နော်ဝေနိုင်ငံ ပညာရေးနှင့် ထိတွေ့ခြင်း (၁၀)

0
260

ကိုယ့်ကလေးဟာ တခြားကလေးတွေနဲ့ တန်းတူ ဉာဏ်ရည်လည်း မီသည်။ သူများတန်းတူလည်း ကလေးကို ပံ့ပိုးသင်ယူခွင့်ပေးသည်။ ဒါပေမယ့် ရလဒ်မှာ သူများကလေးတွေလောက် မကောင်း။ ဒီလိုရလဒ်ကို မြင်ပြီဆိုတာနဲ့ လူကြီးမိဘတွေဟာ ကလေးကို တန်းပြီး ဆူပူကြိမ်းမောင်း ရိုက်နှက်တာမျိုးအထိ လုပ်တတ်ကြသည်။ ၁၀၀ ရာခိုင်နှုန်းက ကလေးအပြစ်လား။

အရွယ်ရောက်ပြီး လူကြီးမိဘနဲ့အတူနေတဲ့ သားသမီးတွေတောင် မိဘရဲ့ လမ်းပြထိန်းကျောင်းမှုမျိုး မရှိရင် ကိုယ်လုပ်ချင်ရာ ပျော်သလို လုပ်နေတတ်ကြတာ မဟုတ်လား။ ကျောင်းနေတဲ့ ကလေးငယ်ငယ်လေးတွေဟာ ကျောင်းပို့ရင် ကျောင်းသွားမယ် ၊ ကျူရှင်ပို့ရင် ကျူရှင်သွားမယ်။ စာကြည့်ခိုင်းရင် ကြည့်မယ်။ စာမကြည့်ခိုင်းရင် တီဗီ၊ ဂိမ်း၊ သူငယ်ချင်း၊ ကစားစရာ စတာတွေကို အဖော်ပြုကြမှာပါ။ ဒီလို အချိန် တန်ဖိုးချပုံချင်း မတူညီတဲ့ အလျောက် ရလဒ်တွေဟာ ကွာသွားမှာ ဖြစ်ပါသည်။

ကျောင်းနဲ့ကျူရှင်က သင်လိုက်တာတွေကို နှစ်ရက် သုံးရက်တစ်ခါ ၊ တစ်ပတ်တစ်ခါ မိဘက ပြန်မနွှေးပေးရင် သင်ပြီးသားဟာတွေ မေ့သွားတတ်တာ သဘာဝပါ။ ကိုယ်ငယ်ငယ်တုန်းကလည်း မေ့ခဲ့ဖူးမယ်။ ဒီကလေး ငယ်ငယ်ဟာလည်း မေ့ကောင်းမေ့သွားမှာပါ။ တအားကြာသွားမှ ပြန်ခေါ်နွှေးမယ်ဆို အစက ပြန်သင်ရသလို ခက်ခဲကြန့်ကြာနေမှာပါ။ ဒါကြောင့် သင်ပြီးသားစာတွေကို မိဘက ပြန်ဆိုခိုင်း၊ ပြန်နွှေးခိုင်းတာမျိုးတွေ အိမ်မှာ အချိန်ပေး မလုပ်ရင် ကျောင်းနဲ့ကျူရှင်က သင်လိုက်တဲ့စာတွေဟာ တကယ့် စာမေးပွဲနားနီးရင် လပေါင်းများစွာ စာကြွေးတင်သမျှ စာပိတော့တာပါပဲ။

စာမေးပွဲနီးမှာ စာအတင်း ကျက်ခိုင်းတော့ ကလေးဟာ သူမှတ်နိုင်သမျှလေးနဲ့ပဲ ဖြေခဲ့မှာပါ။ ဒီတော့ တူတူချင်း တက်ပေမယ့် ရလဒ်ကွာသွားတာမျိုး ဖြစ်တာပါ။ ဒါဟာ ကလေးအပြစ်ချည်းပဲမဟုတ်ပါဘူး။ ကလေးကို အချိန်ပေးပြီး အိမ်မှာစာလုပ်ဖို့ ကြပ်မတ်မှုမျိုး မပေးနိုင်တဲ့ ကိုယ့်အားနည်းချက်လည်း ပါဝင်တာနေလို့ ကိုယ်မျှော်လင့်ထားတဲ့ ရလဒ်ကောင်းမျိုး မရရှိတာပါ။

အခုဆိုရင် အဖက်ဖက်သော ရှုထောင့်က သုံးသပ်ပြထားတဲ့ မမြင်နိုင်သော အားနည်းချက်များရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်နေနိုင်သလဲ ဆိုတာကို စာဖတ်သူတွေ ကောင်းစွာ သဘောပေါက် နားလည်ရင်း ဆောင်သင့်တာတွေ ဆောင်၊ ရှောင်သင့်တာတွေ ရှောင်ရင်း ပျော်ရွှင်စရာ မိသားစုဘဝမှာ တက္ကသိုလ်ဝင်တန်း ပညာရေးသို့ …။

တက္ကသိုလ်ဝင်တန်း ပညာရေးဆိုင်ရာ အချက်အလက်တချို့

၁။ အခြေခံပညာကျောင်း (သို့) အလားတူ စာမေးပွဲမျိုးကို အောင်မြင်ပြီးဆုံးခဲ့သော လူငယ်တိုင်း သုံးနှစ်သင်တန်းဖြစ်သည့် တက္ကသိုလ်ဝင်တန်း ပညာရေးကို သင်ယူပိုင်ခွင့်ရှိသည်။
၂။ လူငယ်ကျောင်းသားသည် အသက် ၂၄ နှစ်ပြည့်သည့်နှစ် မတိုင်မီ တက္ကသိုလ်ဝင်တန်း ပညာရေး ပြီးဆုံးပြီးသား ဖြစ်ရမည်။
၃။ တိုင်းရုံးစိုက်ရာ မြိှု့နယ်က တက္ကသိုလ်ဝင်တန်း ပညာရေး အတွက် အကုန်အကျ ခံရမည်ဖြစ်ပြီး သင်ပိုင်ခွင့် ရှိသူအားလုံးကို သင်ခွင့်ပေးရန် တာဝန်ှရှိသည်။
၄။ တက္ကသိုလ်ဝင်တန်း ပညာရေးတွင် တက္ကသိုလ်ပညာ သင်ရန် ပြင်ဆင်သည့် လမ်းကြောင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ရန် လမ်းကြောင်း တို့ရှိသည်။ အခြေခံပညာကျောင်းနှင့် တက္ကသိုလ်ဝင်တန်းကျောင်း။

အသက် ၁၆ နှစ်လောက်မှာ လူငယ်တွေသာ အခြေခံပညာကျောင်းကို ပြီးအောင်တက်ပြီးပါပြီ။ အခြေခံပညာကျောင်းရဲ့ ပညာရေးအဆင့်လောက်နဲ့ ဝင်လုပ်နိုင်တဲ့ အလုပ်မျိုးက များများ မတွေ့ရတာကြောင့် နော်ဝေကျောင်းသားများ အားလုံးနီးပါးက တက္ကသိုလ်ဝင်တန်းကျောင်း ဆက်တက်ဖို့ပဲ ရွေးချယ်လေ့ရှိပါသည်။
အစိုးရပိုင် တက္ကသိုလ်ဝင်တန်း ကျောင်းများအပြင် ပုဂ္ဂလိက ကျောင်းတချို့လည်း တွေ့နိုင်သေးသည်။ ပုဂ္ဂလိက ကျောင်းများအတွက် မိသားစုကသာလျှင် ကျောင်းစရိတ်ပေးရသည်။ သို့တိုင်အောင် ကိုယ့်အတွက် ကျစရိတ်မျှသာ ပေးသွင်းရပြီး အမှန်ကုန်ကျသည့် စရိတ်အများစုကို နိုင်ငံတော်ကသာ ပေးချေသည်။


ယနေ့ခေတ်တွင် အသက်မွေးဝမ်းကျောင်း လုပ်ငန်း နှင့် ဝန်ထမ်းနေရာ အများစုအတွက် တက္ကသိုလ်ဝင်တန်းနှင့် ၎င်းထက်မြင့်သော ပညာရေးရှိထားရန် မဖြစ်မနေ လိုအပ်သည်။ လူမှုဝန်ထမ်း လူ့ဘောင်အတွက်လည်း တတ်နိုင်သမျှ အများဆုံး တက္ကသိုလ်ပညာ တတ်မြောက်ရန် မဖြစ်မနေ လိုအပ်သည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၏ အကျိုးအမြတ်ကို ထိန်းသိမ်းထားနိုင်ပြီး အလုပ်နေရာများလည်း ဖန်တီးပေးနိုင်မည်။ လူထုပညာရေး အဆင့်မမြင့်ပါက လူမှုဝန်ထမ်း လူ့ဘောင်နှင့် လူမှုဖူလုံရေး ခံစားခွင့်များကို တည်တံ့အောင် ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ တက္ကသိုလ်ဝင်တန်းကျောင်းသည် အခမဲ့ဖြစ်သည်။

ကျောင်းသားများသည် ပြဋ္ဌာန်းစာအုပ်များကို ကျောင်းမှ ငှားရမ်းနိုင်သည့်တိုင် စာအုပ်၊ စာရေးကိရိယာနှင့် တခြားလိုအပ်သည်များကိုမူ မိမိဖာသာ ဝယ်ရသည်။ နော်ဝေနိုင်ငံက ကျောင်းတွေမှာ ဘယ်လိုလိုင်းကို သင်ယူမလဲဆိုတာ အရေးကြီးပါသည်။ အထူးသဖြင့် ငယ်ရွယ်စဉ် အချိန်မှာ မိမိတို့ကြီးရင် ဘာလုပ်ချင်တယ်ဆိုတဲ့ အတွေးအပေါ် မိမိတို့ ပတ်ဝန်းကျင်က သက်ရောက်မှု ရှိတတ်သည်။ မိဘတွေ ဖြစ်စေချင်သော၊ ကိုယ့်အသိုင်းအဝိုင်းမှာ ဂုဏ်ရှိသော၊ ကိုယ့်သူငယ်ချင်း အများစု ရွေးချယ်ကြသော လိုင်းမျိုးကို ရွေးချယ်လေ့ရှိသည်။ မိမိကြီးပြင်းခဲ့သော အသိုင်းအဝိုင်းမှာ ဆရာဝန်၊ အင်ဂျင်နီယာဖြစ်မှ ဘဝတက်လမ်း ကောင်းမည်ဟု သတ်မှတ်ထားကြသည်။


တကယ်တော့ ကျောင်းသား ကျောင်းသူများမှာ ရွေးချယ်နိုင်ခွင့် ရှိဖို့ကလည်း အရေးကြီးသည်။ နော်ဝေနိုင်ငံမှာတော့ ဘယ်လိုင်းကို ရတယ်ဆိုတာ စာမေးပွဲရလဒ်ပေါ် မူတည်နေသော ပညာရေးစနစ် အောက်တွင် ကိုယ်ကြိုက်တာ ရွေးချယ်နိုင်ဖို့ ပထမအဆင့်က အောင်မှတ်ကောင်းဖို့ လိုအပ်သည်။ ဒါမှ မဟုတ်ရင်တော့ ရွေးချယ်ခွင့်တောင်မရဘဲ ရရာလိုင်းကိုသာ ယူကြရမည်။

နှစ်စဉ်နှစ်တိုင်း နော်ဝေ နိုင်ငံသားများ ကောလိပ်၊ တက္ကသိုလ်နှစ် ဝင်ခွင့် လျှောက်လွှာတင်သောအခါ သူတို့ GCE “O” Level ရမှတ်ကို သုံးကြရသည်။ ဆရာ၊ ဆရာမများက လျှောက်လွှာ လာတင်သော ကျောင်းသားများကို ဘယ်လိုင်းကို လျှောက်ရင် သင့်တော်မလဲ၊ ဘယ်လိုင်းက အောင်ပြီးရင် ဘယ်လို
အလုပ်မျိုးတွေရလဲ ဆိုတာ ရှင်းပြရသည်။ ရမှတ် အလွန်နည်းသော ကျောင်းသားများက သူတို့စိတ်ဝင်စားတာ၊ ဘယ်လိုအလုပ်မျိုး သူတို့နှင့် သင့်တော်နိုင်မယ် ဆိုတာတွေကို မစဉ်းစားနိုင်ကြ။ သူတို့ရထားသော အမှတ်စာရင်းကို ပြကာ ဒီလိုအမှတ်မျိုးတွေနဲ့ ဘယ်လိုင်းကို ရနိုင်မလဲဆိုသော မေးခွန်းကိုသာ မေးကြရှာသည်။ သူတို့အတွက်က ကောလိပ်၊ တက္ကသိုလ်နှစ်မှာ ဝင်ခွင့်ရပြီး၊ ဒီပလိုမာတစ်ခုရဖို့က အဓိက ဖြစ်နေသည်။
ပြည်ပနိုင်ငံမှ တချို့ ကျောင်းသား ကျောင်းသူများအတွက်လည်း ကောလိပ်၊ တက္ကသိုလ်နှစ်မှာ ကိုယ်က ပထမစိတ်ကြိုက်အဖြစ် ရွေးချယ် လျှောက်ထားသော လိုင်းမရဘဲ၊ တခြားလိုင်းကိုရလျှင်ယူလိုက်ကြတာ များသည်။ ကိုယ်ရရာလိုင်းကို တက်တာက အမှားတစ်ခုတော့ မဟုတ်ချေ။


အထူးသဖြင့် ကောလိပ်၊ တက္ကသိုလ်နှစ်တက်သော ဆယ်ကျော်သက်အရွယ်တွင် ကျောင်းသား ကျောင်းသူ အများစုအတွက် ကိုယ်တကယ် စိတ်ဝင်စားသော လိုင်းကို သေချာသိဖို့ ခဲယဉ်းပြီး ဝင်ခွင့်ရဖို့က အဓိက ဖြစ်နေသည်။ ကိုယ်ရတဲ့လိုင်းကို သင်ယူရင်း စိတ်ပါချင် ပါသွားမှာဟုလည်း တွေးတတ်ကြသည်။ ဒါမှမဟုတ် ချပေးသောလိုင်းကို သင်နေရင်းမှ ကိုယ်စိတ်မပါဘူးဆိုတာ သိလာတာလည်း ဖြစ်တတ်သည်။ ထိုအခါ သူတို့ တကယ်စိတ်ဝင်စားသော အလုပ်အကိုင်နှင့် လက်ရှိတက်နေသော လိုင်းတို့ ကွဲလွဲနေတာ ဘယ်လိုလုပ်ရမလဲဟု စဉ်းစားလာကြသည်။ ထိုသို့သော ကျောင်းသားမျိုးကို ဆရာ၊ ဆရာမများက အောက်ပါအတိုင်း အကြံပေးလေ့ရှိသည်။
ပထမအချက်ကတော့ ကိုယ်က ဘယ်လိုင်းကို စိတ်ဝင်စားတယ်ဆိုတာ သေချာဖို့၊ ကိုယ်စိတ်ဝင်စားသော လိုင်းမှာ သင်ကြားသည့် ဘာသာရပ်များအကြောင်း၊ အဲဒီလိုင်းက အောင်ပြီးသောအခါ လုပ်ရမည့့် အလုပ်အကိုင်များ အကြောင်းကို လေ့လာရမည်။

သေချာပြီဆိုလျှင် ဒုတိယအနေနှင့် ကိုယ်က လိုင်းပြောင်းဖို့ အခြေအနေပေးလားဟု စဉ်းစားရမည်။ ဥပမာ – ကိုယ်က ကောလိပ်၊ တက္ကသိုလ်နှစ်မှာ ဒုတိယနှစ်အထိ ပြီးသွားပြီဆိုလျှင် နောက်ထပ် တစ်နှစ် တက်လိုက်တာနှင့် ဒီပလိုမာ ရမည်။ ကိုယ်ကြိုက်သောလိုင်းကို တက္ကသိုလ်မှာ အဲဒီ ဒီပလိုမာ လက်မှတ်ကို သုံးပြီး ဆက်တက်နိုင်မလား။ အဲဒီလို ဆက်တက်နိုင်မည်ဆိုရင် ကောလိပ်၊ တက္ကသိုလ်နှစ်ကို ပြီးအောင်တက်တာ ကောင်းသည်။ နောက်တစ်ချက်က ကိုယ်က ကျောင်းမြန်မြန်ပြီးအောင် တက်ပြီး မိဘကို ပြန်လုပ်ကျွေးရမှာမျိုး ရှိလား။ အဲဒီလို ငွေကြေးအရ စဉ်းစားရမှာရှိလျှင် ဒီပလိုမာကို ပြီးအောင်တက်ပြီး အလုပ် တစ်နှစ်၊ နှစ်နှစ်လောက် လုပ်ပြီးမှ ငွေစုပြီး ကိုယ်ဆက်တက်ချင်သော လိုင်းကို တက်နိုင်ဖို့ ကြိုးစားနိုင်သည်။

တကယ်တော့ ဒီပလိုမာ လက်မှတ်မျိုးက ဘဝမှာ နောက်တစ်ဆင့်ကို တက်ဖို့ ကြားခံပေးသော အဆင့်တစ်ဆင့် ဖြစ်နိုင်သည်။ နော်ဝေနိုင်ငံက ကျောင်းသား ကျောင်းသူ တချို့က အင်ဂျင်နီယာ ဒီပလိုမာ ရသော်လည်း အင်ဂျင်နီယာအလုပ်ကို မလုပ်သူတွေ ရှိသည်။ မိမိသူငယ်ချင်း ကျောင်းသူတစ်ယောက်ဆိုလျှင် ကောလိပ်၊ တက္ကသိုလ်နှစ်မှာ ကျောင်းတက်စဉ် ကာလတစ်လျှောက်လုံး သူသင်ယူရသော အင်ဂျင်နီယာ ဘာသာရပ်များကို လုံးဝ စိတ်မဝင်စားခဲ့ချေ။ စာမေးပွဲ အောင်ဖို့လောက်သာ သူက ကြိုးစားခဲ့သည်။ အင်ဂျင်နီယာ ဒီပလိုမာ ရပြီးသောအခါ ထိုဒီပလိုမာကို သုံးပြီး သူ စိတ်ဝင်စားသော စိတ်ပညာရပ်ဘာသာကို ဆက်လက် တက်ရောက်နိုင်ခဲ့သည်။

နောဝြနေိုငငြံက ကွောငြးသား ကွောငြးသူမွား အနနေဲ့ ဘယလြို အလုပအြကိုငကြို ရှေးခယွမြလဲဆိုတာ သူတို့ဘဝ၏ အရေးအကှီးဆုံး ဆုံးဖှတခြကွပြငြ ဖှဈပါသညြ။
ကိုယကြ ဘယလြိုလိုငြးကို သငယြူလဲဆိုတာ ဘယလြို အလုပအြကိုငကြို ရှေးခယွမြှာလဲ ဆိုတာနှင့လြညြး သကဆြိုငသြညြ။ လူတိုငြးကတော့ ကိုယနြှဈသကတြာကို လုပခြငွကြှသညြ။ သို့သောြ လူတိုငြးအတှကြ အကန့အြသတတြှေ ရှိတတသြညြ။ ကိုယ့ရြှေးခယွမြှု၏ နောကဆြကတြှဲ ဘာတှဖှဈေလာမလဲ ဆိုတာကို စဉြးစားကှရသညြ။
တကျကသိုလဝြငတြနြးကွောငြး ပှီးသှားလွှငြ ကွောငြးသားသညြ တကျကသိုလြ (သို့) ကောလိပတြှငြ အဆင့မြှင့ပြညာ ဆကလြကြ သငယြူ၍ရသညြ။
တကျကသိုလနြှင့ြ ကောလိပအြမွားစုမှာ အစိုးရပိုငဖြှဈပှီး တကျကသိုလကြွောငြးသားမွားအတှကြ သငကြှားပို့ခမွှုမှာ အခမဲ့ဖှဈသညြ။ ကုနကြစွရိတကြို အစိုးရက ကခွံသညြ။ သို့တိုငအြောငြ ကွောငြးသားမွားက နှဈဝကကြှေး (သို့) သငတြနြးကှေး အနညြးငယြ ပေးသှငြးရလေ့ရှိသညြ။ ပုဂျဂလိက ကောလိပမြွားလညြး တှေ့နိုငပြါသညြ။ ထိုကောလိပမြွားတှငြ ကွောငြးသားမွားက သငတြနြးအတှကအြတှကြ ကစွရိတကြို ပေးသှငြးရသညြ။
(ဆကလြကဖြောပြှမညြ)
ရှှဝေါရောငြ အရှငထြာဝရ (နောဝြေ)

နောျဝနေိုငျငံ ပညာရေးနှငျ့ ထိတှေ့ခွငျး (၁၀)

ကိုယ့်ကလေးဟာ တခြားကလေးတွေနဲ့ တန်းတူ ဉာဏ်ရည်လည်း မီသည်။ သူများတန်းတူလည်း ကလေးကို ပံ့ပိုးသင်ယူခွင့်ပေးသည်။ ဒါပေမယ့် ရလဒ်မှာ သူများကလေးတွေလောက် မကောင်း။ ဒီလိုရလဒ်ကို မြင်ပြီဆိုတာနဲ့ လူကြီးမိဘတွေဟာ ကလေးကို တန်းပြီး ဆူပူကြိမ်းမောင်း ရိုက်နှက်တာမျိုးအထိ လုပ်တတ်ကြသည်။ ၁၀၀ ရာခိုင်နှုန်းက ကလေးအပြစ်လား။

အရွယ်ရောက်ပြီး လူကြီးမိဘနဲ့အတူနေတဲ့ သားသမီးတွေတောင် မိဘရဲ့ လမ်းပြထိန်းကျောင်းမှုမျိုး မရှိရင် ကိုယ်လုပ်ချင်ရာ ပျော်သလို လုပ်နေတတ်ကြတာ မဟုတ်လား။ ကျောင်းနေတဲ့ ကလေးငယ်ငယ်လေးတွေဟာ ကျောင်းပို့ရင် ကျောင်းသွားမယ် ၊ ကျူရှင်ပို့ရင် ကျူရှင်သွားမယ်။ စာကြည့်ခိုင်းရင် ကြည့်မယ်။ စာမကြည့်ခိုင်းရင် တီဗီ၊ ဂိမ်း၊ သူငယ်ချင်း၊ ကစားစရာ စတာတွေကို အဖော်ပြုကြမှာပါ။ ဒီလို အချိန် တန်ဖိုးချပုံချင်း မတူညီတဲ့ အလျောက် ရလဒ်တွေဟာ ကွာသွားမှာ ဖြစ်ပါသည်။

ကျောင်းနဲ့ကျူရှင်က သင်လိုက်တာတွေကို နှစ်ရက် သုံးရက်တစ်ခါ ၊ တစ်ပတ်တစ်ခါ မိဘက ပြန်မနွှေးပေးရင် သင်ပြီးသားဟာတွေ မေ့သွားတတ်တာ သဘာဝပါ။ ကိုယ်ငယ်ငယ်တုန်းကလည်း မေ့ခဲ့ဖူးမယ်။ ဒီကလေး ငယ်ငယ်ဟာလည်း မေ့ကောင်းမေ့သွားမှာပါ။ တအားကြာသွားမှ ပြန်ခေါ်နွှေးမယ်ဆို အစက ပြန်သင်ရသလို ခက်ခဲကြန့်ကြာနေမှာပါ။ ဒါကြောင့် သင်ပြီးသားစာတွေကို မိဘက ပြန်ဆိုခိုင်း၊ ပြန်နွှေးခိုင်းတာမျိုးတွေ အိမ်မှာ အချိန်ပေး မလုပ်ရင် ကျောင်းနဲ့ကျူရှင်က သင်လိုက်တဲ့စာတွေဟာ တကယ့် စာမေးပွဲနားနီးရင် လပေါင်းများစွာ စာကြွေးတင်သမျှ စာပိတော့တာပါပဲ။

စာမေးပွဲနီးမှာ စာအတင်း ကျက်ခိုင်းတော့ ကလေးဟာ သူမှတ်နိုင်သမျှလေးနဲ့ပဲ ဖြေခဲ့မှာပါ။ ဒီတော့ တူတူချင်း တက်ပေမယ့် ရလဒ်ကွာသွားတာမျိုး ဖြစ်တာပါ။ ဒါဟာ ကလေးအပြစ်ချည်းပဲမဟုတ်ပါဘူး။ ကလေးကို အချိန်ပေးပြီး အိမ်မှာစာလုပ်ဖို့ ကြပ်မတ်မှုမျိုး မပေးနိုင်တဲ့ ကိုယ့်အားနည်းချက်လည်း ပါဝင်တာနေလို့ ကိုယ်မျှော်လင့်ထားတဲ့ ရလဒ်ကောင်းမျိုး မရရှိတာပါ။

အခုဆိုရင် အဖက်ဖက်သော ရှုထောင့်က သုံးသပ်ပြထားတဲ့ မမြင်နိုင်သော အားနည်းချက်များရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်နေနိုင်သလဲ ဆိုတာကို စာဖတ်သူတွေ ကောင်းစွာ သဘောပေါက် နားလည်ရင်း ဆောင်သင့်တာတွေ ဆောင်၊ ရှောင်သင့်တာတွေ ရှောင်ရင်း ပျော်ရွှင်စရာ မိသားစုဘဝမှာ တက္ကသိုလ်ဝင်တန်း ပညာရေးသို့ …။

တက္ကသိုလ်ဝင်တန်း ပညာရေးဆိုင်ရာ အချက်အလက်တချို့

၁။ အခြေခံပညာကျောင်း (သို့) အလားတူ စာမေးပွဲမျိုးကို အောင်မြင်ပြီးဆုံးခဲ့သော လူငယ်တိုင်း သုံးနှစ်သင်တန်းဖြစ်သည့် တက္ကသိုလ်ဝင်တန်း ပညာရေးကို သင်ယူပိုင်ခွင့်ရှိသည်။

၂။ လူငယ်ကျောင်းသားသည် အသက် ၂၄ နှစ်ပြည့်သည့်နှစ် မတိုင်မီ တက္ကသိုလ်ဝင်တန်း ပညာရေး ပြီးဆုံးပြီးသား ဖြစ်ရမည်။

၃။ တိုင်းရုံးစိုက်ရာ မြှို့နယ်က တက္ကသိုလ်ဝင်တန်း ပညာရေး အတွက် အကုန်အကျ ခံရမည်ဖြစ်ပြီး သင်ပိုင်ခွင့် ရှိသူအားလုံးကို သင်ခွင့်ပေးရန် တာဝန်ှရှိသည်။

၄။ တက္ကသိုလ်ဝင်တန်း ပညာရေးတွင် တက္ကသိုလ်ပညာ သင်ရန် ပြင်ဆင်သည့် လမ်းကြောင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ရန် လမ်းကြောင်း တို့ရှိသည်။ အခြေခံပညာကျောင်းနှင့် တက္ကသိုလ်ဝင်တန်းကျောင်း။ 

အသက် ၁၆ နှစ်လောက်မှာ လူငယ်တွေသာ အခြေခံပညာကျောင်းကို ပြီးအောင်တက်ပြီးပါပြီ။ အခြေခံပညာကျောင်းရဲ့ ပညာရေးအဆင့်လောက်နဲ့ ဝင်လုပ်နိုင်တဲ့ အလုပ်မျိုးက များများ မတွေ့ရတာကြောင့် နော်ဝေကျောင်းသားများ အားလုံးနီးပါးက တက္ကသိုလ်ဝင်တန်းကျောင်း ဆက်တက်ဖို့ပဲ ရွေးချယ်လေ့ရှိပါသည်။

အစိုးရပိုင် တက္ကသိုလ်ဝင်တန်း ကျောင်းများအပြင် ပုဂ္ဂလိက ကျောင်းတချို့လည်း တွေ့နိုင်သေးသည်။ ပုဂ္ဂလိက ကျောင်းများအတွက် မိသားစုကသာလျှင် ကျောင်းစရိတ်ပေးရသည်။ သို့တိုင်အောင် ကိုယ့်အတွက် ကျစရိတ်မျှသာ ပေးသွင်းရပြီး အမှန်ကုန်ကျသည့် စရိတ်အများစုကို နိုင်ငံတော်ကသာ ပေးချေသည်။

ယနေ့ခေတ်တွင် အသက်မွေးဝမ်းကျောင်း လုပ်ငန်း နှင့် ဝန်ထမ်းနေရာ အများစုအတွက် တက္ကသိုလ်ဝင်တန်းနှင့် ၎င်းထက်မြင့်သော ပညာရေးရှိထားရန် မဖြစ်မနေ လိုအပ်သည်။ လူမှုဝန်ထမ်း လူ့ဘောင်အတွက်လည်း တတ်နိုင်သမျှ အများဆုံး တက္ကသိုလ်ပညာ တတ်မြောက်ရန် မဖြစ်မနေ လိုအပ်သည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၏ အကျိုးအမြတ်ကို ထိန်းသိမ်းထားနိုင်ပြီး အလုပ်နေရာများလည်း ဖန်တီးပေးနိုင်မည်။ လူထုပညာရေး အဆင့်မမြင့်ပါက လူမှုဝန်ထမ်း လူ့ဘောင်နှင့် လူမှုဖူလုံရေး ခံစားခွင့်များကို တည်တံ့အောင် ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ တက္ကသိုလ်ဝင်တန်းကျောင်းသည် အခမဲ့ဖြစ်သည်။

ကျောင်းသားများသည် ပြဋ္ဌာန်းစာအုပ်များကို ကျောင်းမှ ငှားရမ်းနိုင်သည့်တိုင် စာအုပ်၊ စာရေးကိရိယာနှင့် တခြားလိုအပ်သည်များကိုမူ မိမိဖာသာ ဝယ်ရသည်။ နော်ဝေနိုင်ငံက ကျောင်းတွေမှာ ဘယ်လိုလိုင်းကို သင်ယူမလဲဆိုတာ အရေးကြီးပါသည်။ အထူးသဖြင့် ငယ်ရွယ်စဉ် အချိန်မှာ မိမိတို့ကြီးရင် ဘာလုပ်ချင်တယ်ဆိုတဲ့ အတွေးအပေါ် မိမိတို့ ပတ်ဝန်းကျင်က သက်ရောက်မှု ရှိတတ်သည်။ မိဘတွေ ဖြစ်စေချင်သော၊ ကိုယ့်အသိုင်းအဝိုင်းမှာ ဂုဏ်ရှိသော၊ ကိုယ့်သူငယ်ချင်း အများစု ရွေးချယ်ကြသော လိုင်းမျိုးကို ရွေးချယ်လေ့ရှိသည်။ မိမိကြီးပြင်းခဲ့သော အသိုင်းအဝိုင်းမှာ ဆရာဝန်၊ အင်ဂျင်နီယာဖြစ်မှ ဘဝတက်လမ်း ကောင်းမည်ဟု သတ်မှတ်ထားကြသည်။

တကယ်တော့  ကျောင်းသား ကျောင်းသူများမှာ ရွေးချယ်နိုင်ခွင့် ရှိဖို့ကလည်း အရေးကြီးသည်။ နော်ဝေနိုင်ငံမှာတော့ ဘယ်လိုင်းကို ရတယ်ဆိုတာ စာမေးပွဲရလဒ်ပေါ် မူတည်နေသော ပညာရေးစနစ် အောက်တွင် ကိုယ်ကြိုက်တာ ရွေးချယ်နိုင်ဖို့ ပထမအဆင့်က အောင်မှတ်ကောင်းဖို့ လိုအပ်သည်။ ဒါမှ မဟုတ်ရင်တော့ ရွေးချယ်ခွင့်တောင်မရဘဲ ရရာလိုင်းကိုသာ ယူကြရမည်။

နှစ်စဉ်နှစ်တိုင်း နော်ဝေ နိုင်ငံသားများ ကောလိပ်၊ တက္ကသိုလ်နှစ် ဝင်ခွင့် လျှောက်လွှာတင်သောအခါ သူတို့ GCE “O” Level ရမှတ်ကို သုံးကြရသည်။ ဆရာ၊ ဆရာမများက လျှောက်လွှာ လာတင်သော ကျောင်းသားများကို ဘယ်လိုင်းကို လျှောက်ရင် သင့်တော်မလဲ၊ ဘယ်လိုင်းက အောင်ပြီးရင် ဘယ်လို

အလုပ်မျိုးတွေရလဲ ဆိုတာ ရှင်းပြရသည်။ ရမှတ် အလွန်နည်းသော ကျောင်းသားများက သူတို့စိတ်ဝင်စားတာ၊ ဘယ်လိုအလုပ်မျိုး သူတို့နှင့် သင့်တော်နိုင်မယ် ဆိုတာတွေကို မစဉ်းစားနိုင်ကြ။ သူတို့ရထားသော အမှတ်စာရင်းကို ပြကာ ဒီလိုအမှတ်မျိုးတွေနဲ့ ဘယ်လိုင်းကို ရနိုင်မလဲဆိုသော မေးခွန်းကိုသာ မေးကြရှာသည်။ သူတို့အတွက်က ကောလိပ်၊ တက္ကသိုလ်နှစ်မှာ ဝင်ခွင့်ရပြီး၊ ဒီပလိုမာတစ်ခုရဖို့က အဓိက ဖြစ်နေသည်။ 

ပြည်ပနိုင်ငံမှ တချို့ ကျောင်းသား ကျောင်းသူများအတွက်လည်း ကောလိပ်၊ တက္ကသိုလ်နှစ်မှာ ကိုယ်က ပထမစိတ်ကြိုက်အဖြစ် ရွေးချယ် လျှောက်ထားသော လိုင်းမရဘဲ၊ တခြားလိုင်းကိုရလျှင်ယူလိုက်ကြတာ များသည်။ ကိုယ်ရရာလိုင်းကို တက်တာက အမှားတစ်ခုတော့ မဟုတ်ချေ။

အထူးသဖြင့် ကောလိပ်၊ တက္ကသိုလ်နှစ်တက်သော ဆယ်ကျော်သက်အရွယ်တွင် ကျောင်းသား ကျောင်းသူ အများစုအတွက် ကိုယ်တကယ် စိတ်ဝင်စားသော လိုင်းကို သေချာသိဖို့ ခဲယဉ်းပြီး ဝင်ခွင့်ရဖို့က အဓိက ဖြစ်နေသည်။ ကိုယ်ရတဲ့လိုင်းကို သင်ယူရင်း စိတ်ပါချင် ပါသွားမှာဟုလည်း တွေးတတ်ကြသည်။ ဒါမှမဟုတ် ချပေးသောလိုင်းကို သင်နေရင်းမှ ကိုယ်စိတ်မပါဘူးဆိုတာ သိလာတာလည်း ဖြစ်တတ်သည်။ ထိုအခါ သူတို့ တကယ်စိတ်ဝင်စားသော အလုပ်အကိုင်နှင့် လက်ရှိတက်နေသော လိုင်းတို့ ကွဲလွဲနေတာ ဘယ်လိုလုပ်ရမလဲဟု စဉ်းစားလာကြသည်။ ထိုသို့သော ကျောင်းသားမျိုးကို ဆရာ၊ ဆရာမများက အောက်ပါအတိုင်း အကြံပေးလေ့ရှိသည်။

ပထမအချက်ကတော့ ကိုယ်က ဘယ်လိုင်းကို စိတ်ဝင်စားတယ်ဆိုတာ သေချာဖို့၊ ကိုယ်စိတ်ဝင်စားသော လိုင်းမှာ သင်ကြားသည့် ဘာသာရပ်များအကြောင်း၊ အဲဒီလိုင်းက အောင်ပြီးသောအခါ လုပ်ရမည့် အလုပ်အကိုင်များ အကြောင်းကို လေ့လာရမည်။

သေချာပြီဆိုလျှင် ဒုတိယအနေနှင့် ကိုယ်က လိုင်းပြောင်းဖို့ အခြေအနေပေးလားဟု စဉ်းစားရမည်။ ဥပမာ – ကိုယ်က ကောလိပ်၊ တက္ကသိုလ်နှစ်မှာ ဒုတိယနှစ်အထိ ပြီးသွားပြီဆိုလျှင် နောက်ထပ် တစ်နှစ် တက်လိုက်တာနှင့် ဒီပလိုမာ ရမည်။ ကိုယ်ကြိုက်သောလိုင်းကို တက္ကသိုလ်မှာ အဲဒီ ဒီပလိုမာ လက်မှတ်ကို သုံးပြီး ဆက်တက်နိုင်မလား။ အဲဒီလို ဆက်တက်နိုင်မည်ဆိုရင် ကောလိပ်၊ တက္ကသိုလ်နှစ်ကို ပြီးအောင်တက်တာ ကောင်းသည်။ နောက်တစ်ချက်က ကိုယ်က ကျောင်းမြန်မြန်ပြီးအောင် တက်ပြီး မိဘကို ပြန်လုပ်ကျွေးရမှာမျိုး ရှိလား။ အဲဒီလို ငွေကြေးအရ စဉ်းစားရမှာရှိလျှင် ဒီပလိုမာကို ပြီးအောင်တက်ပြီး အလုပ် တစ်နှစ်၊ နှစ်နှစ်လောက် လုပ်ပြီးမှ ငွေစုပြီး ကိုယ်ဆက်တက်ချင်သော လိုင်းကို တက်နိုင်ဖို့ ကြိုးစားနိုင်သည်။ 

တကယ်တော့ ဒီပလိုမာ လက်မှတ်မျိုးက ဘဝမှာ နောက်တစ်ဆင့်ကို တက်ဖို့ ကြားခံပေးသော အဆင့်တစ်ဆင့် ဖြစ်နိုင်သည်။ နော်ဝေနိုင်ငံက ကျောင်းသား ကျောင်းသူ တချို့က အင်ဂျင်နီယာ ဒီပလိုမာ ရသော်လည်း အင်ဂျင်နီယာအလုပ်ကို မလုပ်သူတွေ ရှိသည်။ မိမိသူငယ်ချင်း ကျောင်းသူတစ်ယောက်ဆိုလျှင် ကောလိပ်၊ တက္ကသိုလ်နှစ်မှာ ကျောင်းတက်စဉ် ကာလတစ်လျှောက်လုံး သူသင်ယူရသော အင်ဂျင်နီယာ ဘာသာရပ်များကို လုံးဝ စိတ်မဝင်စားခဲ့ချေ။ စာမေးပွဲ အောင်ဖို့လောက်သာ သူက ကြိုးစားခဲ့သည်။ အင်ဂျင်နီယာ ဒီပလိုမာ ရပြီးသောအခါ ထိုဒီပလိုမာကို သုံးပြီး သူ စိတ်ဝင်စားသော စိတ်ပညာရပ်ဘာသာကို ဆက်လက် တက်ရောက်နိုင်ခဲ့သည်။

နော်ဝေနိုင်ငံက ကျောင်းသား ကျောင်းသူများ အနေနဲ့ ဘယ်လို အလုပ်အကိုင်ကို ရွေးချယ်မလဲဆိုတာ သူတို့ဘဝ၏ အရေးအကြီးဆုံး ဆုံးဖြတ်ချက်ပင် ဖြစ်ပါသည်။

ကိုယ်က ဘယ်လိုလိုင်းကို သင်ယူလဲဆိုတာ ဘယ်လို အလုပ်အကိုင်ကို ရွေးချယ်မှာလဲ ဆိုတာနှင့်လည်း သက်ဆိုင်သည်။ လူတိုင်းကတော့ ကိုယ်နှစ်သက်တာကို လုပ်ချင်ကြသည်။ သို့သော် လူတိုင်းအတွက် အကန့်အသတ်တွေ ရှိတတ်သည်။ ကိုယ့်ရွေးချယ်မှု၏ နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ ဆိုတာကို စဉ်းစားကြရသည်။

တက္ကသိုလ်ဝင်တန်းကျောင်း ပြီးသွားလျှင် ကျောင်းသားသည် တက္ကသိုလ် (သို့) ကောလိပ်တွင် အဆင့်မြင့်ပညာ ဆက်လက် သင်ယူ၍ရသည်။

တက္ကသိုလ်နှင့် ကောလိပ်အများစုမှာ အစိုးရပိုင်ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားများအတွက် သင်ကြားပို့ချမှုမှာ အခမဲ့ဖြစ်သည်။ ကုန်ကျစရိတ်ကို အစိုးရက ကျခံသည်။ သို့တိုင်အောင် ကျောင်းသားများက နှစ်ဝက်ကြေး (သို့) သင်တန်းကြေး အနည်းငယ် ပေးသွင်းရလေ့ရှိသည်။ ပုဂ္ဂလိက ကောလိပ်များလည်း တွေ့နိုင်ပါသည်။ ထိုကောလိပ်များတွင် ကျောင်းသားများက သင်တန်းအတွက်အတွက် ကျစရိတ်ကို ပေးသွင်းရသည်။

(ဆက်လက်ဖော်ပြမည်)

ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)