ခိုရိုနာဗိုင်းရပ်စ် – သားငါးစျေးက အစ ကမ္ဘာ့ဘေး အထိ

0
34

တရုတ်နှစ်သစ်ကူး ကာလဟာ 2019-nCoV လို့ ခေါ်တဲ့ အဆုတ်ရောင် နိုဗယ် ခိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုးကြောင့် မိသားစုဆွေမျိုးတွေ ပြန်လည် စုံစည်းပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပနိုင်တဲ့ဆီ မရောက်ဘဲ မြို့တွေကို ပိတ်ပစ်၊ ခရီးသွားလာမှုတွေကို ကန့်သတ်ထားရကာ ပွဲတော်အခမ်းအနားတွေ အားလုံးကို ပယ်ဖျက်လိုက်ရတဲ့ အခြေအနေ ရောက်နေပါတယ်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ လူဦးရေ ၁၁ သန်းကျော် ရှိတဲ့ ဟူပေးပြည်နယ်၊ ဝူဟန်မြို့က ဆရာဝန်တွေဟာ “အကြောင်းရင်း မသိရသေးတဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါတစ်မျိုး” တွေ့ရှိခဲ့တယ်လို့ တရုတ်အစိုးရက ပြည်သူတွေကို သတိပေးခဲ့ပါတယ်။ နောက် လေးရက်အကြာမှာတော့ တရုတ် တာဝန်ရှိသူတွေက အဆုတ်ရောက် ရောဂါသစ်တစ်မျိုး ဖြစ်ပွားနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို သတင်းပို့ခဲ့ပါတယ်။ ဇန်နဝါရီလ အစောပိုင်းမှာ အာဏာပိုင်တွေက ဝူဟန် ပင်လယ်စာ သားငါးစျေးကို ပိတ်ပြီး ပိုးသတ်ဆေး ဖြန်းခဲ့ပါတယ်။ အမည်မသိ အဆုတ်ရောင် ရောဂါပိုးရှိသူ ၄၄ ဦး ရှိကြောင်းလည်း စမ်းသပ် တွေ့ရှိခဲ့ပါတယ်။

၂၀၀၂ ခုနှစ်က SARS ရောဂါ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်မျိုးနွယ် ခိုရိုနာဗိုင်းရပ်စ်သစ် တစ်မျိုးကို ဝူဟန်ရှိ လူနာတစ်ဦးမှာ တွေ့ရှိတယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့မှာ တရုတ်အစိုးရက ကြေညာပါတယ်။ တခြား ခိုရိုနာဗိုင်းရပ်စ် မျိုးနွယ်တွေလိုပဲ အဲဒီပိုးအသစ်ဟာ တိရစ္ဆာန်တွေကနေ ကူးစက်တတ်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ နောက်တစ်ရက်မှာပဲ အဲဒီရောဂါနဲ့ ပထမဆုံး သေဆုံးသူရှိကြောင်း ကြေညာခဲ့ပါတယ်။

အစကနဦးမှာတော့ ဘေဂျင်းအစိုးရဟာ ကူးစက်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ရပ်တန့်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပါသေးတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ တရုတ်အာဏာပိုင်တွေက နောက်ထပ်တွေ့ရှိမှုကို ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် တရုတ်နိုင်ငံပြင်ပမှာ တရုတ်ကို ခရီးသွားခဲ့သူတစ်ဦးထံကနေ ခိုရိုနာဗိုင်းရပ်စ် လက္ခဏာ ပထမဆုံး တွေ့ရှိကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ ကူးစက်မှု စတင်ဖြစ်ပွားချိန်မှာ မပြန့်ပွားအောင် တားဆီနိုင်စေမယ့် သေချာ စမ်းသပ်မှုမျိုးတွေ မလုပ်ခဲ့တာကြောင့် စိုးရမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ ဗိုင်းရပ်စ်ဟာ တိရစ္တာန်ကနေ ကူးစက်မှုသာမက လူလူချင်းပါ ကူးစက်နိုင်တဲ့ ရောဂါဖြစ်တယ်လို့ တရုတ်အစိုးရက အတည်ပြုခဲ့ပါတယ်။ ခိုရိုနာဗိုင်းရပ်စ် ကူးစက်သူ လူနာဟာလည်း သုံးဆတိုးလာပြီး ဘေဂျင်းမြို့တော် အပါအဝင် တခြားမြို့ကြီးတွေကိုလည်း ကူးစက်ခဲ့ပါတယ်။ သမ္မတ ရှီကျင့်ဖျင်က ပထမဆုံးအကြိမ်အဖြစ် ရောဂါနဲ့ ပတ်သက်လို့ စတင် ပြောဆိုခဲ့ပါတယ်။

နောက်ရက် အနည်းငယ်အကြာမှာ ဝူဟန်မြို့ကို သီးခြား ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းကစလို့ ရထား၊ လေယာဉ်ပျံနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးတွေ ဝူဟန်မြို့ထဲကနေ ထွက်ခွင့်မပေးတော့ပါဘူး။ နောက်ပိုင်းမှာ လမ်းတွေကို ပိတ်ဆို့ထားလိုက်ပြီး ကိုယ်ပိုင်ကားတွေကိုလည်း သွားခွင့် မပေးတော့ပါဘူး။
တရုတ်အစိုးရက စိုးရိမ်လာပြီး ခိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေကို ကုသဖို့ ခုတင် ၁၀၀၀ ဆံ့ဆေးရုံသစ်ကို တစ်ပတ်အတွင်း အမြန် ဆောက်လုပ်စေပြီး ဒုတိယ ဆေးရုံကိုလည်း နှစ်ပတ်အတွင်း အပြီး ဆောက်လုပ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံတစ်ဝန်း ပိတ်ချထားလိုက်တဲ့ မြို့တွေထဲမှာ လူဦးရေဟာ သန်း ၅၀ ကျော်အထိ ရှိလာပြီး ပြည်နယ်တိုင်းကို ကျန်းမာရေး အရေးပေါ် အခြေအနေ အဆင့် ၁ အဖြစ် ကြေညာလိုက်ပါတယ်။

SARS ရောဂါ အကြောင်းရင်းကို ရှာဖွေစဉ်က ကူညီဖူးတဲ့ ဟောင်ကောင် အခြေစိုက် ဗိုင်းရပ်စ်ပညာရှင် ယီ ဂူအန်က အခု ခိုရိုနာဗိုင်းရပ်စ်ကို ပိုပြီး စိုးရိမ်ကြောင်းနဲ့ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးပြီလားဆိုတာကို ပူပန်နေပါတယ်။ သူဟာ ကြောက်တတ်သူ မဟုတ်ခဲ့ပေမယ့် ဒီတစ်ခါတော့ ကြောက်မိကြောင်း၊ ဝူဟန် ဒေသခံ အာဏာပိုင်တွေဟာ လုပ်သင့်တာတွေကို မလုပ်ခဲ့ကြဘူးလို့ ထင်ကြောင်း ဟောင်ကောင် တက္ကသိုလ်၊ ဓာတ်ခွဲခန်း အကြီးအကဲက ပြောပါတယ်။
တရုတ်နှစ်သစ်ကူး ကာလဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ခရီးသွားလာမှုကာလဖြစ်ပြီး တရုတ် မိသားစုဆွေမျိုးတွေ စုံစည်းဖို့ ရထား၊ ဘတ်စ်ကားနဲ့ လေယာဉ် packed ခရီးစဉ်တွေနဲ့ လူဦးရေ ၃ ဘီလီယံကျော်အထိ ခရီးသွားလာကြတဲ့ အချိန်ဖြစ်ပါတယ်။

နောက်ဆုံးတွေ့ရှိချက်တွေအရ အဖျားမရှိ၊ ချောင်းမဆိုး၊ လက္ခဏာတွေ မပြပေမယ့် ဗိုင်းရပ်စ် သယ်ဆောင်ထားတဲ့ လူနာ ဖြစ်နေနိုင်ကြောင်း တွေ့ရှိခဲ့ကြတာက ပိုပြီး အခြေအနေကို စိုးရိမ်စေပါတယ်။ မိသားစု တစ်စုထဲက ကလေးငယ်တစ်ဦးဟာ နေမကောင်းတဲ့လက္ခဏာ မပြပေမယ့် စစ်ဆေးတဲ့အခါ ရောဂါပိုးသယ်ဆောင်ထားသူ ဖြစ်နေတာတွေ့ရကြောင်း လန်ဒန်အခြေစိုက် ကမ္ဘာကျော် လန်ဆက် ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

တရုတ်နှစ်သစ်ကူးကာလဟာ အခမ်းအနားမရှိ၊ အန်ပေါင်းလက်ဆောင် ပေးမှုမရှိ၊ လမ်းတွေ၊ စျေးဝယ်စင်တာနဲ့ စားသောက်ဆိုင်တွေမှာလည်း လူမရှိပါဘူး။ တရုတ်ရဲ့ ကမ္ဘာကျော် မဟာတံတိုင်း၊ Forbidden City နဲ့ ရှန်ဟိုင်း ဒစ္စနေးလန်းတို့ဟာလည်း ပိတ်ထားပါတယ်။ အုပ်စုလိုက်ခရီးစဉ်၊ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေအားလုံးလည်း ဆိုင်းငံ့ထားပါတယ်။ လူတွေဟာ အိမ်မှာပဲ နေကြပြီး ဘာတွေဖြစ်နေသလဲဆိုတာ အင်တာနက်ကနေပဲ ကြည့်နေကြပါတယ်။ ဇန်နဝါရီလ အစောပိုင်းမှာ ခိုရိုနာဗိုင်းရပ်စ် ဖြစ်လာမယ့် ရောဂါနဲ့ ပတ်သက်လို့ ခြောက်လှန့်ပြီး ပေါက်ကရရေးတဲ့သူ ရှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အခုဆိုရင် တရုတ်နိုင်ငံပိုင် သတင်းစာတွေက ခိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ မျက်နှာဖုံးမှာ ဖော်ပြနေသလို ရုပ်သံအစီအစဉ်တွေမှာလည်း အဓိက သတင်းတွေအဖြစ် ဖော်ပြနေပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ခိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ ဦး ဆိုပေမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ နယူးယော့ခ် တိုင်းမ် သတင်းစာနဲ့ Reuters သတင်းဌာနတွေက သေဆုံးသူ အနည်းဆုံး ၈၀ အထိ ရှိမယ်လို့ ဖော်ပြကြပါတယ်။ ကူးစက်ခံရသူကတော့ တရုတ်တစ်နိုင်ငံထဲမှာတင် ၂၇၀၀ ကျော် ရှိနိုင်ပြီး နိုင်ငံပြင်ပမှာ သြစတြေးလျကနေ အမေရိကန်နဲ့ ပြင်သစ်အထိ ကူးစက်သူတွေ ရောက်ရှိနေကြပါတယ်။

SARS ရောဂါဖှဈပှားခဲ့တဲ့ ၂၀၀၂ ခုနှဈနှောငြးပိုငြးကနေ ၂၀၀၃ ခုနှဈ ဇူလိုငလြအထိ သဆေူံးသူ ၇၇၄ ဦး၊ ကူးစကသြူ ၈၀၉၈ ဦး ရှိခဲ့ဖူးပါတယြ။ အခု ခိုရိုနာဗိုငြးရပဈြ ဖှဈပှားမှုမှာ သဆေုံးသူတှဟော အသကအြရှယြ ကှီးသူတှေ၊ မကနွြးမာသူတှေ မွားပါတယြ။ အခုအထိ ကုသနိုငတြဲ့ ဆေးဝါး မရှိသေးဘဲ လူနာရဲ့ ကိုယခြံအားနဲ့ ခုခံနိုငစြှမြးရှိအောငြ ဆေးပညာနဲ့ ကူညီပေးနိုငမြှုသာ ရှိပါတယြ။ ဇနနြဝါရီလ ၂၇ ရကနြေ့မှာတော့ ခိုရိုနာဗိုငြးရပဈြ ကူးစကနြသေူ တဈဦးကို ပထမဆုံးအဖှဈ ပွောကကြငြးအောငြ ကုသပေးနိုငခြဲ့ပှီး ဆေးရုံက ဆငြးခှင့ပြေးလိုကပြှီလို့ ကှညောခဲ့ပါတယြ။
သငကြာဘုနြးမှင့ြ
(Ref: The Guardian, New York Times, Reuters, CGTN, CNN)

ခိုရိုနာဗိုငျးရပျဈ – သားငါးဈေးက အစ ကမ်ဘာ့ဘေး အထိ

တရုတ်နှစ်သစ်ကူး ကာလဟာ 2019-nCoV လို့ ခေါ်တဲ့  အဆုတ်ရောင် နိုဗယ် ခိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုးကြောင့် မိသားစုဆွေမျိုးတွေ ပြန်လည် စုံစည်းပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပနိုင်တဲ့ဆီ မရောက်ဘဲ မြို့တွေကို ပိတ်ပစ်၊ ခရီးသွားလာမှုတွေကို ကန့်သတ်ထားရကာ ပွဲတော်အခမ်းအနားတွေ အားလုံးကို ပယ်ဖျက်လိုက်ရတဲ့ အခြေအနေ ရောက်နေပါတယ်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ လူဦးရေ ၁၁ သန်းကျော် ရှိတဲ့ ဟူပေးပြည်နယ်၊ ဝူဟန်မြို့က ဆရာဝန်တွေဟာ “အကြောင်းရင်း မသိရသေးတဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါတစ်မျိုး” တွေ့ရှိခဲ့တယ်လို့ တရုတ်အစိုးရက ပြည်သူတွေကို သတိပေးခဲ့ပါတယ်။ နောက် လေးရက်အကြာမှာတော့ တရုတ် တာဝန်ရှိသူတွေက အဆုတ်ရောက် ရောဂါသစ်တစ်မျိုး ဖြစ်ပွားနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို သတင်းပို့ခဲ့ပါတယ်။ ဇန်နဝါရီလ အစောပိုင်းမှာ အာဏာပိုင်တွေက ဝူဟန် ပင်လယ်စာ သားငါးဈေးကို ပိတ်ပြီး ပိုးသတ်ဆေး ဖြန်းခဲ့ပါတယ်။ အမည်မသိ အဆုတ်ရောင် ရောဂါပိုးရှိသူ ၄၄ ဦး ရှိကြောင်းလည်း စမ်းသပ် တွေ့ရှိခဲ့ပါတယ်။

၂၀၀၂ ခုနှစ်က SARS ရောဂါ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်မျိုးနွယ် ခိုရိုနာဗိုင်းရပ်စ်သစ် တစ်မျိုးကို ဝူဟန်ရှိ လူနာတစ်ဦးမှာ တွေ့ရှိတယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့မှာ တရုတ်အစိုးရက ကြေညာပါတယ်။ တခြား ခိုရိုနာဗိုင်းရပ်စ် မျိုးနွယ်တွေလိုပဲ အဲဒီပိုးအသစ်ဟာ တိရစ္ဆာန်တွေကနေ ကူးစက်တတ်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ နောက်တစ်ရက်မှာပဲ အဲဒီရောဂါနဲ့ ပထမဆုံး သေဆုံးသူရှိကြောင်း ကြေညာခဲ့ပါတယ်။

အစကနဦးမှာတော့ ဘေဂျင်းအစိုးရဟာ ကူးစက်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ရပ်တန့်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပါသေးတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ တရုတ်အာဏာပိုင်တွေက နောက်ထပ်တွေ့ရှိမှုကို ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် တရုတ်နိုင်ငံပြင်ပမှာ တရုတ်ကို ခရီးသွားခဲ့သူတစ်ဦးထံကနေ ခိုရိုနာဗိုင်းရပ်စ် လက္ခဏာ ပထမဆုံး တွေ့ရှိကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ ကူးစက်မှု စတင်ဖြစ်ပွားချိန်မှာ မပြန့်ပွားအောင် တားဆီနိုင်စေမယ့် သေချာ စမ်းသပ်မှုမျိုးတွေ မလုပ်ခဲ့တာကြောင့် စိုးရမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ ဗိုင်းရပ်စ်ဟာ တိရစ္တာန်ကနေ ကူးစက်မှုသာမက လူလူချင်းပါ ကူးစက်နိုင်တဲ့ ရောဂါဖြစ်တယ်လို့ တရုတ်အစိုးရက အတည်ပြုခဲ့ပါတယ်။ ခိုရိုနာဗိုင်းရပ်စ် ကူးစက်သူ လူနာဟာလည်း သုံးဆတိုးလာပြီး ဘေဂျင်းမြို့တော် အပါအဝင် တခြားမြို့ကြီးတွေကိုလည်း ကူးစက်ခဲ့ပါတယ်။ သမ္မတ ရှီကျင့်ဖျင်က ပထမဆုံးအကြိမ်အဖြစ် ရောဂါနဲ့ ပတ်သက်လို့ စတင် ပြောဆိုခဲ့ပါတယ်။

နောက်ရက် အနည်းငယ်အကြာမှာ ဝူဟန်မြို့ကို သီးခြား ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းကစလို့ ရထား၊ လေယာဉ်ပျံနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးတွေ ဝူဟန်မြို့ထဲကနေ ထွက်ခွင့်မပေးတော့ပါဘူး။ နောက်ပိုင်းမှာ လမ်းတွေကို ပိတ်ဆို့ထားလိုက်ပြီး ကိုယ်ပိုင်ကားတွေကိုလည်း သွားခွင့် မပေးတော့ပါဘူး။

တရုတ်အစိုးရက စိုးရိမ်လာပြီး ခိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေကို ကုသဖို့ ခုတင် ၁၀၀၀ ဆံ့ဆေးရုံသစ်ကို တစ်ပတ်အတွင်း အမြန် ဆောက်လုပ်စေပြီး ဒုတိယ ဆေးရုံကိုလည်း နှစ်ပတ်အတွင်း အပြီး ဆောက်လုပ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံတစ်ဝန်း ပိတ်ချထားလိုက်တဲ့ မြို့တွေထဲမှာ လူဦးရေဟာ သန်း ၅၀ ကျော်အထိ ရှိလာပြီး ပြည်နယ်တိုင်းကို ကျန်းမာရေး အရေးပေါ် အခြေအနေ အဆင့် ၁ အဖြစ် ကြေညာလိုက်ပါတယ်။

SARS ရောဂါ အကြောင်းရင်းကို ရှာဖွေစဉ်က ကူညီဖူးတဲ့ ဟောင်ကောင် အခြေစိုက် ဗိုင်းရပ်စ်ပညာရှင် ယီ ဂူအန်က အခု ခိုရိုနာဗိုင်းရပ်စ်ကို ပိုပြီး စိုးရိမ်ကြောင်းနဲ့ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးပြီလားဆိုတာကို ပူပန်နေပါတယ်။ သူဟာ ကြောက်တတ်သူ မဟုတ်ခဲ့ပေမယ့် ဒီတစ်ခါတော့ ကြောက်မိကြောင်း၊ ဝူဟန် ဒေသခံ အာဏာပိုင်တွေဟာ လုပ်သင့်တာတွေကို မလုပ်ခဲ့ကြဘူးလို့ ထင်ကြောင်း ဟောင်ကောင် တက္ကသိုလ်၊ ဓာတ်ခွဲခန်း အကြီးအကဲက ပြောပါတယ်။

တရုတ်နှစ်သစ်ကူး ကာလဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ခရီးသွားလာမှုကာလဖြစ်ပြီး တရုတ် မိသားစုဆွေမျိုးတွေ စုံစည်းဖို့ ရထား၊ ဘတ်စ်ကားနဲ့ လေယာဉ် packed ခရီးစဉ်တွေနဲ့ လူဦးရေ ၃ ဘီလီယံကျော်အထိ ခရီးသွားလာကြတဲ့ အချိန်ဖြစ်ပါတယ်။

နောက်ဆုံးတွေ့ရှိချက်တွေအရ အဖျားမရှိ၊ ချောင်းမဆိုး၊ လက္ခဏာတွေ မပြပေမယ့် ဗိုင်းရပ်စ် သယ်ဆောင်ထားတဲ့ လူနာ ဖြစ်နေနိုင်ကြောင်း တွေ့ရှိခဲ့ကြတာက ပိုပြီး အခြေအနေကို စိုးရိမ်စေပါတယ်။ မိသားစု တစ်စုထဲက ကလေးငယ်တစ်ဦးဟာ နေမကောင်းတဲ့လက္ခဏာ မပြပေမယ့် စစ်ဆေးတဲ့အခါ ရောဂါပိုးသယ်ဆောင်ထားသူ ဖြစ်နေတာတွေ့ရကြောင်း လန်ဒန်အခြေစိုက် ကမ္ဘာကျော် လန်ဆက် ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

တရုတ်နှစ်သစ်ကူးကာလဟာ အခမ်းအနားမရှိ၊ အန်ပေါင်းလက်ဆောင် ပေးမှုမရှိ၊ လမ်းတွေ၊ ဈေးဝယ်စင်တာနဲ့ စားသောက်ဆိုင်တွေမှာလည်း လူမရှိပါဘူး။ တရုတ်ရဲ့ ကမ္ဘာကျော် မဟာတံတိုင်း၊ Forbidden City နဲ့ ရှန်ဟိုင်း ဒစ္စနေးလန်းတို့ဟာလည်း ပိတ်ထားပါတယ်။ အုပ်စုလိုက်ခရီးစဉ်၊ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေအားလုံးလည်း ဆိုင်းငံ့ထားပါတယ်။ လူတွေဟာ အိမ်မှာပဲ နေကြပြီး ဘာတွေဖြစ်နေသလဲဆိုတာ အင်တာနက်ကနေပဲ ကြည့်နေကြပါတယ်။ ဇန်နဝါရီလ အစောပိုင်းမှာ ခိုရိုနာဗိုင်းရပ်စ် ဖြစ်လာမယ့် ရောဂါနဲ့ ပတ်သက်လို့ ခြောက်လှန့်ပြီး ပေါက်ကရရေးတဲ့သူ ရှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အခုဆိုရင် တရုတ်နိုင်ငံပိုင် သတင်းစာတွေက ခိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ မျက်နှာဖုံးမှာ ဖော်ပြနေသလို ရုပ်သံအစီအစဉ်တွေမှာလည်း အဓိက သတင်းတွေအဖြစ် ဖော်ပြနေပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ခိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ ဦး ဆိုပေမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ နယူးယော့ခ် တိုင်းမ် သတင်းစာနဲ့ Reuters သတင်းဌာနတွေက သေဆုံးသူ အနည်းဆုံး ၈၀ အထိ ရှိမယ်လို့ ဖော်ပြကြပါတယ်။ ကူးစက်ခံရသူကတော့ တရုတ်တစ်နိုင်ငံထဲမှာတင် ၂၇၀၀ ကျော် ရှိနိုင်ပြီး နိုင်ငံပြင်ပမှာ သြစတြေးလျကနေ အမေရိကန်နဲ့ ပြင်သစ်အထိ ကူးစက်သူတွေ ရောက်ရှိနေကြပါတယ်။

SARS ရောဂါဖြစ်ပွားခဲ့တဲ့ ၂၀၀၂ ခုနှစ်နှောင်းပိုင်းကနေ ၂၀၀၃ ခုနှစ် ဇူလိုင်လအထိ သေဆူံးသူ ၇၇၄ ဦး၊ ကူးစက်သူ ၈၀၉၈ ဦး ရှိခဲ့ဖူးပါတယ်။ အခု ခိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုမှာ သေဆုံးသူတွေဟာ အသက်အရွယ် ကြီးသူတွေ၊ မကျန်းမာသူတွေ များပါတယ်။ အခုအထိ ကုသနိုင်တဲ့ ဆေးဝါး မရှိသေးဘဲ လူနာရဲ့ ကိုယ်ခံအားနဲ့ ခုခံနိုင်စွမ်းရှိအောင် ဆေးပညာနဲ့ ကူညီပေးနိုင်မှုသာ ရှိပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ ခိုရိုနာဗိုင်းရပ်စ် ကူးစက်နေသူ တစ်ဦးကို ပထမဆုံးအဖြစ် ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ပြီး ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။    

သင်ကာဘုန်းမြင့်