ အသက်အရွယ်ကြီးသူများမှာ ဖြစ်ပွားမှုများပြီး အသေအပျောက်များခဲ့ပေမဲ့ စပိန်တုပ်ကွေးကတော့ အသက် ၁၅ နှစ်ကနေ ၃၄ နှစ် အကြားရှိတဲ့ လူငယ်နဲ့ လူရွယ်တွေကြားမှာ ဖြစ်ပွားမှုနှုန်းများခဲ့တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမကမ္ဘာစစ်ကာလမှာ နိုင်ငံအတော်များများရှိ လူငယ် လူရွယ်များဟာ စစ်မှုထမ်းဆောင်နေရကာ စစ်မြေပြင်မှာ အဟာရချို့တဲ့မှု၊ တစ်ဉီးနဲ့ တစ်ဉီး နီးကပ်တဲ့ ထိတွေ့ဆက်ဆံမှုများခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းစတဲ့ ကိစ္စရပ်များကြောင့် လူငယ်နဲ့ လူလတ်ပိုင်းများဟာ ဒီရောဂါရဲ့ တိုက်ခိုက်မှုကို များစွာခံစားခဲ့ရခြင်းပါ။

တုပ်ကွေးရောဂါများရဲ့ ထုံးစံအတိုင်း ပထမလှိုင်း (first wave)၊ ဒုတိယလှိုင်း (second wave) စသဖြင့် ရှိရာမှာ ၁၉၁၇ ခုနှစ်နှောင်းပိုင်းနဲ့ ၁၉၁၈ အစောပိုင်းကာလများမှာ first wave ဖြစ်ပေါ်ခဲ့ပြီး ၁၉၁၈ နှောင်းပိုင်းကာလရောက်မှ second wave ဖြစ်ပေါ်ခဲ့ကာ အသေအပျောက်ကလည်း ထိုအချိန်မှာ ပိုများခဲ့ပါတယ်။ second wave ကို အဓိက ဖြစ်ပွားခဲ့တာကတော့ ပြင်သစ်၊ ဆယ်ရာလီယွန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ပဲ ဖြစ်ပါတယ်။

first wave ကာလတုံးကတော့ စစ်မြေပြင်မှာ ဖြစ်ပွားခဲ့ကာ ကူးစက်မှုအနေနဲ့ မပြင်းထန်ခဲ့ပေမဲ့ ကူးစက်ခံနေရတဲ့ စစ်သားများကို ရထားများ၊ ကားများနဲ့ သယ်ဆောင်လာပြီးနောက် လူဉီးရေ ထူထပ်တဲ့ မြို့များရှိ ဆေးရုံများတွင် ကုသတဲ့အခါမှာတော့ ဗိုင်းရပ်စ်ဟာ ဆေးယဉ်ပါးပြီးနောက် ဗိုင်းရပ်စ်အသစ်ပုံစံဖြစ်ပြီးနောက် ပျံနှံ့လွယ်သွားပြီး တစ်ကမ္ဘာလုံးကို second wave အဖြစ် အရှိန်အဟုန်ကောင်းကောင်းဖြင့် ကူးစက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဗြိတိန်ဆေးသုတေသန မှတ်တမ်းများအရ first wave ကာလတုံးမှာ ကူးစက်မှုဟာ ၀.၀၂ ရာခိုင်နှုန်းသာရှိပေမဲ့ second wave ကာလမှာတော့ ကူးစက်မှုနှုန်းဟာ ၀.၂၇ ရာခိုင်နှုန်းအထိ တိုးတက် မြန်ဆက်သွားပါတယ်။

၁၉၁၈ခုနှစ်အစောပိုင်းကာလမှာ ဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေးဟာ ၁၉၂၀ အစောပိုင်းကာလအထိ ကမ္ဘာ့အနှံ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ၁၉၁၉ မတ်လ ခန့်လောက်ကစတင်ပြီး ရောဂါကူးစက်မှု နှေးကွေးခဲ့ပါတယ်။ ထိုအချိန်က ဆေးသုတေသီများရဲ့ ခန့်မှန်းချက်ကတော့ ထိုစဉ်ကဖြစ်ပွားခဲ့တဲ့ နမိုးနီးယားရောဂါကြောင့် စပိန်တုပ်ကွေး ကူးစက်မှုလျော့ကျခဲ့ပြီး နမိုးနီးယားနဲ့ စပိန်တုပ်ကွေး ဗိုင်းရပ်စ် ၂မျိုးဟာ အချင်းချင်း ပဋိက္ခဖြစ်ပွားကာ ကူးစက်မှုလျော့နည်းတယ်လို့ သတ်မှတ်ထားပေမဲ့ ၂၀၀၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဂျွန်ဘာရီရဲ့ The Great Influenza: ဆိုတဲ့ ဆေးသုတေသန စာအုပ်မှာတော့ ထိုယူဆချက်ဟာ မှားယွင်းတယ်လို့ ဆိုထားပါတယ်။

စပိနတြုပကြှေး ကပရြောဂါဟာ ဉရောပမှာ စတငဖြှဈပှားခဲ့တယလြို့ သတမြှတလြို့ရပှီး လူအသအပွေောကြ မှာလညြး ဉရောပမှာက ပိုမွားခဲ့တယလြို့ မှတတြမြးက ဖောပြှသောလြညြး တရုတအြပါအဝငြ အာရှနိုငငြံမွားဟာ ထိုစဉကြ ဆေးဝါးကုသမှုနဲ့ပတသြကလြို့ မှတတြမြး မှတရြာမွား အားနညြးခှငြး၊ လူအသအပွေောကစြာရငြး မှတတြမြးတငမြှုအားနညြးခှငြး စတဲ့ ခွို့ယှငြးမှုမွားရှိခဲ့ပါတယြ။ ဂပွနနြိုငငြံမှာတော့ စပိနတြုပကြှေးကှောင့ြ လူပေါငြး၂ သိနြးခှဲကွောခြန့ြ သဆေုံးခဲ့တယလြို့ မှတတြမြးမွားရှိပါတယြ။ တရုတနြိုငငြံရဲ့ ဆေးသုတသနေမွားမှာတော့ တရုတနြိုငငြံဟာ စပိနတြုပကြှေးကှောင့ြ လူဉီးရမွေားသောလြညြး သဆေုံးမှုအနညြးဆုံး ဖှဈခဲ့တယလြို့ ဆိုထားပါတယြ။ သို့သောလြညြး ဗှိတိသွှကိုလိုနီနိုငငြံဖှဈတဲ့ အိနိဒယမှာတော့ ထိုရောဂါကှောင့ြ အလူးအလဲခံစားခဲ့ရကာ သဆေုံးသူ ဟာ ၁၂သနြးခန့ြ ရှိတယလြို့ ဆိုထားပါတယြ။


စပိနတြုပကြှေးဟာ ထိုစဉကြ မှနမြာနိုငငြံအပေါမြှာရော သကရြောကမြှုရှိခဲ့ပါရဲ့လား။ ၁၉၁၈- ၁၉၁၉ ကာလဟာ မှနမြာနိုငငြံအနနေဲ့ ဗှိတိသွှကိုလိုနီလကအြောကခြံ အိနိဒယရဲ့ ပှညနြယခြှဲ ဘဝမှာ ရှိခဲ့ပါတယြ။ ကိုလိုနီဘဝမှာ လှတလြပရြေးတိုကပြှဲအတှကြ နိုငငြံရေးအပှောငြးအလဲကာလ ဖှဈပေါနြခွေိနဖြှဈပါတယြ။ မှနမြာနိုငငြံအကှောငြး ထိုအခွိနကြာလကို ရေးသားပှောဆိုမှုမွားတှငြ စပိနတြုပကြှေးအကှောငြး ရေးသားပှောဆိုခှငြးမွား မပါဝငပြါဘူး။ မှနမြာနိုငငြံမှာ ထိုရောဂါကှောင့ြ သဆေုံးသူဟာ သိနြးဂဏနြးထကမြနဲ ရှိခဲ့ကာ ထိုကပရြောဂါကှောင့ြ သဆေုံးရမှနြး မသိသူမွားက ပိုမွားခဲ့ပါတယြ။ ဗှိတိသွှကိုလိုနီလကအြောကခြံ ဘဝမှာ အိနိဒယမှ ဝငရြောကလြာသော ကုနသြညမြွား၊ အလုပသြမားမွား ထံမှတဆင့ြ ကူးစကခြံရကာ ခတြမေီဆေးကုသမှုမရှှိခငြး၊ ဆေးရုံဆေးပေးခနြးမွား ရှားပါးခှငြး စတဲ့ အကှောငြးမွားကှောင့ြ အသအပွေောကမြွားခဲ့ရပါတယြ။ ရောဂါကူးစကခြံရတဲ့အခါမှာ ဗှိတိသွှတို့က ၎င်းငျးငြးတို့ဗှိတိသွှလူမွိုးမွားကိုသာ ဉီးစားပေးကုသခဲ့ပှီး ရောဂါကာကှယရြေးအတှကလြညြး ထိရောကတြဲ့ စီမံမှုမွားမရှိလို့ဘူးလို့ ကိုလိုနီခတြေ မှနမြာပှညရြဲ့ ရောဂါဗဒေ သမိုငြး စာအုပပြှုစုသူ ဂွူးဒဈသြ ရဈခွဲက ရေးသားခဲ့ပါတယြ။

မြန်မာနိုင်ငံမှာ ရာသီအလိုက် ကျင်းပတဲ့ ပွဲတော်တွေကို မတားမြစ်ခဲ့တဲ့အတွက် ပွဲတော်တွေက တဆင့်ကူးစက်တာတွေလည်း ရှိခဲ့ပါတယ်။ မန္တလေး မှာ နှစ်စဉ်ကျင်းပတဲ့ မဟာမုနိ ဘုရားကြီးပွဲကအပြန် ကူးစက်မှုတွေကြောင့် ရောဂါဟာ ရှမ်းပြည်တောင်ပိုင်း မြောက်ပိုင်းတွေနဲ့ အညာဒေသတွေမှာ ရောက်ရှိသွားပါတယ်။ ဆက်သွယ်ရေးမှာ အားနည်းနေသေးသော်လည်း တနိုင်ငံလုံးသို့ ကပ်ရောဂါရောက်ရှိခဲ့ကာ သေဆုံးသူအရေအတွက် အရမ်းများခဲ့တာလို့ ထောက်ပြဝေဖန်ထားပါတယ်။

စပိန်တုပ်ကွေး ကပ်ရောဂါကြောင့် မြန်မာနိုင်ငံတွင် သေဆုံးရသူတစ်ဉီးမှာ နိုင်ငံရေးမှာ ဖေ၊ ပု၊ ရှိန်ဟု ထင်ရှားတဲ့ ဗုဒ္ဓကလျာဏယုဝအသင်းခေါင်းဆောင်တစ်ဉီးဖြစ်တဲ့ ဉီးထွန်းရှိန်ပင်ဖြစ်ပါတယ်။ ၁၉၁၉ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံဉပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးရန် လန်ဒန်သို့ ၆ လခန့် သွားရောက်နေထိုင်ပြီး ပြန်လာခဲ့ပြီး မကြာမီတွင် တုပ်ကွေးရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။

စပိန်တုပ်ကွေးကြောင့် နောက်ဆက်တွဲအဖြစ် စီးပွားရေး၊ လူမှုရေး ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် လူမှုရေးမှာဆိုရင် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းဖြစ်မှုနှုန်းများ များပြားလာခြင်း၊ ဝင်ငွေနည်းပြည်သူများ အထိခိုက်မှုများစွာဖြစ်ရခြင်း၊ လူမှုစီးပွားနှိမ့်ကျမှုများစွာ ဖြစ်ပွားခဲ့ရပါတယ်။ နောက်ဆက်တွဲအဖြစ် ၁၉၂၀ မှာ ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)