ICC, ICJ နဲ့ မြန်မာ (၂)

0
104
devices -->

Unicode Version

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဟာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးသော တရားစီရင်ရေး မဏ္ဍိုင်ဖြစ်ပါတယ်။ ICJ ဟာလည်း နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မှာပဲ အခြေစိုက်ပါတယ်။ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ အာဖရိကရှိ သေးငယ်တဲ့ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုဖို့ အမှုတင်သွင်းတဲ့အခါ ဘင်္ဂါလီ မွတ်စလင်အရေးဟာ နေရပ်ပြန်ရေး လိပ်ခဲတည်းလည်း ဖြစ်မှုကနေ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ ဒီဇင်ဘာလမှာ ကြားနာ လျှောက်လှဲရမယ့် ဒီတင်သွင်းမှုကို မြန်မာနိုင်ငံက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိ်ုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာက ရှေ့နေကြီးတွေ ပါဝင်တဲ့ အဖွဲ့ကို နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ ဦးဆောင် သွားရောက် ရင်ဆိုင်မယ်လို့ ဆိုလိုက်တဲ့အခါမှာတော့ အလှုပ်ခတ်ဆုံး သတင်း ဖြစ်နေပါတော့တယ်။

ကမ္ဘာ့တရားရုံးလို့လည်း ခေါ်တဲ့ ICJ ဟာ နိုင်ငံတွေရဲ့ တရားရေးဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းပေးဖို့နဲ့ ကုလသမဂ္ဂကို တရားရေးဆိုင်ရာ အကြံဉာဏ်တွေ ပေးဖို့ ဖြစ်ပါတယ်။ နိုင်ငံပေါင်းချုပ်အသင်းကြီးက ၁၉၂၀ မှာ ဖွဲ့စည်းပေးခဲ့တဲ့ နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ အမြဲတမ်း တရားရုံး (PCIJ) ကို ၁၉၂၂ ခုနှစ်မှာ ICJ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဟာ ICJ မှာ လက်မှတ်ရေးထိုးထားကြပြီး မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂမ်ဘီယာက အမှုတင်သွင်းတဲ့အခါမှာ မြန်မာနိုင်ငံက သွားရောက် လျှောက်လှဲဖို့ ပြင်ဆင်တာ ဖြစ်ပါတယ်။

ICJ မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရွေးချယ်ခန့်အပ်တဲ့ တရားသူကြီး ၁၅ ဦးရှိပြီး ရုံးသုံးဘာသာ စကားက အင်္ဂလိပ်နဲ့ ပြင်သစ် ဖြစ်ပါတယ်။ ICJ ရဲ့ လုပ်ထုံးလုပ်နည်းတွေမှာလည်း အထစ်အငေါ့တွေ ရှိပါတယ်။ အာတီကယ် ၉၄ အရ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ ICJ ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ တာဝန်ရှိပါတယ်။ မလိုက်နာဘူးဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ရမှာ ဖြစ်ပါတယ်။ လုံခြုံရေး ကောင်စီမှာလည်း အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနက် တစ်နိုင်ငံက ကန့်ကွက်ရင်လည်း ရှေ့ဆက် ဘာမှ လုပ်မရတဲ့ ဂျာအေး သူ့အမေရိုက် လုပ်ထုံးလုပ်နည်းတွေကလည်း ရှိနေပြန်ပါတယ်။

မြန်မာနိုင်ငံက ဘင်္ဂါလီ မွတ်စလင် အရေးမှာ ICC ကို ခပ်ပြတ်ပြတ်ပြောနိုင်တာ ICC အဖွဲ့ဝင် မဟုတ်လို့ ဖြစ်ပေမယ့် ICJ မှာတော့ လက်မှတ်ရေးထိုးထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့က သွားရောက် ဖြေရှင်းတာ ဖြစ်ပါတယ်။

ICJ မှာ အမှုရင်ဆိုင်မှာနဲ့ ပတ်သက်ပြီး “လိုအပ်တဲ့ အချက်အလက်တွေ စုစည်းပေးပို့နိုင်ဖို့ကိုလည်း စစ်ဥပဒေချုပ်ရုံးက ဆောင်ရွက်လျှက်ရှိပါတယ်၊ ပြီးရင်လည်း လိုအပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက MCN သတင်းဌာနကို ပြောပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက်ပြီး “ရခိုင်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေဟာ အဲဒီမှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်က စတင်ခဲ့တာ မဟုတ်ဘူး၊ အဲဒီမှာရှိတဲ့ တိုင်းရင်းသားတွေက စခဲ့တာမဟုတ်ဘူး၊ ARSA အကြမ်းဖက်အဖွဲ့က စတင်ခဲ့တာ ဖြစ်တယ်၊ နောက်ပိုင်းမှာတော့ နိုင်ငံတကာရဲ့ စွပ်စွဲမှုမှာ သူတို့ရဲ့ လုပ်ကိုင်ခဲ့တဲ့လုပ်ရပ်ဟာ ပျောက်ကွယ်ခဲ့ပြီး နောက်ပိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့တဲ့ဟာတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်မှုတွေကို သူတို့က အရေးပေး ပြောလာတာတွေရှိတယ်၊ ICJ မှာ ကျွန်တော်တို့ အနေနဲ့လည်း ကျွန်တော်တို့ နိုင်ငံမှာ တကယ်ဖြစ်ခဲ့တာကို နိုင်ငံတကာက သိအောင် ရှင်းပြနိုင်မယ့် အခွင့်အရေးရမယ်လို့ ကျွန်တော်ယူဆပါတယ်” လို့ ပြောပါတယ်။

အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ICJ တရားသူကြီးတွေရဲ့ ရှေ့မှောက်မှာ လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဂမ်ဘီယာက လျှောက်လှဲရမှာဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မြန်မာဘက်က လျှောက်လှဲရမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ နှစ်နိုင်ငံလုံးက ဆက်လက်လျှောက်လှဲရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ နိုင်ငံတကာ တရားစီရင်ရေးရဲ့ ဥပဒေအရ စစ်ဆေးတွေ့ရှိချက်မျိုးဟာ ပြဿနာ အကြပ်အတည်းကို ဖြေရှင်းပေးမှာ မဟုတ်ဘူးဆိုတာ နားလည်ထားဖို့ သိပ်အရေးကြီးတယ်လို့ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်ရှိ ဝါရှင်တန် အန် လီ တက္ကသိုလ်က ဥပဒေပါမောက္ခ မာ့ခ် ဒရမ်ဘယ်လ်က VOA သတင်းဌာနကို မှတ်ချက်ပေးထားပါတယ်။

အခု ICJ မှာ ဖြေရှင်းလျှောက်လှဲရမယ့် ကိစ္စဟာ ဥပဒေကြောင်းအရ ဖြစ်တဲ့အတွက် လျှော့မတွက်ကြဖို့ ဥပဒေပညာရှင်တွေက သတိပေးနေတာလည်း ရှိပါတယ်။ အခုကိစ္စဟာ နိုင်ငံရဲ့ ပုံရိပ်ကို ကာကွယ်ဖို့ ဖြစ်သလို ရခိုင်ပြည်နယ် အကြပ်အတည်းမှာ အဓိကနဲ့ သာမညကို ကွဲပြားအောင် အသံထွက်နိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ နေရပ်ပြန်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုထက် မြန်မာနိုင်ငံကို ဖိအားပေးရေး နိုင်ငံတကာကို လှည့်လည် တောင်းဆိုနေတာလည်း ပြဿနာ တစ်ခုဖြစ်တယ်ဆိုတာ မြန်မာဘက်ကလည်း ထောက်ပြမှုတွေ ရှိနေပါတယ်။ မြန်မာက အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) ရော အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာပါ တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရတဲ့ အနေအထား ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ ဥပဒေပါမောက္ခ မာ့ခ် ဒရမ်ဘယ်လ်က ပြောသလို ဒီလို အမှုတင်သွင်း တရားစွဲဆိုမှုတွေဟာ ပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး ဆိုပေမယ့် နိုင်ငံတကာ ဖိအားနဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကတော့ မြန်မာနိုင်ငံရဲ့ ရုန်းထနေဆဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ မောင်းတင်နေရဆဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ထိုးနှက်မှုတွေတော့ ဖြစ်လာနိုင်စရာ ရှိနေပါတယ်။

သင်ကာဘုန်းမြင့်

(ပထမပိုငျး ဖတျရှုရနျ)

ICC, ICJ နဲ့ မြန်မာ (၂)

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဟာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးသော တရားစီရင်ရေး မဏ္ဍိုင်ဖြစ်ပါတယ်။ ICJ ဟာလည်း နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မှာပဲ အခြေစိုက်ပါတယ်။ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ အာဖရိကရှိ သေးငယ်တဲ့ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုဖို့ အမှုတင်သွင်းတဲ့အခါ ဘင်္ဂါလီ မွတ်စလင်အရေးဟာ နေရပ်ပြန်ရေး လိပ်ခဲတည်းလည်း ဖြစ်မှုကနေ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ ဒီဇင်ဘာလမှာ ကြားနာ လျှောက်လှဲရမယ့် ဒီတင်သွင်းမှုကို မြန်မာနိုင်ငံက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာက ရှေ့နေကြီးတွေ ပါဝင်တဲ့ အဖွဲ့ကို နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ ဦးဆောင် သွားရောက် ရင်ဆိုင်မယ်လို့ ဆိုလိုက်တဲ့အခါမှာတော့ အလှုပ်ခတ်ဆုံး သတင်း ဖြစ်နေပါတော့တယ်။

ကမ္ဘာ့တရားရုံးလို့လည်း ခေါ်တဲ့ ICJ ဟာ နိုင်ငံတွေရဲ့ တရားရေးဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းပေးဖို့နဲ့ ကုလသမဂ္ဂကို တရားရေးဆိုင်ရာ အကြံဉာဏ်တွေ ပေးဖို့ ဖြစ်ပါတယ်။ နိုင်ငံပေါင်းချုပ်အသင်းကြီးက ၁၉၂၀ မှာ ဖွဲ့စည်းပေးခဲ့တဲ့ နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ အမြဲတမ်း တရားရုံး (PCIJ) ကို ၁၉၂၂ ခုနှစ်မှာ ICJ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဟာ ICJ မှာ လက်မှတ်ရေးထိုးထားကြပြီး မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂမ်ဘီယာက အမှုတင်သွင်းတဲ့အခါမှာ မြန်မာနိုင်ငံက သွားရောက် လျှောက်လှဲဖို့ ပြင်ဆင်တာ ဖြစ်ပါတယ်။

ICJ မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရွေးချယ်ခန့်အပ်တဲ့ တရားသူကြီး ၁၅ ဦးရှိပြီး ရုံးသုံးဘာသာ စကားက အင်္ဂလိပ်နဲ့ ပြင်သစ် ဖြစ်ပါတယ်။ ICJ ရဲ့ လုပ်ထုံးလုပ်နည်းတွေမှာလည်း အထစ်အငေါ့တွေ ရှိပါတယ်။ အာတီကယ် ၉၄ အရ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ ICJ ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ တာဝန်ရှိပါတယ်။ မလိုက်နာဘူးဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ရမှာ ဖြစ်ပါတယ်။ လုံခြုံရေး ကောင်စီမှာလည်း အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနက် တစ်နိုင်ငံက ကန့်ကွက်ရင်လည်း ရှေ့ဆက် ဘာမှ လုပ်မရတဲ့ ဂျာအေး သူ့အမေရိုက် လုပ်ထုံးလုပ်နည်းတွေကလည်း ရှိနေပြန်ပါတယ်။

မြန်မာနိုင်ငံက ဘင်္ဂါလီ မွတ်စလင် အရေးမှာ ICC ကို ခပ်ပြတ်ပြတ်ပြောနိုင်တာ ICC အဖွဲ့ဝင် မဟုတ်လို့ ဖြစ်ပေမယ့် ICJ မှာတော့ လက်မှတ်ရေးထိုးထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့က သွားရောက် ဖြေရှင်းတာ ဖြစ်ပါတယ်။ 

ICJ မှာ အမှုရင်ဆိုင်မှာနဲ့ ပတ်သက်ပြီး “လိုအပ်တဲ့ အချက်အလက်တွေ စုစည်းပေးပို့နိုင်ဖို့ကိုလည်း စစ်ဥပဒေချုပ်ရုံးက ဆောင်ရွက်လျှက်ရှိပါတယ်၊ ပြီးရင်လည်း လိုအပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက MCN သတင်းဌာနကို ပြောပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက်ပြီး “ရခိုင်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေဟာ အဲဒီမှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်က စတင်ခဲ့တာ မဟုတ်ဘူး၊ အဲဒီမှာရှိတဲ့ တိုင်းရင်းသားတွေက စခဲ့တာမဟုတ်ဘူး၊ ARSA အကြမ်းဖက်အဖွဲ့က စတင်ခဲ့တာ ဖြစ်တယ်၊ နောက်ပိုင်းမှာတော့ နိုင်ငံတကာရဲ့ စွပ်စွဲမှုမှာ သူတို့ရဲ့ လုပ်ကိုင်ခဲ့တဲ့လုပ်ရပ်ဟာ ပျောက်ကွယ်ခဲ့ပြီး နောက်ပိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့တဲ့ဟာတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်မှုတွေကို သူတို့က အရေးပေး ပြောလာတာတွေရှိတယ်၊ ICJ မှာ ကျွန်တော်တို့ အနေနဲ့လည်း ကျွန်တော်တို့ နိုင်ငံမှာ တကယ်ဖြစ်ခဲ့တာကို နိုင်ငံတကာက သိအောင် ရှင်းပြနိုင်မယ့် အခွင့်အရေးရမယ်လို့ ကျွန်တော်ယူဆပါတယ်” လို့ ပြောပါတယ်။

အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ICJ တရားသူကြီးတွေရဲ့ ရှေ့မှောက်မှာ လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဂမ်ဘီယာက လျှောက်လှဲရမှာဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မြန်မာဘက်က လျှောက်လှဲရမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ နှစ်နိုင်ငံလုံးက ဆက်လက်လျှောက်လှဲရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ နိုင်ငံတကာ တရားစီရင်ရေးရဲ့ ဥပဒေအရ စစ်ဆေးတွေ့ရှိချက်မျိုးဟာ ပြဿနာ အကြပ်အတည်းကို ဖြေရှင်းပေးမှာ မဟုတ်ဘူးဆိုတာ နားလည်ထားဖို့ သိပ်အရေးကြီးတယ်လို့ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်ရှိ ဝါရှင်တန် အန် လီ တက္ကသိုလ်က ဥပဒေပါမောက္ခ မာ့ခ် ဒရမ်ဘယ်လ်က VOA သတင်းဌာနကို မှတ်ချက်ပေးထားပါတယ်။

အခု ICJ မှာ ဖြေရှင်းလျှောက်လှဲရမယ့် ကိစ္စဟာ ဥပဒေကြောင်းအရ ဖြစ်တဲ့အတွက် လျှော့မတွက်ကြဖို့ ဥပဒေပညာရှင်တွေက သတိပေးနေတာလည်း ရှိပါတယ်။ အခုကိစ္စဟာ နိုင်ငံရဲ့ ပုံရိပ်ကို ကာကွယ်ဖို့ ဖြစ်သလို ရခိုင်ပြည်နယ် အကြပ်အတည်းမှာ အဓိကနဲ့ သာမညကို ကွဲပြားအောင် အသံထွက်နိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ နေရပ်ပြန်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုထက် မြန်မာနိုင်ငံကို ဖိအားပေးရေး နိုင်ငံတကာကို လှည့်လည် တောင်းဆိုနေတာလည်း ပြဿနာ တစ်ခုဖြစ်တယ်ဆိုတာ မြန်မာဘက်ကလည်း ထောက်ပြမှုတွေ ရှိနေပါတယ်။ မြန်မာက အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) ရော အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာပါ တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရတဲ့ အနေအထား ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ ဥပဒေပါမောက္ခ မာ့ခ် ဒရမ်ဘယ်လ်က ပြောသလို ဒီလို အမှုတင်သွင်း တရားစွဲဆိုမှုတွေဟာ ပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး ဆိုပေမယ့် နိုင်ငံတကာ ဖိအားနဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကတော့ မြန်မာနိုင်ငံရဲ့ ရုန်းထနေဆဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ မောင်းတင်နေရဆဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ထိုးနှက်မှုတွေတော့ ဖြစ်လာနိုင်စရာ ရှိနေပါတယ်။

 
သင်ကာဘုန်းမြင့်
(ပထမပိုင်း ဖတ်ရှုရန်)